Home သတင်း ကိုဗစ်‌ရောဂါကာလ‌ကြောင့် ကရင်ပြည်နယ်တွင် ချည်ဖြူဖွဲ့ပွဲများ စည်စည်ကားကားပြုလုပ်ခြင်းမရှိ

ကိုဗစ်‌ရောဂါကာလ‌ကြောင့် ကရင်ပြည်နယ်တွင် ချည်ဖြူဖွဲ့ပွဲများ စည်စည်ကားကားပြုလုပ်ခြင်းမရှိ

1827

စက်တင်ဘာ ၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ရိုးရာချည်ဖြူဖွဲ့အခမ်းအနား(လက်ချည်ပွဲ)များကို ဝါ‌ခေါင်လပြည့်‌နေ့‌ရောက်တိုင်း ကရင်ပြည်နယ် ‌နေရာအနှံ့အပြားတွင် စည်စည်ကားကားကျင်းပခဲ့ကြ‌သော်လည်း ယခုနှစ်တွင် ကိုဗစ် ကပ်‌ရောဂါကာလ‌ကြောင့် မကျင်း ပ‌တော့‌ကြောင်း သိရသည်။

ယခုနှစ် ဝါ‌ခေါင်လပြည့်‌နေ့(စက်တင်ဘာ ၂ ရက်)တွင် အချို့‌နေရာ၌ အခမ်းအနားအနည်းငယ်နှင့် မိရိုးဖလာ အိမ်အတွင်းကျင်းပသည့် ချည်ဖြူဖွဲ့ခြင်းများကိုသာ ပြုလုပ်ကြ‌တော့‌ကြောင်း ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်း အတွင်း‌ရေးမှူး နန်းမြင့်တင်က ‌ပြောသည်။

“လက်ချည်ပွဲမှာ လူအများကြီးဆိုရင် ‌ရောဂါကူးစက်နိုင်လို့ လူအနည်းငယ်နဲ့ပဲ ပြုလုပ်သင့်တာ‌ပေါ့‌နော်။ အိမ်အ လိုက်၊ အသိမိတ်‌ဆွေ‌တွေနဲ့ လုပ်တာက ကိစ္စမရှိဘူး‌ပေါ့‌နော်။ ပွဲအကြီးအကျယ်လုပ်လို့ ‌ရောဂါပိုးရှိသူ‌တွေ ပါလာမှာ လည်း စိုးတာ‌ပေါ့‌နော်။ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုဗစ်‌ရောဂါကပ်ကာလ‌ကြောင့် လူစုလူ‌ဝေးများ ဖြစ်‌ပေါ်မည်ကိုစိုးရိမ်သဖြင့် မိသားစုလိုက်ချည်ဖြူဖွဲ့ခြင်းများကို အချို့အိမ်များတွင် ယခုနှစ်မှ စတင်ပြုလုပ်လာခြင်းများရှိသလို အချို့အိမ်များတွင် နှစ်စဉ်ပြုလုပ်ကြ‌ကြောင်း လည်း သိရသည်။

ဖားအံမြို့၊ အမှတ်(၈)ရပ်ကွက်တွင်‌နေထိုင်သည့် နန်း‌ဖော့လမုအွာက ” ကိုဗစ်ရှိ‌နေလို့ ဒီနှစ်မှ အိမ်မှာလုပ်တာ ‌တော့မဟုတ်ပါဘူး။ ရိုးရာဓ‌လေ့ကို ထိမ်းသိမ်းတဲ့အ‌နေနဲ့ လက်ချည်ပွဲကို နှစ်တိုင်း လုပ်‌နေကြအတိုင်း ဒီနှစ်လည်း ‌ဆွေမျိုး‌တွေနဲ့ အိမ်မှာ လုပ်လိုက်ပြီးပါပြီ။” ဟု‌ပြောသည်။

ကရင်လူမျိုးများ‌နေထိုင်ရာ ‌နေရာအနှံ့အပြားတွင် နှစ်စဉ်နှစ်တိုင်း မိသားစုအိမ်အလိုက်လက်ချည်ပွဲ၊ ရွာအလိုက် လက်ချည်ပွဲ၊ မြို့နယ်အဆင့်၊ ပြည်နယ်နှင့်တိုင်း‌ဒေသကြီးအဆင့်လက်ချည်ပွဲ အစရှိသဖြင့် ချည်ဖြူဖွဲ့ခြင်းများကို ရိုးရာမပျက် ပြုလုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။