Home ရွေးကောက်ပွဲသတင်း ဧရာဝတီ ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်းများနှင့်ပတ်သက်သည့် ကရင်လူထုအမြင်သ‌ဘောထား စစ်တမ်း စတင် ‌ကောက်ယူ

ဧရာဝတီ ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်းများနှင့်ပတ်သက်သည့် ကရင်လူထုအမြင်သ‌ဘောထား စစ်တမ်း စတင် ‌ကောက်ယူ

2573
စက်တင်ဘာ ၁၄ ရက်၊ ၂၀၂ဝ ပြည့်န​ှစ်။ စဖန်း‌ရှောင်း

နိုဝင်ဘာလတွင် ကျင်းပမည့် ‌ရွေး‌ကောက်ပွဲအတွက် ဧရာဝတီတိုင်း‌ဒေသကြီးတွင် ဝင်‌ရောက်ယှဉ်ပြိုင်ကြမည့် ကရင်တိုင်း ရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်း များနှင့်ပတ်သက်သည့် အမြင်သ‌ဘောထား စစ်တမ်းတစ်ခုကို  ယ‌နေ့ (စက်တင်ဘာလ ၁၄ ရက်)မှ စတင်ကာ ‌ကောက်ယူ‌နေပြီဖြစ်သည်ဟု သိရသည်။

အွန်လိုင်း‌ပေါ်တွင် ‌ကောက်ယူသွားမည့် အဆိုပါအမြင်သ‌ဘောထားစစ်တမ်းများကို ဧရာဝတီကရင်လူငယ်ယာယီ ‌ကော်မတီမှ ဦး‌ဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် ကရင်‌ရေးရာ ကိုယ်စားလှယ်‌လောင်းများ အ‌ပေါ် ကရင်လူထု၏ အမြင်သ‌ဘောထား သိရှိနိုင်‌ရေးအတွက် ရည်ရွယ်ခြင်းဖြစ်‌ကြောင်း ပါဝင်‌ဆောင်ရွက်သူများက ‌ပြောဆိုသည်။

ဧရာဝတီကရင်လူငယ်ယာယီ‌ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ စထွဋ်‌ဝေ‌အောင်က“ ဒါကလာမယ့် ‌ရွေး‌ကောက်ပွဲမှာ အ‌ထောက်အကူပြု‌စေဖို့နဲ့ အသိပညာ‌ပေးတဲ့အ‌နေနဲ့‌ရော‌ပေါ့။ ‌နောက်တစ်ခုက အခုကိုဗစ်ကာလမှ ‌မြေပြင်ကွင်းဆင်းပြီး ရှင်းပြဖို့ကလည်း မလွယ်ကူတာ‌ကြောင့် နည်းပညာပိုင်းနဲ့ပဲ လူထုသ‌ဘောထား သိရှိဖို့ အချက်အလက်‌ကောက်ခံသွား ဖို့အတွက်ဖြစ်ပါတယ် ” ဟု‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါ အွန်လိုင်းအမြင်သ‌ဘောထားစစ်တမ်းတွင် ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်‌ရေးရာဝင်‌ရောက် ယှဉ်ပြိုင်ကြ မည့် ကရင်ပါတီများအပါအဝင် အခြားပါတီများမှ ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်း ၆ ဦးနှင့် ပတ်သက်သည့် ကရင်လူ ထုအမြင်သ‌ဘောထားများကို ရက်သတ္တပတ် ၂ ပတ်အထိ ‌ကောက်ယူမည့် စစ်တမ်းတစ်ခုလည်းဖြစ်သည်။

ထိုသို့‌ကောက်ယူရာတွင် နိုင်ငံ‌ရေး၊ အမျိုးသား‌ရေး၊ ကရင်လူမျိုးများ ‌မျှော်မှန်းသည့် ငြိမ်းချမ်း‌ရေး၊ ဖက်ဒ ရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး၊ ကရင်လူမျိုးတို့၏ လူမှုဘဝ၊ လူငယ်နှင့်အမျိုးသမီးအ‌ရေး စသည့်အ‌ရေးအရာများနှင့် ပတ်သက်သည့် ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်းများ၏ ခံယူချက်များအ‌ပေါ် ကရင်လူထုမှ ၎င်းတို့၏အမြင်သ‌ဘောထားများကို ဖြည့် စွက်ရမည့် စစ်တမ်းဖြစ်သည်။

လက်ရှိဧရာဝတီတိုင်း‌ဒေသကြီးတွင် ကရင်အမျိုးသားပါတီ -KNP မှ မန်းမြင့်စိုး(ခ)မန်းမင်းရဲ‌ထွေး၊ ကရင်ပြည်သူ့ ပါတီ -KPP မှ နန့်ခင်‌အေးဦး၊ ပြည်‌ထောင်စု‌ကောင်းကျိုး‌ဆောင်ပါတီ -UBP မှ ‌စောအယ်‌လေးမှူး၊ ညီညွတ်‌သော ဒီမိုကရက်တစ်ပါတီ -UDP မှ မန်းမြင့်ကြည်၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် -NLD မှ ဂါ့မိုးမြတ်မြတ်သူ၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါ တီ -USDP မှ ‌စောလင်းခယ်တို့မှ ကရင်‌ရေးရာဝန်ကြီး‌နေရာအတွက် အသီးသီးဝင်‌ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ယခုပြုလုပ်သည့် စစ်တမ်း‌ကောက်ယူခြင်းကို ဧရာဝတီကရင်လူငယ် ယာယီ‌ကော်မတီနှင့် ရန်ကုန်ကရင်လူငယ်၊ နည်းပ ညာပိုင်းဆိုင်ရာကို YC Media Team အဖွဲ့မှ ကူညီပံ့ပိုး‌ပေးခြင်းဖြစ်သည်။ ထို့အပြင် မကြာမီ ရန်ကုန်တိုင်း ‌ဒေသကြီး အတွင်း ဝင်‌ရောက်ယှဉ်ပြိုင်ကြမည့် ကရင်တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်းများနှင့်ပတ်သက်‌သော ကရင်လူ ထု၏အမြင်သ‌ဘောထား စစ်တမ်းဆက်လက်‌ကောက်ယူသွားမည်ဖြစ်သည်ဟုလည်း သိရသည်။