Home COVID-19 မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင် Covid-19 အတည်ပြုလူနာ ၃ဦး ‌ဆေးကုသမှုခံယူ‌နေ၊ ၎င်းတို့နှင့် ထိ‌တွေ့ခဲ့သူ ၇ဝ နီးပါး Quarantine ထားရှိ

မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင် Covid-19 အတည်ပြုလူနာ ၃ဦး ‌ဆေးကုသမှုခံယူ‌နေ၊ ၎င်းတို့နှင့် ထိ‌တွေ့ခဲ့သူ ၇ဝ နီးပါး Quarantine ထားရှိ

1619
Photo: Nay Naw
စက်တင်ဘာ ၃ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ပြည်တွင်း ကူးစက်မှုမြင့်မားလျက်ရှိ‌သော ရန်ကုန်တိုင်း‌ဒေသကြီးမှ မြဝတီမြို့သို့ ‌ရောက်ရှိလာသူ (၃)ဦးထံမှ Covid-19 ‌ရောဂါပိုး‌တွေ့ရှိ၍ မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှု ‌ပေးထားပြီး ၎င်းတို့နှင့် ထိ‌တွေ့ခဲ့သူ (၇၀) ဦးခန့်အား Quarantine ထားရှိကာ ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ပြုလုပ်သွားမည်ဟု မြဝတီခရိုင် အုပ်ချုပ် ‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ရန်ကုန်မြို့မှ စက်တင်ဘာ ၁၆ ရက်‌နေ့က ပြန်လာပြီး ၂၃ ရက်‌နေ့က မြဝတီခရိုင်‌ဆေးရုံတွင် ပဏာမ စစ်‌ဆေး စဉ် Covid-19 ‌ရောဂါပိုး‌တွေ့ရှိသူ မြဝတီမြို့ သဃင်္န်းညီ‌နောင် မြို့သစ် ၇ လမ်းမှ အသက် ၄၇ နှစ်အရွယ် အမျိုး သမီး (၁)ဦး၊ စက်တင်ဘာလ ၁၈ ရက်‌နေ့က ရန်ကုန်မြို့မှ မြဝတီမြို့သို့‌ရောက်ရှိပြီး ၂ဝ ရက်‌နေ့တွင် မြဝတီ အ ထက(၁) Quarantine Center တွင် အသွားအလာကန့်သတ်ထားသူ အသက်(၂၁)အရွယ် အမျိုးသား(၁)ဦး နှင့် စက်တင်ဘာလ ၁၆ ရက်‌နေ့က ရန်ကုန်မြို့မှ မြဝတီမြို့သို့‌ရောက်ရှိပြီး ဟိုတယ်တစ်ခုတွင် တည်းခို ‌နေထိုင် ပြီး စက်တင်ဘာလ ၂၂ ရက်‌နေ့တွင် မြဝတီ အ.ထ.က(၁) Quarantine Center တွင် အသွားအလာ ကန့် သတ်ထားသူ အသက် (၅၆)နှစ် အရွယ် အမျိုးသား(၁)ဦး စုစု‌ပေါင်း ကိုဗစ်အတည်ပြုလူနာ (၃)ဦးကို သီးသန့်ထားရှိကာ ‌ဆေးဝါးကုသမှုပြုလုပ်‌နေ‌ကြောင်း ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ထို့အပြင် ယင်းတို့ ၃ ဦးနှင့် ထိ‌တွေ့ခဲ့သည့် contact persons စုစု‌ပေါင်း (၇၀)ဦးခန့်အား မြဝတီမြို့ တိုးချဲ့ မဲကနယ် Quarantine Center တွင် သီးသန့်ထားရှိကာ လိုအပ်သည့် ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ပြုလုပ်သွား မည်ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးက ဆက်‌ပြောသည်။

“ရန်ကုန်တိုင်း ‌ဒေသကြီးအပါအဝင် stay at home သတ်မှတ်ထားတဲ့ မြို့နယ်‌တွေက ပြန်လာသူ‌တွေကို မြဝတီမြို့အဝင် သဃင်္န်းညီ‌နောင်စစ်‌ဆေး‌ရေးဂိတ်မှာ စက်တင်ဘာလ ၂၃ ရက်‌နေ့မှ စပြီး ပိုမိုတင်းကြပ်ကာ စစ်‌ဆေးမှုများပြုလုပ်ပြီး မြဝတီ အ.ထ.က(၁) ‌ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ Quarantine စခန်းမှာ ထားရှိပြီး လိုအပ်တဲ့ ကျန်းမာ‌ရေး‌စောင့်ကြည့်မှု‌တွေ ပြုလုပ်လျက်ရှိပါတယ်”ဟု ခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်‌နေ့ စက်တင်ဘာလ ၂၉ ရက်‌နေ့ ည ၈ နာရီ ကျန်းမာ‌ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ Covid-19 အတည်ပြုလူနာ (၁၂,၄၂၅)ဦးရှိပြီး၊ ‌ရောဂါ‌ပျောက်ကင်း၍ ‌ဆေးရုံမှ ဆင်းခွင့်ရသူ (၃,၃၉၁)ဦး ရှိကာ ‌သေဆုံးသူ (၂၈၄)ဦးထိရှိ‌ကြောင်း သိရသည်။