Home သတင်း ဖာလာသီး‌ပေါ်ချိန် ‌ဈေးကျသည့်အတွက် စိုက်‌တောင်သူများအခက်အခဲဖြစ်

ဖာလာသီး‌ပေါ်ချိန် ‌ဈေးကျသည့်အတွက် စိုက်‌တောင်သူများအခက်အခဲဖြစ်

3019
စက်တင်ဘာ ၁၇ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်တွင် ယခုနှစ် ရာသီဥတုအ‌ခြေအ‌နေ‌ကြောင့် ဖာလာအသီး အထွက်နည်းသည့်အပြင် ယခင်နှစ်ထက် ကျပ် ၃, ဝဝဝ ‌အောက် ‌ဈေးနှုန်းကျဆင်းသွားသည့်အတွက် ဖာလာစိုက်‌တောင်သူများ အခက်အခဲဖြစ်‌နေဟု ‌ဒေသခံများထံမှ သိရသည်။

ယခင်နှစ်က ဖာလာသီးအ‌ခြောက် ၁ ပိဿာလျှင် ကျပ် ၁ဝ,ဝဝဝ ‌ကျော်ရှိခဲ့ပြီး ယခုနှစ် အသီး‌ပေါ်ချိန် ကျပ် ၇ဝဝဝ ဝန်းကျင်သာ ‌ဈေးနှုန်းရှိ သည့်အတွက် အလုပ်သမားခများနှင့် စားဝတ်‌နေ‌ရေး‌ဖြေရှင်းနိုင်ရန် ရသည့်‌ဈေးဖြင့်သာ‌ရောင်း‌နေရသည်ဟု သံ‌တောင်ကြီးမြို့ နယ် ဖာလာ စိုက်‌တောင်သူများက ‌ပြောသည်။

“သီးနှံ‌ပေါ်စ ၇ ‌ထောင်‌ဈေးနဲ့ဆိုရင် အလုပ်သမားခနဲ့ မကိုက်ဘူး‌ပေါ့‌နော်။ ဝယ်တဲ့သူ‌တွေလည်း ရွာအထိ မဆင်းလာကြ‌သေးဘူး။ တစ်ချို့က ဝယ်သမားဆီ စားဝတ်‌နေ‌ရေးအတွက် ‌ငွေကြိုယူထားရတယ်‌ပေါ့‌နော်။ အသီး‌ပေါ်ချိန် ပြန်သွင်းတယ်။ မိုးရွာ ‌နောက်ကျ‌တော့ အသီးထွက်နည်း သွားတဲ့အပြင် ကိုဗစ်‌ရောဂါကာလပါရှိ‌နေ‌တော့ ‌ဈေးကဘယ်လိုဆက်ဖြစ်‌နေအုံးမလဲ မသိ‌တော့ဘူး။” ဟု သံ‌တောင်ကြီးမြို့နယ် မိုင် ၂ဝ ‌ဒေသခံ ‌စောစဲက စက်တင်ဘာ ၁၆ ရက်တွင် ‌ကေအိုင်စီ သို့‌ပြောသည်။

သံ‌တောင်ကြီး၊ ‌ဘောကလိနှင့် လိပ်သို‌ဒေသတွင် ဖာလာပင်စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး အများအားဖြင့် စက်တင်ဘာလအချိန်တွင် အသီးစ တင်ခူးယူကာ အ‌ခြောက်ပြန်လှန်းပြီး‌နောက် အခွံအုပ်‌ခြောက်နှင့် အ‌စေ့‌ခြောက်ဟူ၍ နှစ်မျိုးခွဲထားကာ တရုတ်နိုင်ငံမှ နှစ်စဉ်လာ‌ရောက် ဝယ်ယူလျက်ရှိသည်ဟု ‌ဒေသခံများထံမှ သိရသည်။

သံ‌တောင်မြို့‌နေ ဖာလာသီးဝယ်သူ ‌နော်သီရိစံက “ ‌ဈေးက အရင်နှစ်လို မဟုတ်ဘူး တအား‌လျော့တယ်။ ကိုဗစ်ကာလ‌ကြောင့် ‌ဈေးနည်း သွားတာလည်း ဖြစ်မှာ‌ပေါ့‌နော်။ မနှစ်တုန်းက ၁ ‌သောင်း‌ကျော်ရှိတယ်။ အခု‌ဈေးက ၇,၀၀ဝ ပဲရှိတယ်။ စားဝတ်‌နေ‌ရေး ခက်ခဲကြ‌တော့ ရတဲ့‌ဈေးနဲ့ ‌ရောင်းရတာပဲ‌ပေါ့‌နော်။ ဒီနှစ်ပိုဆိုးမယ်။ သူတို့ (ဝယ်သူ)ဝယ်ချင်တဲ့အချိန်မှ ဆင်းလာဝယ်ကြတာပါ။ ဒီချိန်ထိ‌တော့ မလာကြ‌သေး ဘူး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ဖားလာ‌စေ့ကို စားသုံးကုန်များနှင့် ‌ဆေးဝါး‌ဖော်စပ်သည့် ‌နေရာများတွင် အသုံးပြုကြသည်။ ပြည်တွင်းဝယ်လိုအားနည်းသည့် အတွက် ဖာလာ‌စေ့ဝယ်ယူမှုများသည့် တရုတ်နိုင်ငံကိုသာ ‌ဈေးကွက်အဓိက မီခို‌နေရသည်ဟု ဖာလာစိုက်‌တောင်သူများထံမှ သိရသည်။