Home ရွေးကောက်ပွဲသတင်း ပန်းတ‌နော်တွင် ကိုယ်စားလှယ်‌လောင်း ပဒိုမန်းငြိမ်း‌မောင် မဲဆွယ်တီရှပ်များ အ‌ရောင်းသွက်

ပန်းတ‌နော်တွင် ကိုယ်စားလှယ်‌လောင်း ပဒိုမန်းငြိမ်း‌မောင် မဲဆွယ်တီရှပ်များ အ‌ရောင်းသွက်

3061
Photo: KPP
‌အောက်တိုဘာ ၁၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်၊ ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု၊ ပြည်သူ့လွှတ်‌တော် ကိုယ်စား လှယ်‌လောင်း ပဒိုမန်းငြိမ်း‌မောင်၏ မဲဆွယ်တီရှပ်များ အ‌ရောင်းသွက်‌နေ‌ကြောင်း ပန်းတ‌နော်မြို့နယ်၊ မရမ်းရွာရှိ တိမ်ကမာ္ဘ ‌ဆေးဆိုးပန်းရိုက်လုပ်ငန်းမှ စအိုင်ထီးခန့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ အစက မန်းငြိမ်းရဲ့ မဲဆွယ်တီရှပ်‌တွေကို သူတို့ ပါတီက ‌ပေးတယ်။ ‌နောက်မ‌ပေးနိုင်‌တော့ ဘူးထင်တယ်။ ရွာ‌တွေက ကျ‌နော့်ဆီလာပြီး ‌ဆေးရိုက်တယ်။ အထည်အနည်းအများ‌ပေါ်မူတည်ပြီး တစ်ထည်တစ်‌ထောင် ဝန်းကျင်‌လောက် ‌ဆေးရိုက်ခယူပါတယ်”ဟု ‌အောက်တိုဘာ ၁၂ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပန်းတ‌နော် ကရင်ပြည်သူ့ပါတီပုံပါ နှာ‌ခေါင်းစည်း (mask) များလည်း ယခုရက်ပိုင်းအတွင်း အခုရာချီ ရိုက်နှိပ်‌ရောင်း‌နေရ‌ကြောင်း ၎င်းက ဖြည့်စွက်‌ပြောသည်။

ပန်းတ‌နော်မြို့နယ်တွင် ကရင်ပြည်သူ့ပါတီက ပြည်သူ့လွှတ်‌တော်‌နေရာတွင် ပဒိုမန်းငြိမ်း‌မောင်၊ တိုင်း‌ဒေသကြီး အမှတ်-၂ ၌ စရဲသူရိန်ဟန်တို့ အသီးသီးဝင်ပြိုင်သွားမည် ဖြစ်သည်။

“တီရှပ်‌တွေက ပထမ တစ်‌ခေါက်က ၇၀ဝ ရိုက်တယ်၊ ‌နောက်ထပ် ၂၀ဝ ရိုက်တယ်။ ‌ပေးဖို့‌တော့ မရှိ‌တော့ဘူး။ ရွာ‌တွေက မ‌ပေးရင်လည်း သူတို့ဘာသာသူတို့ ဝယ်မယ်ဆို‌တော့ ဒီလိုပဲဆိုင်ကို သွားဖို့ ‌မေတ္တာရပ်ခံ ‌ပြောရတယ်”ဟု တိုင်း‌ဒေသကြီးအမှတ် -၂ ကိုယ်စားလှယ်‌လောင်း စရဲသူရိန်ဟန်က ‌ပြောသည်။

Photo: KPP

ထို့အပြင် ပန်းတ‌နော် KPP အ‌နေဖြင့် စည်းရုံး‌ရေးဆင်းရန် အစီအစဉ်ဆွဲထား‌သော်လည်း ဖိတ်ကြားသည့် ရွာများရှိသည့်အတွက် သွား‌ရောက်‌တွေ့ဆုံ ‌ဟော‌ပြော‌နေရသလို ‌ဟော‌ပြောရာတွင်လည်း ကိုဗစ် ကာကွယ်‌ရေး စည်းကမ်း ချက်များနှင့်အညီ လူ ၅ဝ ဦး မ‌ကျော်‌ရေး ဝန်းရံသူများကို ‌မေတ္တာရပ်ခံ ရသည့်အ‌ခြေအမျိုးရှိသည်ဟု ပန်းတ‌နော် KPP ထံမှ သိရသည်။

“ရွာ‌တွေက သူတို့အစီစဉ်နဲ့သူတို့ လှည့်လည်ချင်တယ်။ ကျ‌နော်တို့က ဘာမှ မကူ‌ပေးနိုင်ဘူး။ ကိုဗစ် စည်းကမ်း နဲ့အညီ ခပ်ခွာခွာသွားဖို့ ‌ရေလမ်းသွားရင် ကုန်း‌ပေါ်မတက်ဖို့ ကုန်းလမ်းကသွားရင် ‌ရေလမ်းကို မဆင်းဖို့ မှာထား တယ်၊ အဖူးမန်းငြိမ်းက စည်းကမ်းရှိဖို့ အမြဲမှာထားတယ်”ဟု စရဲသူရိန်ဟန် ဆက်‌ပြောသည်။

ပဒိုမန်းငြိမ်း‌မောင်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဗဟို ‌ကော်မတီဝင်အဖြစ်မှ နုတ်ထွက်ကာ ကရင်ပြည်သူ့ ပါတီကိုယ်စားပြု ‌ရွေး‌ကောက်ပွဲဝင်ပြိုင်သွားမည်ဖြစ်သည်။

ပန်းတ‌နော်မြို့နယ်တွင် စုစု‌ပေါင်းလူဦး‌ရေ ၂၇၅,၆၇၅ ဦးရှိပြီး ယင်းတို့ ထဲတွင် ကရင်လူမျိုး ၅၁ ရာခိုင်နှုန်း ‌နေ ထိုင် ကာ မဲဆန္ဒရှင် စုစု‌ပေါင်း ၁၇၅,၃၆၅ ဦးရှိ‌ကြောင်း ၂၀၁၉ ခုနှစ်တွင် ပြုစုထုတ်ပြန်ထားသည့် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာန၏ စာရင်းများအရ သိရသည်။