Home သတင်း နယ်စပ်‌သောင်ရင်းမြစ်ကိုဖြတ်‌ကျော် ခိုးဝင်လာသူ တရုတ်နိုင်ငံသား ၂ဦး ထိုင်းအာဏာပိုင် ဖမ်းဆီး

နယ်စပ်‌သောင်ရင်းမြစ်ကိုဖြတ်‌ကျော် ခိုးဝင်လာသူ တရုတ်နိုင်ငံသား ၂ဦး ထိုင်းအာဏာပိုင် ဖမ်းဆီး

3322
စက်တင်ဘာ ၁၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင် မဲ‌ဆောက်မြို့နယ်ရှိ ‌ပြောင်းခင်းတစ်ခုတွင် မြန်မာနိုင်ငံဘက်မှ ‌သောင်ရင်းမြစ်ကို တရားမဝင်ဖြတ်‌ကျော်ဝင်‌ရောက်လာသူ တရုတ်နိုင်ငံသား(၂)ဦးအား ယ‌နေ့ (စက်တင်ဘာလ ၁၈ ရက်) နံနက် တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

မြဝတီမြို့‌တောင်ဘက် နယ်စပ်ဖြတ်‌ကျော်ဂိတ်တစ်ခုမှ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ခိုးဝင်သွားပြီး ‌ပြောင်းခင်း တစ်ခုတွင် ‌ရောက်ရှိ‌နေစဉ် ‌ကျေးရွာသားများ၏ သတင်းပို့ချက်အရ ‌ဒေသတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့နှင့် နယ်ခြား ‌သောင်ရင်းမြစ်ကမ်းစပ် လုံခြုံ‌ရေးတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်‌ကြောင်း မဲ‌ဆောက်အ‌ခြေစိုက် သတင်း ဌာနများက ‌ဖော်ပြထားသည်။

ယင်းဖမ်းဆီးရမိ‌သော တရုတ်နိုင်ငံသားနှစ်ဦးအား ကိုဗစ်အ‌ရေး‌ပေါ်တုန့်ပြန်‌ရေးအတွက် ကျန်းမာ‌ရေးဌာနမှ ကျန်းမာ‌ရေးစစ်‌ဆေးမှုများ‌ဆောင်ရွက်သလို ထိုင်းလဝကဌာနမှ ပတ်စ်ပို့ ဗီဇာအ‌ထောက်အထား များကိုစစ် ‌ဆေးပြီး လိုအပ်သလိုအ‌ရေးယူ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း အဆိုပါ ‌ဒေသတွင်း သတင်းဌာနများက ‌ဖော်ပြသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း Covid -19 ပြည်တွင်းကူးစက်မှုပိုမို မြန်ဆန်များပြားလာခြင်း‌ကြောင့် ထိုင်းနိုင်ငံနှင့် ထိစပ်‌နေ‌သော နယ်စပ်တ‌လျှေက်တွင် ထိုင်းနိုင်ငံဘက်က လုံခြုံ‌ရေးကို တင်းကြပ်စွာ ‌ဆောင်ရွက်လျက်ရှိသည်။ ထို့‌ကြောင့် ယခုလအတွင်း ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်‌ရောက်လာ‌သော တရုတ်နိုင်ငံသား များနှင့် မြန်မာနိုင်ငံသားများကို မကြာခဏဖမ်းဆီ ရမိလျက်ရှိသည်ဟု သိရသည်။