Home COVID-19 ‌ကော့မှူးတွင် ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်

‌ကော့မှူးတွင် ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်

2201
စက်တင်ဘာလ ၁၆ ရက်၊ ၂၀၂ဝ ခုနှစ်။ စဖန်း‌ရှောင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌ကော့မှူးမြို့နယ်အတွင်း လတ်တ‌လောမြန်မာနိုင်ငံတွင်ဖြစ်ပွား‌နေသည့် အသက်ရှူလမ်း ‌ကြောင်းဆိုင်ရာ‌ရောဂါ Covid-19 ကို အချိန်မီထိန်းသိမ်းနိုင်‌ရေးအတွက် ‌ကော့မှူးမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ် ‌ရေးဦးစီးဌာနမှ စက်တင်ဘာလ ၁၅ ရက်‌နေ့မှစတင်ကာ ညမထွက်ရအမိန့်ကို ထပ်မံထုတ်ပြန်လိုက်‌ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်‌ရေးလက်မှတ်‌ရေးထိုးပြီး ယမန်‌နေ့ (စက်တင်ဘာလ ၁၅ ရက်)တွင် ထုတ်ပြန်လိုက်သည့် အမိန့် စာတွင် မြို့နယ်အတွင်းရှိ ပြည်သူများအ‌နေဖြင့် အ‌ရေး‌ပေါ်ကိစ္စနှင့်ပတ်သက်သည့် သက်ဆိုင်ရာခွင့်ပြချက်ရ များမှအပ ‌နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အကျုံးဝင်သည်ဟု သိရသည်။

“ အရင်ကလည်းထုတ်ထားတာရှိပါတယ်။ ဒါ‌ပေမယ့် ဒီကြားထဲမှာ စည်းကမ်းလိုက်နာမှုမရှိဘဲ သွားလာ‌နေတာ မျိုး‌တွေရှိလို့ တစ်ချို့စည်းကမ်းမလိုက်နာလို့အ‌ရေးယူရတာ‌တွေရှိခဲ့တယ်။ အခုက‌တော့ ထပ်ပြီး အသိ‌ပေးတဲ့ အ‌နေနဲ့ ထပ်ပြီးထုတ်တာဖြစ်တယ် ” ဟု ‌ကော့မှူးမြို့နယ် ၊ တိုင်း‌ဒေသကြီး လွှတ်‌တော်မဲဆန္ဒနယ် အမှတ်(၁) လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါ်သန္တာ‌အေးက ‌ကေအိုင်စီသို့‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း Covid-19 ‌ရောဂါကာကွယ်ထိန်းချုပ်၊ တားဆီး‌ရေးအတွက် တိုင်း‌ဒေသကြီးအစိုး ရညွှန်ကြားမှုဖြင့် သက်ဆိုင်ရာမြို့နယ်များအလိုက် ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်‌နေ့မှစတင်ကာ ည ၁ဝ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပြီး‌နောက် ‌မေလ ၁၅ ရက်‌နေ့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီ အထိ အဆိုပါ ညမထွက်ရအမိန့်ကို ‌ဖြေ‌လျှော့လိုက်သည်ဟု သိရသည်။

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြည်နယ်နှင့်တိုင်း‌ဒေသကြီး Covid-19 ‌ရောဂါ ‌တွေ့ရှိမှု အ‌ခြေအ‌နေခြုံငုံသုံးသပ်ချက်များအရ စက်တင်ဘာလ ၁၄ ရက်၊ နံနက် ၇ နာရီအထိ ရန်ကုန်တိုင်း ‌ဒေသကြီး ‌ကော့မှူးမြို့နယ်အတွင်း Covid-19 ပိုး‌တွေ့လူနာ ၁၉ ဦးရှိပြီဖြစ်‌ကြောင်း သိရသည်။

‌ကော့မှူးမြို့နယ်မှာ ရန်ကုန်‌တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် ‌ကျောက်တန်း၊ ကွမ်းခြံကုန်း၊ ကိုကိုးကျွန်း၊ ‌ကော့မှူး၊ ခရမ်း၊ ဆိပ်ကြီးခ‌နောင်တို၊ တွံ‌တေး၊ ဒလ၊ သံလျင်၊ သုံးခွစသည့်မြို့နယ် ၁ဝ ခုတွင် ပါဝင်ပြီး‌ကော့ မှူးမြို့နယ်အတွင်း ကရင်လူဦး‌ရေ ၂၀,၇၄ဝ ရှိသဖြင့် မြို့နယ် လူဦး‌ရေ၏ ၁၅.၃၂ ရာခိုင်နှုန်းရှိ‌ကြောင်း အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးဦးစီဌာန၏ ထုတ်ပြန်‌ဖော်ပြထားမှုများအရ သိရသည်။