Home သတင်း ကရင်အမျိုးသား အာဇာနည်‌နေ့ကျင်းပသည့် အတွက် ပါဝင်သူ ၃ ဦး ‌ထောင် ၁၅ ရက်ချ

ကရင်အမျိုးသား အာဇာနည်‌နေ့ကျင်းပသည့် အတွက် ပါဝင်သူ ၃ ဦး ‌ထောင် ၁၅ ရက်ချ

2874

စက်တင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

နှစ် ၇ဝ ပြည့် ကရင်အမျိုးသား အာဇာနည်‌နေ့ကို ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလပန်းခြံ‌ရှေ့၌ ဩဂုတ် ၁၂ ရက်‌နေ့ တွင် ကျင်းပခဲ့သည့်အ‌ပေါ် အစိုးရက ငြိမ်း၊ စု၊ စီ ပုဒ်မ ၂ဝ ဖြင့် တရားစွဲခံရသည့် စသိန်း‌ဇော်မင်း ‌စောဆာကွာလာ နှင့် မစိန်‌ထွေးတို့ကို ‌ကျောက်တံတားမြို့ နယ်၊ တရားရုံးက ‌ထောင် ၁၅ ရက်စီ ချမှတ်လိုက်သည်။

အဆိုပါ ၃ ဦးကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ရဲတပ်ဖွဲ့ မှူးရုံး၏ ညွှန်ကြားချက်အရ ‌ကျောက်တံတား မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူး မျိုးသက်က တရားလိုပြု၍ ဩဂုတ် ၂၄ ရက်‌နေ့တွင် ‌ကျောက်တံတားမြို့နယ် တရားရုံး၌ စတင်တရားစွဲဆိုခဲ့ ခြင်း ဖြစ်ပြီး စက်တင်ဘာ ၈ ရက်‌နေ့တွင် ယခုလို အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ အခုလို ‌ထောင်ချလိုက်တာ၊ ဖိနှိပ်တာ၊ ခြိမ်း‌ခြောက်တာ‌တွေရှိ‌ပေမဲ့လည်း ကျ‌နော်က‌တော့ ကရင့်အာဇာနည်‌နေ့ ကို ဆက်လုပ်သွားမှာပဲ” ဟုစသိန်း‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို ‌ထောင် ၁၅ ရက်စီ ချမှတ်ခံရ‌သော်လည်း ချုပ်ရက်များကို ထုတ်နုတ်လိုက်သည့်အတွက် သုံးဦး စလုံး ယ‌နေ့ ပြန်လွှတ်‌မြောက်လာပြီး ဖြစ်‌ကြောင်း ‌ကေအိုင်စီ သတင်း‌ထောက်က သတင်း‌ပေးပို့သည်။

ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလ ပန်းခြံ‌ရှေ့တွင် ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် နှစ် ၇ဝ ပြည့် ကရင် အမျိုးသား အာဇာနည်‌နေ့ ကျင်းပရန် စီစဉ်သူများက ‌ကျောက်တံတားမြို့နယ်၊ ရဲစခန်းသို့ ငြိမ်းချမ်းစွာ စု‌ဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပ‌ဒေအရ တရားဝင်တင်ပြခဲ့ရာ၊ ကိုဗစ်ကာကွယ်‌ရေးဆိုင်ရာ စည်းကမ်း များနှင့် အညီ နံနက် ၈ နာရီမှ ၂ နာရီထိ ပြုလုပ်ရန် သက်ဆိုင်ရာက ‌ပြောဆိုခဲ့‌ကြောင်း စီစဉ်သူများထံမှ သိရ သည်။

သို့ ‌သော် အခမ်းအနားကျင်းပ‌နေစဉ် ‌နေ့လည် ၁၁ နာရီတွင် အစီအစဉ် ရုပ်သိမ်းရန် ရဲတပ်ဖွဲ့က ဖိအား‌ပေးခဲ့ရာ ရုန်းရင်းဆန်ခတ် အချင်းများမှု ဖြစ်ခဲ့ပြီး ဦး‌ဆောင်သူ စသိန်း‌ဇော်မင်းနှင့် ‌စောဆာကွာလာတို့ကို ရဲတပ်ဖွဲ့ က ဖမ်း ဆီး‌ခေါ်‌ဆောင်သွားခဲ့သည်။

ထို့‌နောက် ကိုယ်တိုင်ခံဝန်ဖြင့် ရဲစခန်းက ပြန်လွှတ်‌ပေးခဲ့ပြီး‌နောက် တရားစွဲခဲ့ခြင်း ဖြစ်သည်။
မစိန်‌ထွေးကိုမူ ယခင်နှစ်က ၆၉ နှစ်‌မြောက် ကရင်အာဇာနည်‌နေ့ ကျင်းပမှု‌ကြောင့် တရားစွဲခဲ့ရသည့် သူများကို လာ‌ရောက်ဝန်းရံခဲ့သည့် ဖြစ်စဉ် အ‌ပေါ် တရားစွဲထားခြင်းဖြစ်သည်။ ထို့‌နောက် နှစ် ၇ဝ ပြည့် ကရင်အမျိုးသား အာဇာနည်‌နေ့အခမ်းအနားသို့ လာ‌ရောက်ဂါဝရ ပြု သဝဏ်လွှာ ဖတ်ကြားပြီး‌နောက် ရဲတပ်ဖွဲ့က ယခင်နှစ် ဖြစ်စဉ် အတွက် တရားရင်ဆိုင်ရန် ဖမ်းဆီးခဲ့ပြီး‌နောက် ‌ထောင် ၁၅ ရက်ချမှတ်ခဲ့သလို ယခုနှစ်ဖြစ်စဉ်အတွက် ထပ်မံ တရား စွဲခဲ့ရ ခြင်းဖြစ်သည်။

ရန်ကုန်မြို့တွင် ကရင်အမျိုးသားအာဇာနည်‌နေ့ ကျင်းပသည့် အတွက် ယခင်နှစ်က ‌နော်အုန်းလှ၊ စသိန်း‌ဇော်မင်းနှင့် ‌စောအဲလ်ဘတ်ချိုတို့ကို အစိုးရက ‌ထောင် ၁၅ ရက်စီ ချမှတ်ခဲ့ပြီး အလားတူ ယခုနှစ်တွင်လည်း နှစ်နှစ်ဆက် ‌ထောင် ၁၅ ရက်ချမှတ်ခံရ ခြင်းဖြစ်သည်။