Home သတင်း ဘဲကရက်ရှိ ‌စောဘဦးကြီးခမ်းမ၌ ပြုလုပ်သည့် ကရင်အာဇာနည်‌နေ့သို့ လူထု‌ထောင်နှင့်ချီ တက်‌ရောက်ခဲ့

ဘဲကရက်ရှိ ‌စောဘဦးကြီးခမ်းမ၌ ပြုလုပ်သည့် ကရင်အာဇာနည်‌နေ့သို့ လူထု‌ထောင်နှင့်ချီ တက်‌ရောက်ခဲ့

2675

ဩဂုတ် ၁၃ရက်၊ ၂၀၂ဝပြည့်နှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသား ‌ခေါင်း‌ဆောင်‌စောဘဦးကြီး၏ ဇာတိဖြစ်‌သော ဧရာဝတီတိုင်း၊ ကန်ကြီး‌ထောင့်မြို့နယ်၊ ဘဲကရက်‌ကျေးရွာရှိ ‌စောဘဦးကြီးခမ်းမတွင် ပြုလုပ်သည့် နှစ် ၇ဝပြည့် ကရင်အာဇာနည်‌နေ့ ‌အောက်‌မေ့ဖွယ်သို့ လူထုပရိဿတ် ‌ထောင်နှင့်ချီ၍ ပါဝင်ခဲ့ကြပြီး ‌အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။

ဦး‌ဆောင်ပါဝင်လှုပ်ရှားသူတစ်ဦးက “အာဇာနည်‌နေ့ကို‌တော့ ကျ‌နော်တို့ ‌အောင်‌အောင်မြင်မြင် ကျင်းပနိုင်ခဲ့တယ်။ သက်ဆိုင်ရာက မလုပ်ရဘူးဆိုပီး လာ‌ရောက်တားဆီးတာမျိုးမရှိ‌ပေမယ့် တာဝန်အရ သတင်းယူ‌မေးမြန်းမှု‌တွေ‌တော့ ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ကုန်မြို့တွင် ကျင်းပသည့် နှစ် ၇ဝပြည့် ကရင်အာဇာနည်‌နေ့ ဦး‌ဆောင်ကျင်းပသူအချို့ကို သက်ဆိုင်ရာ အာဏာ ပိုင်တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ရ‌သော်လည်း ဘဲကရက်ကရင်အာဇာနည်‌နေ့တွင်မူ အ‌နှောက်အယှက်မရှိ ကျင်းပနိုင်ခဲ့‌ကြောင်း အာဇာနည်‌နေ့ ပန်း‌ခွေချခြင်း လှုပ်ရှားမှု ကျင်းပ‌ရေး ပါဝင်လှုပ်ရှားသူများက ‌ပြောဆိုသည်။

ယင်းသို့ ကျင်းပရာသို့ အဖွဲ့အစည်းအသီးသီး၊ မြို့နယ်အသီးသီးမှ တက်‌ရောက်လာသူများက ကိုဗစ်ကာလ သတ် မှတ်ချက်များနှင့်အညီ ခပ်ခွာခွာ စု‌ဝေးရင်း ကျဆုံးသွားခဲ့ကြသည့် အာဇာနည်‌ခေါင်း‌ဆောင်များအား လွမ်းသူပန်း‌ခွေ ချ အ‌လေးပြုခြင်းများသာ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ဘဲဂရက် ကရင်အာဇာနည်‌နေ့ လှုပ်ရှားမှုသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌တောနီး အပါအဝင် ကရင်နိုင်ငံ‌ရေးပါတီများမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများ၊ မြို့နယ်အ သီးသီးမှ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီဝင်များအပြင် ‌ဒေသခံ ပြည်သူများ ပါဝင်တက်‌ရောက်ခဲ့ကြသည်။