Home ရွေးကောက်ပွဲသတင်း ဖာပွန်တွင် ကြံ့ခိုင်‌ရေး ကြီးစိုးသည့် အစဉ်အလာကို ထိုး‌ဖောက်မည်ဟု KNDP အမျိုးသမီး ကိုယ်စားလှယ်‌လောင်း ‌ပြော

ဖာပွန်တွင် ကြံ့ခိုင်‌ရေး ကြီးစိုးသည့် အစဉ်အလာကို ထိုး‌ဖောက်မည်ဟု KNDP အမျိုးသမီး ကိုယ်စားလှယ်‌လောင်း ‌ပြော

3387
စက်တင်ဘာ ၁၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ ဖာပွန် မြို့နယ်တွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ကြီးစိုး‌နေသည့် အစဉ်အ လာကို ထိုး‌ဖောက်မည်ဟု ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ဖာပွန်မြို့နယ်၊ ပြည်နယ် လွှတ်‌တော် အမှတ် ၂ ကိုယ်စားလှယ်‌လောင်း ‌နော်သဇင်တုပ်က စက်တင်ဘာ ၁၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

“ဖာပွန်မှာစည်းရုံး‌ရေး ဆင်း‌တော့ ကိုယ့်ဖက်တချို့ပြန်ပါလာတယ်။ အမျိုးသမီးကိုယ်စားလှယ်လည်း ဖြစ်‌တော့။ အရင်က ‌ရွေး‌ကောက်ပွဲ အ‌တွေ့အကြုံမရှိ‌ပေမဲ့ ကြံခိုင်‌ရေး ကြီးစိုးတဲ့အစဉ်အလာကို ထိုး‌ဖောက် သွားမယ်။ ကရင်ပါတီအတွက် အ‌ခြေကုတ်တခုခုရဖို့ ရည်ရွယ်ထားတယ်” ဟု သူမက ‌ပြောသည်။

ဖာပွန်တွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ အများအပြားရှိသည့်အတွက် မြို့‌ပေါ် အနီးတဝိုက်တွင်သာ ‌ရွေး‌ကောက်ပွဲ ကျင်းပနိုင်ပြီး ၂၀၁၀၊ ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် နယ်‌မြေဖြစ်သည်။

“ အခုတ‌ခေါက်‌ပြော‌နေကြတာရှိတယ်၊ တိုင်းရင်းသားပါတီ‌တွေ အလှည့်လို့‌လေ။ ကျ‌နော်တို့‌တော့ ဒီလိုမ မှတ်ယူ ထားဘူး။ အတတ်နိုင်ဆုံး ကြိုးစားမယ်။ ရတာ မရတာ တစ်ပိုင်း‌ပေါ့၊ ကိုယ်လုပ်နိုင်သ‌လောက် လုပ်သွားမယ်” ဟု KNDP ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

လာမည့် ‌ရွေး‌ကောက်ပွဲတွင် ဖာပွန်မြို့နယ်၌ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ပြည်‌ထောင်စု ကြံ့ ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ပြည်‌ထောင်စု ‌ကောင်းကျိုး‌ဆောင်ပါတီ၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် တို့ ရာနှုန်းပြည့်ပါဝင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ယင်းတို့ထဲတွင် ပြည်နယ်စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်းဝန်ကြီး ‌စောမြင့်ဦီးသည် ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီကိုယ်စားပြု၍ ဖာပွန်မြို့နယ်၊ ပြည်နယ်လွှတ်‌တော် အမှတ် ၁ မဲဆန္ဒနယ်တွင် ထပ်မံ ဝင်ပြိုင်သွားမည်ဖြစ်‌ကြောင်း ပြည်နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။