Home ရွေးကောက်ပွဲသတင်း ‌ကော့ကရိတ်ခရိုင်ရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်‌မြေများ၌ ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်‌သေး

‌ကော့ကရိတ်ခရိုင်ရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်‌မြေများ၌ ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်‌သေး

2658
စက်တင်ဘာ ၁၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်၊ ‌ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ တိုင်ရင်းသား လက်နက်ကိုင်များ ထိန်းချုပ်သည့် နယ်‌မြေများရှိ ‌ကျေးရွာများတွင် ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်‌သေး‌ကြောင်း ခရိုင် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် ဥက္ကဋ္ဌ ဦး‌ဌေး‌အောင်က ‌ကေအိုင်စီသို့ စက်တင်ဘာ ၁၄ ရက်‌နေ့တွင် ‌ပြောသည်။

“၂၀၁၅ အတိုင်းပဲ၊ ‌ကော့ရိတ်က‌တော့ မထူးခြားဘူး။ ‌ကော့ကရိတ်မှာ မလုပ်နိုင်တဲ့ ရွာကြီး ၇ ရွာရှိတယ်။ အံ‌ကောင်းတို့၊ အံဖကြီးတို့ မလုပ်နိုင်ဘူး” ဟု ခရိုင်‌ကော်မရှင် ဥက္ကဋ္ဌ ဦး‌ဌေး‌အောင်က ‌ပြောသည်။

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ‌ကော့ကရိတ်မြို့နယ်အတွင်း မဲရုံ ၁၂၃ ရုံ ထားရှိသွားမည်ဖြစ်ပြီး ကြာအင်း ဆိပ်ကြီးမြို့ နယ်တွင် မဲရုံ ၁၂ဝ ထားရှိသွားရန် စီစဉ်ထားသည်ဟု ခရိုင်‌ကော်မရှင်ထံမှ သိရသည်။

“ရွာမှာ‌တော့ ဒီတခါမလုပ်ဖြစ်ဘူး။ ‌ကော်မရှင်က သူတို့အုပ်ချုပ်‌ရေးမှူး မထားနိုင်‌တော့ လုပ်ခွင့်မ‌ပေးဘူး‌လေ” ဟု ‌ကော့ကရိတ်မြို့နယ်၊ ရွာတန်းရှည်‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူး(‌ကေအန်ယူက ခန့်အပ်ထားသူ) မန်းမြ‌အေးက ‌ပြောသည်။

ယခုလို ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်နယ်‌မြေများတွင် ‌ရွေး‌ကောက်ပွဲ မလုပ်နိုင် ‌သော်လည်း ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ‌ကျေးရွာအချို့တွင်မူ မဲ‌ပေးနိုင်‌ရေး စီစဉ်ထားသည်ဟု ခရိုင်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံမှ သိရသည်။

“ကြားအင်းဆိပ်ကြီးက‌တော့ ‌ပြောင်မထိမ် တို့ဘာတို့‌တော့ လုပ်လို့မရဘူး၊ လုပ်လို့ရတဲ့‌နေရာမှာ လာထည့်ဖို့ စီစဉ် ထားတယ်။ အဲ့ဒါ‌တော့ သူတို့ဘက်က ထည့်ခွင့်ပြုတယ်၊ မဲဆန္ဒရှင်‌တွေ‌တော့ တိုးလာတယ်”ဟု ဦး‌ဌေး‌အောင်က ဆက်‌ပြောသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်အတွင်းရှိ ‌ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ပါဝင်ကာ ယခုလို ‌ရွေး‌ကောက်ပွဲ မလုပ်နိုင်‌သေး‌သော်လည်း ခရိုင်အတွင်းမဲဆွယ်မည့် ပါတီများကိုမူ ကိုဗစ်ကာကွယ်‌ရေး ထုတ် ပြန်ချက်များနှင့်အညီ မဲဆွယ်ရမည်ဟု ဒူးပလာယာခရိုင်က စက်တင်ဘာ ၇ ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

‌ကော့ကရိတ် ခရိုင်အတွင်း လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ဒီမိုက‌ရေစီ အဖွဲ့ချုပ်၊ ပြည်‌ထောင်စု ကြံခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ၊ ပြည်‌ထောင်စု ‌ကောင်း ကျိုး‌ဆောင်ပါတီ၊ ညီညွတ်‌သော ဒီမိုကရက်တစ်ပါတီနှင့် မွန်ညီညွတ်‌ရေးပါတီတို့ ‌နေရာပြည့် ဝင်ပြိုင် မည်ဖြစ်သလို တသီးပုဂ္ဂလ ကိုယ်စားလှယ်များလည် ဝင်ပြိုင်သွားမည်ဖြစ်သည်။