Home COVID-19 ကိုဗစ်‌ကြောင့် မဲဆွယ်စည်းရုံး‌ရေးအကြပ်အတည်းဖြစ်‌ပေါ်လာနိုင်ဟု ရန်ကုန်၊ ဧရာဝတီရှိ ကရင်ပါတီများ‌ပြော

ကိုဗစ်‌ကြောင့် မဲဆွယ်စည်းရုံး‌ရေးအကြပ်အတည်းဖြစ်‌ပေါ်လာနိုင်ဟု ရန်ကုန်၊ ဧရာဝတီရှိ ကရင်ပါတီများ‌ပြော

2281

စက်တင်ဘာ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားမှုနှုန်းမြင့်တက်လာ‌နေသည့် Covid-19 ‌ရောဂါ‌ကြောင့် လာမည့်‌ရွေး ‌ကောက်ပွဲတွင် ဝင် ‌ရောက်ယှဉ်ပြိုင်အ‌ရွေးချယ်ခံကြမည့် ကရင်ပါတီကိုယ်စားလှယ်‌လောင်းများ၏ မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းများအတွက် စိန်‌ခေါ်မှုအကြပ်အတည်းများဖြစ်‌ပေါ်လာနိုင်‌ကြောင်း ကရင်နိုင်ငံ‌ရေးပါတီတာဝန်ရှိသူများက သုံးသပ်‌ပြောဆိုသည်။

၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲမတိုင်မီ ပြုလုပ်ရမည့် မဲဆွယ်စည်းရုံး‌ရေးလုပ်ငန်းများနှင့်အတူ လတ်တ‌လောအ‌ခြေ အ‌နေများအရ ထပ်မံတင်းကြပ်လာနိုင်သည့် Covid-19 ‌ရောဂါကာကွယ်နှိမ်နင်း‌ရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များ ‌ကြောင့် ဧရာဝတီနှင့် ရန်ကုန်တိုင်း‌ဒေသကြီးတွင်အ‌ခြေစိုက်သည့် ကရင်ပါတီများအပါအဝင် ၎င်းကိုယ်စားလှယ်‌လောင်း များ၏ ယခုလို‌ပြောဆိုမှုများထွက်‌ပေါ်လာခြင်းလည်းဖြစ်သည်။

ကရင်အမျိုးသားပါတီ -KNP အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “ ကိုဗစ်ကာလမှာ ကျ‌နော်တို့ကိုယ်စား လှယ် ‌လောင်း‌ရွေးချယ်တာ‌တောင် ခက်ခက်ခဲခဲလုပ်ရတဲ့အ‌ခြေအ‌နေဖြစ်‌နေတယ်။ အဲဒီ‌တော့မဲဆွယ်စည်းရုံးခွင့်ရတဲ့အချိန်‌လေး မှာ လုပ်မလားဆို‌တော့လည်း အခုတစ်ခါ ကိုဗစ်က ထပ်ဖြစ်လာ‌တော့ ‌နောက်ထပ် ကျန်းမာ‌ရေးဝန်ကြီဌာနညွှန်ကြားချက် ‌တွေက ဘာထပ်ညွှန်ကြားလာမလဲမသိဘူး။ အဲဒါဘယ်လိုဆက်သွားရမလဲ ကျ‌နော်တို့လည်းအ‌တော်စဉ်းစားရခက်‌နေ တယ်။ ဒီလိုအ‌ခြေအ‌နေ‌တွေမှာ ကိုယ်စားလှယ်‌လောင်း‌တွေကိုလည်း မနည်းစည်းရုံးပြီးသွား‌နေရတဲ့ သ‌ဘော‌တော့ရှိ တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိကိုဗစ်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၃ ရက်‌နေ့ နံနက် ၈ နာရီအထိ Covid-19 အတည်ပြုလူနာ ၁,၀၅၈ ဦးရှိ‌ကြောင်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသလို ဩဂုတ်လ ၁၆ ရက်‌နေ့မှစတင်ကာ လူ ၃ဝ ထက်ပိုပြီးစု‌ဝေးခြင်းမပြုရန်နှင့် အမိန့်၊ ညွှန်ကြားချက်များအား မလိုက်နာပါက ကူးစက်‌ရောဂါများ ကာကွယ်နှိမ်နင်း‌ရေး ဥပ‌ဒေအရအ‌ရေးယူခြင်းခံရမည်ဖြစ်‌ကြောင်းလည်း အမိန့်ထုတ်ပြန်ထား မှုများရှိသည်။

အဆိုပါအ‌ခြေအ‌နေများ‌ကြောင့် မဲဆွယ်စည်းရုံး‌ရေးကာလအတွင်း ပိုမိုခက်ခဲလာနိုင်သည့် အ‌ခြေအ‌နေများ ဖြစ်‌ပေါ်လာမည်ကို စိုးရိမ်မှုများရှိ‌နေသလို ဖြစ်ပွား‌နေသည့် Covid -19 အ‌ခြေအ‌နေများအ‌ပေါ်မူတည်ပြီး ကိုယ်စားလှယ်‌လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ၏ အခွင့်အ‌ရေးနစ်နာမရှိ‌စေ‌ရေးအတွက် ‌ရွေး‌ကောက်ပွဲ ‌ကော် မရှင်အ‌နေဖြင့် စီမံ‌ဆောင်ရွက်‌ပေးနိုင်‌ရေး ကရင်ပါတီများက လိုလား‌နေကြသည်ဟု လည်းသိရသည် ။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာအတွက် ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်သူ့ပါတီ-KPP မှ မန်းသန်းဝင်းဦးကလည်း “ စက်တင်ဘာ ၈ ရက်‌နေ့တစ်ချက်ကြည့်ရမှာ‌ပေါ့။ မဲဆွယ်စည်းရုံးခွင့်‌တော့‌ပေးမယ်။ အခု ထပ်ဖြစ်လာတဲ့ ကိုဗစ်အ‌ခြေအ‌နေအရ ကျ‌နော့်အထင် ၂၀၂ဝ က‌တော့ အုံနဲ့ကျင်းနဲ့မဲဆွယ်တာ ‌တော့ရမှာ မဟုတ်ဘူး။ လက်ရှိအာဏာရက‌တော့ သူတို့က ‌ခေါင်းစဉ်အမျိုးမျိုးနဲ့သွားလို့ ရတာကိုး။ ‌နောက်ပြီး တဖက်မှာလည်း ကိုဗစ်နဲ့ပတ်သက် လို့ ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ‌တွေကလည်းရှိမယ်ဆို‌တော့ ကျန်တဲ့ပါတီ‌တွေက‌တော့ ထုတ်ပြန်ထား တဲ့ဥပ‌ဒေ‌တွေကြားထဲမှာပဲ လိမ္မာပါးနပ်စွာနဲ့‌ပြောဆိုစည်း ရုံးသွားရမယ့်အ‌နေအထား‌တော့ဖြစ်တယ်” ဟု‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် နိုင်ငံ‌ရေးပါတီများအား စက်တင်ဘာလ ၈ ရက်‌နေ့မှ နိုဝင်ဘာလ ၆ ရက်‌နေ့အထိ မဲဆွယ်စည်းရုံး‌ရေးကာလအဖြစ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က သတ်မှတ်ထုတ်ပြန်မှု များရှိခဲ့‌သော်လည်း ယခု ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် မဲဆွယ်စည်းရုံး‌ရေးကာလကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ယ‌နေ့အထိ တရားဝင်သတင်းထုတ်ပြန်‌ကြေညာခြင်းမရှိ‌သေး‌ကြောင်းသိရသည်။

လက်ရှိကရင်ပါတီ ၄ ပါတီရှိသည့်အနက် ဧရာဝတီတိုင်း‌ဒေသကြီးတွင်အားပြုထားသည့် ကရင်အမျိုးသားပါတီ -KNP မှာ လာမည့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် ကယားပြည်နယ်စသည့်‌နေရာများတွင် ကရင်တိုင်း ရင်းသား‌ရေးရာဝန်ကြီးကိုယ်စားလှယ်‌လောင်းအပါအဝင် ကိုယ်စားလှယ်‌လောင်း ၁၃ ဦးဖြင့် ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေး ချယ်ခံမည့် ကရင်ပါတီတစ်ခုလည်းဖြစ်သည်။

ထို့အတူ ရန်ကုန်တွင်အ‌ခြေစိုက်သည့် ကရင်ပြည်သူ့ပါတီ -KPP အ‌နေဖြင့် ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ တနသင်္ာရီ၊ ကရင်၊ မွန်စသည်တို့တွင် ကရင်တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်း ၅ ဦးအပါအဝင် ကိုယ်စားလှယ်‌ပေါင်း ၇၄ ဦးဝင် ‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်ဟုလည်း သိရသည်။