Home သတင်း တပ်မ‌တော်သား နှစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ်၏ သက်‌သေထွက်ဆိုချက်အ‌ပေါ် KNLA ငြင်းဆို

တပ်မ‌တော်သား နှစ်ဦး ပစ်သတ်ခံရမှုဖြစ်စဉ်၏ သက်‌သေထွက်ဆိုချက်အ‌ပေါ် KNLA ငြင်းဆို

5300
(Photo_တပ်မ‌တော် သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့)
‌အောက်တိုဘာ ၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

မြဝတီ-‌ကော့ကရိတ် လမ်း‌ဟောင်းတွင် ဩဂုတ်လက ဖြစ်ပွားခဲ့သည့် တပ်မ‌တော်သား နှစ်ဦး ပစ်သတ်ခံရမှု ဖြစ်စဉ်တွင် ပါ ဝင်ခဲ့သူ ၂ ဦး ဖမ်းဆီးခံရပြီး‌နောက် ‌ဖြောင့်ချက်‌ပေးရာ၌ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ရင်း (၁၀၁)မှ တာဝန်ရှိသူတစ်ဦးက ‌စေခိုင်းခဲ့ခြင်းဖြစ်‌ကြောင်း ထွက်ဆိုချက်အ‌ပေါ် တပ်ရင်း (၁၀၁)ဘက်က ယ‌နေ့( ‌အောက်တိုဘာ ၅ရက်) ငြင်းဆိုလိုက်သည်။

အဆိုပါ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးကို ခိုင်း‌စေခဲ့သူ (၁၀၁) တပ်ရင်း၊ တပ်ခွဲ (၃)မှ တပ်စုမှူးဆိုသူမှာ ၎င်းတို့ တပ်ရင်းတွင် မရှိ‌ကြောင်းနှင့် ထို‌ဖြောင့်ချက်‌ပေးသူ နှစ်ဦးမှာလည်း ၎င်းတို့ တပ်ရင်း၌ တာဝန်ထမ်း‌ဆောင်ခဲ့ဖူးခြင်းမရှိ‌ကြောင်း (၁၀၁) တပ်ရင်းရုံးမှ ‌ပြော‌ရေးဆိုခွင့်ရှိသူ တပ်မှူးတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အဲ့နှစ်‌ယောက်က ကျ‌နော်တို့ လူမဟုတ်ဘူးဗျ။ စစ်တပ်ဘက်က သတင်းထုတ်လိုက်တဲ့ ရုပ်သံဖိုင်ထဲကလို သူတို့‌ပြောတဲ့ တပ်ရင်းရဲ့တပ်ခွဲ(၃) တပ်စုမှူးရဲ့ နာမည်နဲ့လူ ကျ‌နော်တို့တပ်ရင်းမှာ တခါမှ မရှိဘူး။ ‌နောက်ပြီး အဲ့ထဲက တစ်‌ယောက် ‌ပြော တဲ့ ကျ‌နော်တို့ တပ်ရင်းမှာ ၉ နှစ် ‌နေဖူးတယ်ဆိုတာလည်း မဟုတ်ဘူး။ တပ်သားဆိုတာက စစ်သင်တန်းတက်ပြီးလို့ တာဝန်ထမ်း‌ဆောင်ပြီးဆိုရင် ကိုယ်ပိုင်နံပါတ်‌တွေ ‌ပေးတာပဲ။ အခုက ကိုယ်ပိုင်နံပါတ် လည်းမရှိဘူး။” ဟု ၎င်းတာဝန်ရှိသူက ‌ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူ နှစ်ဦးကို ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF)နှင့် တပ်မ‌တော်တို့မှ ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်‌နေ့က ဖမ်းဆီးရမိခဲ့‌ကြောင်း‌ပြောဆိုခဲ့ပြီး‌နောက် ‌အောက်တိုဘာ ၃ ရက်‌နေ့တွင် အဆိုပါ ဖမ်းခံရသူ နှစ်ဦး၏ ‌ဖြောင့်ချက်‌ပေးသည့် ရုပ်သံဖိုင်ကို တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာ၌ သတင်းထုတ်ပြန်ခဲ့သည်။

ရုပ်သံဖိုင်အရ ဖမ်းဆီးခံရသူ နှစ်ဦးမှာ အသက် (၂၂)နှစ်အရွယ် ‌စော‌ကျော်ဝါး‌ဖောဆိုသူ နှင့် အသက် (၁၆)နှစ်အရွယ် ‌စောဝိဖ‌လော‌ထောတို့ နှစ်ဦးဖြစ်ပြီး ရိုးရွာတွင် ‌နေထိုင်ကြသူများဖြစ်‌ကြောင်း၊ ၎င်းပစ်ခတ်မှုကို ကျူးလွန်ခဲ့‌ကြောင်း နှင့် KNLA တပ်မဟာ (၇) လက်‌အောက်ခံ တပ်ရင်း (၁၀၁) တပ်ခွဲ(၃)မှ တပ်စုမှူး အဆင့်ရှိ သူ ‌စော‌ကော်လူး ဆိုသူမှခိုင်‌စေခဲ့ ခြင်းဖြစ်‌ကြောင်း ထွက်ဆိုခဲ့သည်။

ထို့အပြင် ယင်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူမှာ ၃ဦး ဖြစ်ပြီး KNLA တပ်ဖွဲ့ဝင် ‌စောနံပြားဆိုသူမှာ ထွက်‌ပြေး လွတ်‌မြောက်‌နေ ဆဲဖြစ်ကာ ၎င်းဖြစ်စဉ်၏ထွက်ဆိုချက်များကို ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့် ‌ရေး ‌ကော်မတီ(JMC)မှတဆင့် KNLA သို့ ‌ပေးပို့သွားမည်ဖြစ်‌ကြောင်း၊ ဖမ်းဆီးရမိသူများကို ဥပ‌ဒေအရ အ‌ရေးယူ‌ဆောင် ရွက်နိုင်ရန်နှင့် ဆက်စပ်ပါဝင်သူများကို ဆက်လက် ဖမ်းဆီးရမိ‌ရေး ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း တပ်မ‌တော် သတင်း မှန် ပြန်ကြား‌ရေးအဖွဲ့က ဆိုထားသည်။

အဆိုပါ ရုပ်သံဖိုင်အရ ထွက်ဆိုသူနှစ်ဦး၏ ‌ပြောဆိုမှု စကားလုံးများ၊ အမူအရာများ နှင့် ရုပ်သံအား တည်းဖြတ် လုပ်‌ဆောင် ထားမှုအရ ဖိအား‌ပေး ထွက်ဆိုခိုင်းခြင်းမျိုးပုံစံဖြစ်‌နေ‌ကြောင်းနှင့် KNLA ဘက်မှ တမင်လုပ်‌ဆောင်သည့် ပုံစံ‌ပေါက်‌အောင် ဖန်တီးထွက်ဆိုခိုင်းခြင်းမျိုးသာ ဖြစ်‌ကြောင်း (၁၀၁) တပ်ရင်းဘက်က ဆိုသည်။

“ ဒီက‌လေး‌တွေက အရင်က ဒီ အာရှလမ်းသစ်မှာ ဗိုလ်‌ကျော်သက်( ခွဲထွက် DKBA တပ်ဖွဲ့)ရှိတုန်းက သူရဲ့ လူ‌တွေပဲ။ ဗိုလ် ‌ကျော်သက်နဲ့ တခါ‌နေဖူးပြီး သူတို့ကြားမှာ ပဋိပက္ခဖြစ်ပြီး ဗိုလ်‌ကျော်သက်က ‌မြောက်ပိုင်း ဘက်ကို ‌ပြေးသွား‌တော့ ဗိုလ်နား မကြား(ခွဲထွက် DKBA)တစ်ဖွဲ့ကျန်တယ်။ ဗိုလ်နားမကြားရဲ့ လူ‌တွေ ပြန်ဖြစ် တယ်။ ဗိုလ်နားမကြား‌သေ‌တော့ သူတို့က ရွာထဲမှာ ကိုယ်‌ဖျောက်‌နေပြီး‌တော့မှ အခုမှ ပြန်‌ပေါ်လာတာ” ဟု တပ်ရင်း (၁၀၁)၏ တပ်မှူးက ဆက်‌ပြောသည်။

ထိုကိစ္စရပ်အ‌ပေါ် KNLA ဗဟိုဌာနချုပ်ဘက်မှ တစ်စုံတစ်ရာ တရားဝင် ပြန်လည်တုံ့ပြန်‌ပြောဆိုခြင်းမျိုး မရှိ ‌သေး‌သော် လည်းဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ၎င်းကိစ္စရပ်အ‌ပေါ် ပြန်လည်ကန့်ကွက်သွားမည်ဖြစ်‌ကြောင်း ‌အောက်တိုဘာလ ၁ ရက်‌နေ့က ‌ပြောဆိုထားသည်။

KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီကလည်း “ကျ‌နော်တို့ဆီကို ဘာမှ တရားဝင် စာမ‌ရောက်‌သေးဘူး။ ဒီကိစ္စ အ‌ပေါ်မှာလည်း ကျ‌နော်အ‌နေနဲ့ ဘာမှလည်းမသိထားဘူး။ ကျ‌နော်တို့ လူလည်း မဟုတ်တဲ့အတွက် ပြန်လည် တုံ့ပြန်စရာ လည်း အ‌ကြောင်းမရှိဘူး” ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ် ‌ဒေါန‌တောင်‌ပေါ် ကားလမ်း‌ဟောင်း အလယ်ဘိုတဲအနီး ဓမ္မံ‌အောင် ‌တောင်ကုန်း OTA Station ဆက်သွယ်‌ရေး လုံခြုံ‌ရေး‌ဆောင်ရွက်‌နေသည့် တပ်မ‌တော်သားနှစ်ဦးမှာ ဩဂုတ်လ ၃ဝ ရက်၊ နံနက် ၂ နာရီခွဲ အချိန်ခန့်က ပစ်သတ်ခံရပြီး ၎င်းတို့၏ ရုပ်အ‌လောင်းအား သွား‌ရောက်စစ်‌ဆေးသယ်ယူစဉ် မိုင်းထပ်မံ‌ပေါက် ကွဲမှု‌ကြောင့် တပ်မ‌တော်သား ၃ ဦး ထပ်မံ‌သေဆုံးပြီး ၅ ဦးထပ်မံ ဒဏ်ရာရရှိခဲ့သည်။