Home သတင်း ‌ဒေသခံ ‌ကျောင်းအုပ်ဆရာတစ်ဦးကို KNUမှ အဓမ္မဖမ်းဆီးခဲ့‌ကြောင်း တပ်မ‌တော်ထုတ်ပြန်၊ အဓမ္မဖမ်း ဆီးခြင်းမရှိဟု KNU ‌ပြော

‌ဒေသခံ ‌ကျောင်းအုပ်ဆရာတစ်ဦးကို KNUမှ အဓမ္မဖမ်းဆီးခဲ့‌ကြောင်း တပ်မ‌တော်ထုတ်ပြန်၊ အဓမ္မဖမ်း ဆီးခြင်းမရှိဟု KNU ‌ပြော

3751

‌အောက်တိုဘာ ၂၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ မ‌ထော‌ကျေးရွာအုပ်စု၊ မ‌ထော‌ကျေးရွာရှိ အ‌ခြေခံပညာမူလတန်း‌ကျောင်းအုပ် ဆရာဖြစ်သူ ဦးမြင့်‌ဇော်ကို KNU ဘက်မှ အဓမ္မဖမ်းဆီး‌ခေါ်‌ဆောင်သွားခဲ့သည်ဟု ယ‌နေ့ (‌အောက်တိုဘာလ ၂၆ရက်)တွင် တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

‌ကျောင်းအုပ်ဆရာ ဦးမြင့်‌ဇော်ကို KNUမှ ဖမ်းဆီးပြီး ၎င်း၏ သားဖြစ်သူကို KNU တွင် စစ်သားပြုလုပ်ရန် ထိ‌ကော်ထ ‌ကျေးရွာ၌ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၁ရက်‌နေ့က လဲလှယ်‌ရေး ပြုလုပ်‌နေ‌ကြောင်း၊ ပညာ‌ရေးဆုံးရှုံးမည်ကို မလိုလားသည့် ‌ဒေသခံ ရွာသားများမှ နီးစပ်ရာ တပ်စခန်းများမှတဆင့် တိုင်ကြားခဲ့ သည်ဟု တပ်မ‌တော်၏ သတင်းထုတ်ပြန်မှု၌ ‌ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ကိစ္စအ‌ပေါ် သက်ဆိုင်ရာ တိုင်းစစ်ဌာနာချုပ်က KNU ဗဟို နှင့် အမျိုးသား ပြန်လည်သင့် မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုဌာန (NRPC) သို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) အခန်း(၃)၊ အပိုဒ် (၆)၊ စာပိုဒ်ခွဲ(၉)(ခ) ကို ‌ဖောက်ဖျက်မှုအတွက် အဖမ်းဆီးခံထားရသည့် ‌ကျောင်းအုပ် အား အမြန်ဆုံးပြန်လွှတ်‌ပေး‌ရေး ကန့်ကွက်အ‌ကြောင်းကြားထား‌ကြောင်းလည်း ဆက်လက်‌ဖော်ပြ ထားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ၎င်း‌ကျောင်းအုပ်ဆရာကို အဓမ္မဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းမျိုးမဟုတ်ဘဲ ၎င်း၏ စိတ် ဆန္ဒအရ သားဖြစ်သူ ကိုယ်စားသွား‌ရောက်‌ပေးရန် KNU ‌အောက်‌ခြေတာဝန်ရှိသူများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ ခြင်းသာဖြစ်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU မူ‌တြော်ခရိုင်(တပ်မဟာ ၅)ဘက်က တုံ့ပြန်‌ပြော ဆို သည်။

မူ‌တြော်ခရိုင် ဥက္ကဋ္ဌ ပဒို ‌စောထဲဒယ်က “အမှန်က အဓမ္မဖမ်းတာမဟုတ်ပါဘူး။ တခြားရွာ‌တွေလိုပဲ ကျ‌နော် တို့ရဲ့ ဖြည့်တင်းအင်အား လိုအပ်ချက်မှာ အဲ့ဒီ ဆရာရဲ့သားလည်း ပါဝင်ရမယ်လို့ ‌ကျေးရွာအုပ်စုက ရှုမြင်တဲ့ အ‌ပေါ်မှာ သူ့ရဲ့သားကိုယ်စား ဒီ‌ကျောင်းပိတ်ရက်ကာလမှာ သွားလုပ်မယ်ဆိုပြီး တာဝန်ရှိသူ‌တွေနဲ့ လာ‌ဆွေး ‌နွေးတယ်။ အဲ့မှာ ရွာဥက္ကဋ္ဌ‌ကော သူ့မိန်းမလည်းပါတယ်။ ‌ဆွေး‌နွေးတဲ့အခါ သူ့သားမ‌ရောက် နိုင်‌သေးတဲ့ အချိန်မှာ သူခဏလာ‌နေ‌ပေးမယ်။ အခုက ရပ်မိရပ်ဖက‌နေ မဲရုံကိစ္စအတွက် ပြန်လာကူဖို့ ‌ပြောလာ‌တော့ တပ်ရင်းက‌နေ ပြန်ခိုင်းလိုက်တယ်။ ဒီကိစ္စ‌တွေပြီးလို့ သူကိုယ်တိုင်မဟုတ်ရင် သူ့သားတစ်‌ယောက်‌ယောက် ပြန်တက်လာရမယ်လို့ ‌ပြော‌တော့ ဒါကိုသူက သ‌ဘောတူတဲ့အတွက် ရွာကိုပြန်သွားခိုင်းတာမျိုးပါပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားသည့် မ‌ထော‌ကျေးရွာသည် KNU တပ်မဟာ (၅) ထိန်းချုပ် နယ်‌မြေ၊ ဒွယ်လိုးမြို့နယ် အတွင်းတွင်တည်ရှိ‌နေခြင်းဖြစ်ပြီး KNU တပ်ပိုင်းဆိုင်ရာအုပ်ချုပ်‌ရေး လုပ်ငန်းစဉ်အရ ၎င်းတို့ထိန်းချုပ်နယ် ‌မြေအတွင်း၏ မြို့နယ်၊ ‌ကျေးရွာအသီးသီးရှိ‌သော အိမ်‌ထောင်စု တစ်ခုစီတိုင်းရှိ အမျိုးသားတိုင်း စစ်မှုမ ထမ်းမ‌နေရ မူဝါဒရှိ‌ကြောင်း KNUဘက်က ဆိုသည်။

အဆိုပါ တပ်မ‌တော်၏တိုင်ကြားကန့်ကွက်စာ နှင့်ပတ်သက်ပြီး ယခုအချိန်ထိ သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာ သို့ တရားဝင် ‌ရောက်ရှိလာခြင်းမရှိ‌သေးသည့်အ‌ပေါ် တစ်စုံတရာပြန်လည်ရှင်းလင်းရန် မရှိ‌သေး‌ကြောင်းနှင့် တရား ဝင်ကန့်ကွက်စာ ‌ရောက်ရှိလာပါ တရားဝင် ပြန်လင်းရှင်းလင်းတုံ့ပြန်သွားမည်ဖြစ်‌ကြောင်းလည်း ပဒို ‌စောထဲဒယ် က ဆက်‌ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး KNU ဗဟိုမှ တွဲဖက်အတွင်း‌ရေးမှူး -၂ ပဒို‌စောလှထွန်းကလည်း “ ကျ‌နော်တို့ ဆီ ကန့်ကွက်စာ မ‌ရောက်‌သေးဘူး။ တကယ်လို့ ကန့်ကွက်စာ‌ရောက်လာရင် ခရိုင် တပ်မဟာရဲ့ ‌ဆောင်ရွက်မှု ဟုတ်မဟုတ်‌ပေါ့။ ‌နောက်တစ်ခုက ‌ဆောင်ရွက်ရင်လည်း ကိုယ့် KNUရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ‌ဆောင်ရွက် ခြင်းမျိုး ဟုတ်၊ မဟုတ်အ‌ပေါ် ပြန်စိစစ်ခိုင်းမယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA သ‌ဘောတူစာချုပ်ပါ အခန်း(၃) အပိုဒ် (၆)အရ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ၏ လူသစ်စု ‌ဆောင်းခြင်းကိစ္စကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် အ‌ကောင်အထည်‌ဖော်မှုနှင့် လုံခြုံ‌ရေး ဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေး လုပ်ငန်းစဉ်များနှင့်အညီ ‌ဆွေး‌နွေးညှိနှိုင်း အ‌ကောင်ထည် ‌ဖော်‌ဆောင်ရွက်သွားရန် ပါရှိသည်။

ထို့အပြင် အပိုဒ်(၉)(ခ)အရလည်း ပြည်သူ လူထုအား တစ်ဦးတစ်‌ယောက်၏ ဂုဏ်သိက္ခာကို ထိပါး‌စေသည့် လုပ်ရပ်၊ အကြမ်းဖက်ခြင်း ၊ ဥပ‌ဒေမဲ့ ဖမ်းဆီးချုပ်‌နှောင်ခြင်း၊ ပြန်‌ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသား မဆန်စွာပြုမူခြင်း ၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်းနှင့် ‌ဖျောက်ဖျက်ခြင်းမပြုလုပ်ရဟု ‌ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် ‌မေလ ၁၉ရက်‌နေ့တွင်လည်း KNU/KNLA တပ်မဟာ (၅)အဖွဲ့၏ ‌ဒေသတွင်း လူသစ်စု ‌ဆောင်းမှုများ ပြုလုပ်ခြင်း‌ကြောင်း ‌ဒေသခံ‌ကျေးရွာသား ၁ဝဝ‌ကျော် ၎င်းတို့ နီးစပ်ရာ ‌ဆွေမျိုး‌နေအိမ်များသို့ ထွက်‌ပြေးတိမ်း‌ရှောင်ရ‌ကြောင်း တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ထိုသို့ တပ်မ‌တော်၏ ထုတ်ပြန်‌ပြောဆိုသကဲ့သို့ တပ်သားသစ် စု‌ဆောင်းခြင်းမဟုတ်ဘဲ တပ်သား‌ဟောင်းများကို ပြန်လည်စုစည်းရာတွင် နားလည်မှုလွဲမှားခြင်း‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် KNU တပ်မဟာ (၅)ဘက်က ပြန်လည် တုံ့ပြန်ခဲ့သည်။

KNU နှင့် အစိုးရ ၊ တပ်မ‌တော်တို့အကြား NCA အပစ်ရပ်လက်မှတ်ထိုးခြင်း (၅)နှစ်ပြည့်သွားခဲ့‌သော်လည်း ယ‌နေ့ အချိန်ထိ လုံခြုံ‌ရေးနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ နယ်‌မြေပိုင်းခြားသတ်မှတ်ခြင်းဆိုင်ရာကိစ္စရပ်များ မ‌ဆွေး‌နွေးနိုင်‌သေး‌သော‌ကြောင့် KNU နှင့်တပ်မ‌တော်အကြား အလားတူ ကိစ္စရပ်များ အကြိမ်ကြိမ် ဖြစ်ပွား လျက်ရှိပြီး အပြန်အလှန်ကန့်ကွက်တိုင်ကြာမှုများလည်း မကြာခဏ ပြုလုပ်ကြသည်။