Home သတင်း ဖားအံတွင် ကရင်အာဇာနည်‌နေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်မည်

ဖားအံတွင် ကရင်အာဇာနည်‌နေ့ ဂုဏ်ပြုအခမ်းအနား ပြုလုပ်မည်

2378

ဇူလိုင် ၂၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ဩဂုတ် ၁၂ ရက်တွင် ကျ‌ရောက်မည့် နှစ် ၇ဝ ပြည့် ကရင်အမျိုးသားအာဇာနည်‌နေ့ အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားတစ်ခုကို ဖားအံမြို့၊ သု‌မေဓာရာမ၊ ကြား‌တောရ‌ကျောင်းတိုက်၌ ပြုလုပ် သွားမည်ဟု ကျင်းပ‌ရေး‌ကော်မတီ အဖွဲ့‌ခေါင်း‌ဆောင် ‌စောကြည်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကိုဗစ် ဗိုင်းရပ်စ် ကာကွယ်တိုက်ဖြတ်‌ရေး လုပ်‌ဆောင်‌နေသည့် ကာလဖြစ်သည့်အတွက် နှစ် ၇ဝ ပြည့် ကရင်အာဇာနည်‌နေ့တွင် လူစုလူ‌ဝေးဖြင့် ‌ဟော‌ပြောခြင်းများ မပြုလုပ်ရန် ဇူလိုင်၂ဝ ရက်တွင် ကြား‌တောရ‌ကျောင်းတိုက်၌ ကျင်းပသည့် ကျင်းပ‌ရေး‌ကော်မတီ ညှိနှိုင်းအစည်းအ‌ဝေးတွင် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။

“ Covid-19 ‌ကြောင့် မနှစ်ကလို လူအများကြီးနဲ့‌တော့ လုပ်လို့မရ‌တော့ဘူး‌ပေါ့။ လွမ်းသူပန်း‌ခွေနဲ့ တက် ‌ရောက်ဂုဏ်ပြုရင်လည်း တစ်ဖွဲ့ပြီးမှတဖွဲ့ ဂုဏ်ပြုရမှာပါ ” ဟု ဇူလိုင် ၂၁ ရက်တွင် ‌စောကြည်လင်းက ‌ပြောသည်။
ထို့အပြင် အခမ်းအနား၌ တစ်ဖွဲ့လျှင် အများဆုံး ၅ ‌ယောက်နှုန်းဖြင့်သာ တက်‌ရောက်ရန် လျာထားပြီး လွမ်းသူပန်း‌ခွေချ ဂုဏ်ပြုခြင်း၊ အာဇာနည်‌နေ့နှင့် ပတ်သက်သည့် လက်ကမ်းစာ‌စောင် ‌ဝေငှခြင်းတို့ ပြုလုပ်သွားရန် ကျင်းပ‌ရေး ‌ကော်မတီက စီစဉ်ထားသည်။

အခမ်းအနားကို နံနက် ၈ နာရီ ၄ဝ မိနစ်မှ မွန်းလွဲ ၂ နာရီအထိ ပြုလုပ်ရန် လျာထားပြီး ကျန်းမာ‌ရေး ဌာန၏ ထုတ်ပြန်ချက်များအတိုင်း နှာ‌ခေါင်းစည်း (Mask)ဝတ်ဆင်ခြင်း၊ လက်‌ဆေးခြင်း စသည်တို့ လုပ်‌ဆောင်ပြီးမှ အာဇာနည်များကို တက်‌ရောက်ဂါရဝပြုကြရမည်ဟု ကျင်းပ‌ရေး‌ကော်မတီ ထံမှ သိရသည်။

ယမန်‌နေ့က ပြုလုပ်သည့် ညှိနှိုင်းအစည်းအ‌ဝေးသို့ ကရင်ရဟန်း‌တော်များနှင့် ဘာသာ‌ရေးဆရာ‌တော် များ၊ ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ‌ကော်မတီ(KUPC)အဖွဲ့ဝင်များ၊ ကရင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်ပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်‌ရောက် ခဲ့သည်။

ဖားအံမြို့၌ ကရင်အာဇာနည်‌နေ့ အခမ်းအနားကို ကရင်အမျိုးသားရဟန်း သံဃာ‌တော်များ၊ ကရင်ရပ် မိရပ်ဖများက ဦး‌ဆောင်ကာ ၂၀၁၆ ခုနှစ်မှစတင်ကျင်းပခဲ့ပြီး ယခင်နှစ်အခမ်းအနားသို့ လူ ၅၀ဝ ဦး ‌ကျော်တက်‌ရောက်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် အစိုးရမှ ‌နှောင့်ယှက်ဟန့်တားခြင်းများ မရှိခဲ့ဖူးသည့်အပြင် အစိုးရဌာနဆိုင်ရာမှ တာဝန်ရှိသူအချို့လည်း နှစ်စဉ် တက်‌ရောက်ဂုဏ်ပြုမှုအချို့လည်း ရှိသည်ဟု ပြည်နယ်အစိုးရ အဖွဲ့၊ ဝန်ကြီး‌ဟောင်းတဦးဖြစ်သူ ‌စောကြည်လင်းက ‌ပြောသည်။