Home ဆောင်းပါး သဘာဝပတ်ဝန်းကျင်သည် သက်ရှိတို့၏အသက်

သဘာဝပတ်ဝန်းကျင်သည် သက်ရှိတို့၏အသက်

2216

စရှူခလိန်

ဧပြီလနှင့်‌မေလတို့၏ အပူရှိန်သည် လွန်စွာ ပြင်းလှပါသည်။ အပူပြင်းလွန်းလှသဖြင့် ‌လောက ကြီးအတွင်း၌ ရှင်သန်လှုပ်ရှား ‌နေထိုင်ကြ‌သော သက်ရှိသတ္တဝါတို့မှ အပူဒဏ်ကို အလူးအလိမ့် ခံ‌နေ ကြရသည်။

၉းဝဝ နာရီ‌လောက် ‌ရောက်သည်နှင့်အပူရှိန်သည် တဖြည်းဖြည်း မြင့်တက်လာပါ‌တော့သည်။ ထိုမှ ည‌နေ ၅းဝဝနာရီ ‌လောက်‌ရောက်မှ အပူရှိန်သည် တဖြည်းဖြည်းပြန်လည် ကျဆင်းလာ‌လေသည်။ တချို့တိုင်း‌ဒေသကြီးများ၌ အပူရှိန်မှာ ၄၈ ဒီဂရီ ဖာရင်ဟိုက်အထိ ‌ရောက်ရှိသွားသည်ကို ‌တွေ့ရသည်။ ညဆိုလျှင် အပူရှိန်သည် အိပ်‌ရေးကို ပျက်‌စေသည်။ ၁၂းဝဝ နာရီ‌လောက်‌ရောက်မှ အိပ်လိုရကြသည်။

စင်စစ် ‌လောကရှိ သက်ရှိသတ္တဝါတို့သည် သက်မဲ့ ပတ်ဝန်းကျင်ရှိ သစ်ပင်‌တော‌တောင် ‌ရေ‌မြေ များကို မှီခိုပြီး အသက်ရှင်‌နေထိုင်ကြသည်။ ယ‌နေ့ မျက်‌မှောက်‌ခေတ်တွင် သစ်ပင်‌တော‌တောင်များကို ထိန်းသိမ်းခြင်းမရှိ ဖြုန်းတီးလာကြသဖြင့် အပူဒဏ် မှာ ပြင်းထန်လာ‌တော့သည်။ စက်မှုလက်မှု သိပ္ပံတို့ တိုးတက်လာသဖြင့်လည်း တဖက်တွင် ဆုံးရှုံးမှုနှင့် ရင်ဆိုင်လာကြရသည်။ စက်ရုံများ၏ ထုတ်လွှတ် လိုက်‌သော ကာဗွန်ဒိုင်‌အောက်ဆိုက်ဓာတ်သည် ‌ဘေးအန္တရာယ်ကို ဖြစ်‌ပေါ်‌စေသည်။ လူသားတို့၏ အသက်ရှင်‌နေထိုင်‌ရေးသည် ဖုတ်လှိုက်ဖုတ်လှိုက် အဖြစ် အနုတ်လက္ခဏာပြလာသည်။

လူသားအပါအဝင် သက်ရှိသတ္တဝါများသည် ပထဝီ၊ ‌တေ‌ဇော၊ ဝါ‌ယော၊ အာ‌ပေါ (‌မြေ၊ မီး၊ ‌လေ၊ ‌ရေ)တည်းဟူ‌သော ဓာတ်ကြီး‌လေးပါးကို အမာခံ အဖြစ် ‌ဆောက်တည်၍ ‌နေထိုင်ကြရပါသည်။ ယင်းဓာတ်ကြီး‌လေးပါး ‌ကောင်းလျှင် အသက်ရှည် မည်။ ညံ့လျှင် အသက်တိုမည်။ အနာထူ‌ပြောမည်။ စင်စစ် ‌မြေ၊ မီး၊ ‌လေ၊ ‌ရေ တို့သည်သာ လူသားတို့ အသက်ပင် ဖြစ်သည်။ ယ‌နေ့ကမ္ဘာ‌ပေါ်ရှိ ‌မြေ၊ ‌လေ၊ ‌ရေ တို့သည် ဘယ်အ‌ခြေအ‌နေများ၌ ‌ရောက်ရှိ‌နေပြီး ဖြစ်သနည်း။ ဆန်းစစ်‌လေ့လာ သင့်‌ပေသည်။ ဇီဝ ‌ဗေဒ ပညာရှင်တို့သည် ‌မြေ၊ ‌ရေ၊ ‌လေထု သန့်ရှင်း ‌ရေးကို ‌ရှေ့တန်းတင်ပြီး ‌ဆောင်ရွက်လာကြသည်။ တိုးတက်လာ‌သော စက်မှုလက်မှု အလုပ်ရုံများ၏ ဓာတ်‌ငွေ့နှင့် အဏုမြူဓာတ်‌ငွေ့တို့သည် ‌မြေ၊ ‌ရေ၊ ‌လေထုထဲသို့ စူးဝင်ပျံ့နှံ့လျက်ရှိ‌နေကြသည်။ ငရဲမီး ‌ဆေးရည်များ‌ကြောင့် ‌မြေဆီလွှာများ ‌ပြောင်းလဲကာ ရာသီဥတုကိုပါ ‌ဖောက်ပြန် ‌ပြောင်းလဲလာခဲ့သည်။

ထိုအခါ ကမ္ဘာအရပ်ရပ်ရှိ ‌လေမုန်တိုင်းထန်ခြင်း၊ ‌ရေကြီးခြင်း၊ အခါမဲ့ မိုးကြီးများ သီးထန်ခြင်း၊ မိုးသီး များ ‌ကြွေကျခြင်း၊ မိုးကြိုးပစ်ချခြင်း၊ ‌မြေငလျင် ကြီးစွာလှုပ်ခြင်း၊ ‌ရေကြီး‌ရေလျှံများ ဖြစ်‌ပေါ်ခြင်း အပူအ‌အေးများ လွန်ကဲဖြစ်‌ပေါ်ခြင်း၊ ‌ရေခဲပြင်များ အရည်‌ပျော်ကာ ပင်လယ်ဖြစ်လာခြင်း၊ မီး‌တောင်များ ‌ပေါက်ကွဲခြင်း စ‌သော သဘာဝ ‌ဘေးအန္တရာယ်ကြီး များသည် ‌ယေဘုယျအားဖြင့် အလိုအ‌လျောက် ဖြစ် ‌ပေါ်လာကြ‌လေ့ မရှိ‌ချေ။ ‌မြေ၊ ‌ရေ၊ ‌လေများကို ထိန်း သိမ်းမှု မရှိခြင်း‌ကြောင့် ယင်းသဘာဝ အန္တရာယ်ကြီး များမှာ ‌ပေါ်‌ပေါက်လာရခြင်းဖြစ်သည်။

ထို့‌ကြောင့် “ဆင်နင်းလို့ မ‌သေ၊ ဆင်‌ချေးပိလို့ ‌သေ” ဆိုသကဲ့သို့ အဏုမြူဗုံးများဖြင့် တိုက်ခိုက် ထိမှန်ခြင်းထက် ‌မြေ၊ ‌ရေ၊ ‌လေထုထဲ၌ ပျံ့နှံ့‌နေ‌သော အဏုမြူအဆိပ်များ‌ကြောင့် ရာသီဥတု ‌ဖောက်ပြန် ခြင်း၊ အစာ‌ရေစာ ‌ခေါင်းပါးခြင်းနှင့် အနာ‌ရောဂါ များခြင်း ဟူ‌သော ဆင်‌ချေးကို ပိုမို ‌ကြောက်လန့်ကြ ရ‌လေ၏။

‌လေထုထဲတွင် ပျံ့နှံ့‌နေ‌သော အဏုမြူအဆိပ်များ ကို ရှူရှိုက်ရခြင်း၊ ထို‌ရေကို ‌သောက်သုံးရခြင်းနှင့် ထို‌မြေ၊ ‌ရေ၊ ‌လေတို့မှ ဖြစ်ထွန်းလာ‌သော အသီးအနှံ များကို စား‌သောက်ရခြင်းသည် အချိန်ရှိသမျှ အဆိပ်ပါ‌သော အာဟာရကို မျို‌နေကြရသလိုပင် ဖြစ်သည်။ ‌ရောဂါများကို ဝယ်ယူ‌နေခြင်းလည်း ဖြစ်သည်။

ယ‌နေ့‌ခေတ်တွင် ဒီတီတီ‌ဆေးများ ‌ကောက်ပဲသီး နှံ ပိုးသတ်‌ဆေးများ၊ ဓာတ်‌မြေဩဇာ‌ဆေးများ အပါအဝင် စိုက်ပျိုး‌ရေး‌ဆေး အမျိုးစုံထုတ်လုပ်ပြီး စိုက်ပျိုးသုံးစွဲ‌နေကြသည်ကို ‌တွေ့ရ‌ပေလိမ့်မည်။ ထို အခါ အပင်များ၌ အဆိပ်ပါ‌သော အသီးအပွင့်များဖြင့် သီးပွင့်လာကြပြီး လူသားများက စား‌သောက်ကြ သည်။ တချို့အသီးများဆိုလျှင် ဝင်းမှည့်လှပ ပြည့် ဖြိုး‌နေသဖြင့် ‌နေလို့မရ‌အောင် စားချင်စရာ ဖြစ် လာ‌လေသည်။ ထို့ပြင် စက်ရုံများ၊ မီးရထား၊ ကား စသည်တို့မှ မီးခိုးအညစ်အ‌ကြေးများသည်လည်း ‌ရေထု၊ ‌လေထုများကို ညစ်ညမ်း‌စေ၍ ‌ရေသတ္တဝါများ နှင့် သီးနှံများ ပထမဆုံး ပျက်စီးကြရ‌လေသည်။ စားသုံး‌သော လူအများမှာလည်း အဆုတ်နှင့် စပ်လျဉ်း‌သော ‌ရောဂါများကို ဖြစ်ပွား‌စေပြန်သည်။

လွန်ခဲ့‌သော ၁၉၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်မှ ၁၄ ရက်‌နေ့အထိ လန်ဒန်မြို့၌ စက်ရုံမီးခိုးများနှင့် နှင်းများ‌ရော‌ထွေးကာ နှင်းအ‌မှောင်ကျ၍ လူ‌ပေါင်း ၄၀ဝဝ နှင့် တိရစ္ဆာန်များ အများအပြား ‌သေ‌ကြေ ပျက်စီးခဲ့ကြရဖူးသည်။ စင်စစ် ‌လေသည် သတ္တဝါတို့ ၏ အသက်ရှင်ရပ်တည်မှု၌ အဓိကပဓာန အကျ ဆုံး‌သော အာဟာရပင်ဖြစ်သည်။ အိနိ္ဒယနိုင်ငံ ‌ယောဂီတို့သည် အစာမစားပဲ ‌လေကို ရှူရှိုက်‌နေရုံမျှ ဖြင့် အသက်ရာ‌ထောင် ရှည်‌နေနိုင်ကြသည်။ ‌လေထဲ၌ ‘ပြာဏ’ ‌ခေါ် အသက်ဓာတ် ပါဝင်‌နေ‌သော‌ကြောင့် ဟုဆိုပါသည်။

သိပ္ပံပညာရှင်များက “လူသည် ဝင်‌လေဖြင့် ‌အောက်စီဂျင်ဓာတ်ကို စုပ်ယူစားသုံး၍ ထွက်‌လေ ဖြင့် ကာဘွန်ဒိုင်‌အောက်ဆိုက်ဓာတ်ကို စွန့်ပစ်ရ သည်။ သစ်ပင်တို့မှာကား လူသားတို့နှင့် အပြန်အ လှန်ပင်၊ အသက်ရှင်‌ရေး၌ အညမညအဖြစ် အ‌ပေး အယူ လုပ်ကြရ၏။ လူတို့ထုတ်လွှတ်လိုက်‌သော ကာဘွန်ဒိုင်‌အောက်ဆိုက်ဓာတ်ကို သစ်ပင်တို့က စားသုံးကြသည်။ လူတစ်‌ယောက် အသက်ရှင်နိုင်ရန် ‌အောက်စီဂျင်ဓာတ်ပါဝင်‌သော‌လေ လီတာ‌ပေါင်း ၁၄၀ဝဝ ကို ‌နေ့စဉ်ရှူရှိုက်‌ပေးရ၏။”

လူသားတို့ အသက်ရှင်‌ရေးအတွက် ‌လေထုတွင် အချိုးအစား ကိုက်ညီရန်လည်း အထူးလိုအပ်ပါသည်။ ‌အောက်စီဂျင်ဓာတ်‌ငွေ့ ၂၁ ရာနှုန်း၊ နိုက်ထရိုဂျင် ဓာတ်‌ငွေ့ ၇၈ ရာနှုန်း၊ ကာဘွန်ဒိုင်‌အောက်ဆိုက် ဓာတ်‌ငွေ့ ဝ.၃ ရာနှုန်း ပါရှိရမည်ဖြစ်သည်။ ထိုဓာတ် ‌ပေါင်း အချိုးအစားတွင် ကာဘွန်ဒိုင်‌အောက်ဆိုက် ဓာတ်မှာ လိုအပ်သည်ထက် ပိုလွန်ခဲ့‌သော် အသက် အန္တရာယ် စိုးရိမ်းရ၏။

ကမ္ဘာ့‌လေထုကို ပြန်‌လေ့လာကြည့်သည့်အခါ လွန်ခဲ့‌သော နှစ်‌ပေါင်း တစ်ရာခန့်မှစ၍ စက်မှုလုပ် ငန်းများ၌ ထင်းနှင့်မီး‌သွေးကို အသုံးပြုခဲ့ကြရသဖြင့် ကမ္ဘာ့‌လေထုတွင် ကာဘွန်ဒိုင်‌အောက်ဆိုက်ဓာတ် ၁ဝ ရာနှုန်း တိုးလာခဲ့၏။ လာမည့်နှစ် ၂ဝ တွင် စက်မှု‌လောင်စာများ ပိုမိုအသုံးပြုလာရန်ရှိသဖြင့် ၂၅ ရာနှုန်းအထိ တိုးလာနိုင်သည်ဟု တွက်ချက်ရရှိသည်။ ဓာတ်ဆီ၊ ဒီဇယ်နှင့် ခဲပါ‌သော ‌လောင်စာများကို အသုံးပြုလာကြပြန်ရာ ‌မော်‌တော်ကား ဓာတ်ခိုး ဓာတ်‌ငွေ့များ‌ကြောင့် အ‌မေရိကန်တို့၏ ‌သွေးအ‌လေး ချိန် ဂရမ် ၁၀ဝ တွင် ပျမ်းမျှ ခဲအ‌လေးချိန် ၂၅ ရာနှုန်း မိုက်ကရိုဂရမ်ရှိ‌နေပြီးဟု ‌တွေ့ရှိရသည်။ ဂရမ် ၈ဝ ရှိလာ‌သော် အသက်‌ဘေးမှာ စိုးရိမ်‌ရေ အမှတ်ဟု ဆိုကြ‌လေသည်။

ထို့‌ကြောင့် ယ‌နေ့ကမ္ဘာ့‌မြေ၊‌ရေ၊‌လေထုသည် (အဏုမြူ စစ်ပွဲမဖြစ်သည့်တိုင်ဦး) အသက်ရှင်မှု၌ စိုးရိမ်‌ရေမှတ်သို့ နီးကပ်‌နေပြီးဟု ဆိုရ‌ပေလိမ့်မည်။ လူသားတို့လုပ်သမျှသည် သုခနှင့်အတူ ဒုက္ခများပါ ပူတွဲ၍အမြဲ ပါလာ‌တော့သည်။

ဇီဝ‌ဗေဒ သိပ္ပံပညာရှင်တို့သည် လူသားတို့ အသက်ရှင်‌ရေး၌ ‌ကြောင့်ကြပူပန် ‌နေကြရသကဲ့သို့ ဘူမိ‌ဗေဒ သိပ္ပံပညာရှင်တို့ကလည်း ကမ္ဘာ‌မြေအတွက် စိုးရိမ်မကင်း ဖြစ်‌နေကြသည်။ စက်မှုလက်မှု အခိုး အ‌ငွေ့များ၊ အဏုမြူဓာတ်‌ငွေ့များ‌ကြောင့် ‌မြေ၊‌ရေ၊ ‌လေထုမှာ ကမ္ဘာ့အပူအ‌အေးများ အချိုးအစား ‌ပြောင်းလဲလာသဖြင့် ကမ္ဘာ့ဝင်ရိုးစွန်း ‌ဒေသများ၌ ‌ရေခဲ‌တောင်များ အရည်‌ပျော်ခြင်း၊ မုန်တိုင်းများ တ‌နေ့တခြား များပြားလာကာ ကမ္ဘာ့ရာသီဥတု ‌ပြောင်းလဲလာခြင်းတို့‌ကြောင့် အသက်အိုးအိမ် စည်း စိမ်များ ဆုံးပါးလာကြသည်ကို ‌တွေ့မြင်‌နေရ သည်။

သိပ္ပံပညာရှင်တို့က ကမ္ဘာ့ရာသီဥတုများ ‌ဖောက် ပြန်မှု‌ကြောင့် “မကြာမီ ‌ရေခဲပြင်‌ခေတ်သို့ ‌ရောက် ‌တော့‌လေမည်လား” ဟု ‌ကြောက်ရွံ့စိုး‌နေကြပြန် သည်။

လွန်ခဲ့‌သော ၁၉၇၄ ဇွန်လ ၁၅ ရက်မှစ၍ နိုင်ငံ ‌ပေါင်း ၇ဝ မှ သိပ္ပံပညာရှင်ကြီးများ သ‌ဘေင်္ာ ၃၈ စင်း၊ ‌လေယာဉ်ပျံ ၁၃ စင်းတို့ဖြင့် အပူတပြင်း ‌လေ့ လာ‌နေကြသည်။ ကမ္ဘာ့‌မြေပြင်၏ စတုရန်းမိုင် ၅၈၀ဝ၀ဝဝ ခန့်တွင် ‌ရေခဲပြင်များ အုပ်စိုးလျက်ရှိ၏။ (၇၁ ရာနှုန်းမှာ ‌ရေပြင်၏ ‌နေရာဖြစ်သည်။) ‌တောင် အ‌မေရိကတိုက်ရှိ အင်ဒီးစ်‌တောင်တန်း ‌တောင်ဝိုင်းမှ စတင်ခဲ့‌သော ‌ရေခဲပြင်ကြီးသည် အ‌နောက်ဘက် ချီလီနိုင်ငံ၊ အ‌ရှေ့ဘက်တွင် အာဂျင်တီးနား နိုင်ငံ များအထိ ကျယ်ပြန့်သွား‌နေသည်ဟု ဆိုပါသည်။

ကမ္ဘာ့‌လေထုသည် လွန်ခဲ့‌သော နှစ်‌ပေါင်း ၃ဝ ခန့်မှစ၍ တဖြည်းဖြည်း ‌အေးမြလာ၏။ ကမ္ဘာ့အပူ အချိန်သည် ၁၉၄ဝ ပြည့်နှစ်များတွင် ဖာရင်ဟိုက် ၂၇.၁၄ ဒီဂရီခန့် ‌လျော့ကျခဲ့သည်။ ထို့‌ကြောင့် အိုက်စလန်အနီး ‌ရေပြင်များ ‌ရေခဲပြင်ဖြစ်လာသည်။ ၁၉၇၁ ခုနှစ်တွင် ‌ရေခဲပြင်နှင့် ဆီးနှင်း‌ဒေသ ၁၂ ရာနှုန်းတိုးချဲ့လာ၏။ အ‌နွေးဥတုကြိုက် သတ္တဝါများ မှာ အ‌နွေးဥတုရှိရာ ‌တောင်ပိုင်းသို့ ‌ပြောင်း‌ရွေ့သွားကြ သည်။

ဝင်ရိုးစွန်း‌ဒေသ၌ ‌လေတိုက်ခတ်မှု များလာခြင်း ‌ကြောင့် အာဖရိကတိုက်၌ ၁၉၆၇ ခုနှစ်မှစ၍ ‌ခြောက် နှစ်ဆက်တိုက် ရုတ်တရက် မိုး‌ခေါင်ခြင်း၊ ‌မြောက် အ‌မေရိကတိုက် အလယ်ပိုင်းနှင့် အ‌ရှေ့အလယ်ပိုင်း အိနိ္ဒယတို့၌ မိုး‌ခေါင်ခြင်း၊ သဲကန္တာရများ ‌တောင် ဘက်သို့ တဖြည်းဖြည်း ချဲ့ကားကျယ်ပြန့်လာခြင်း၊ အ‌မေရိကန်၌ မုန်တိုင်းကျခြင်းများ ဖြစ်‌ပေါ်ခဲ့ သည်။

၁၉၇၂ ခုနှစ်၌လည်း အ‌မေရိကန်၊ ပါကစ္စတန်နှင့် ဂျပန်တို့၌ မိုးကြီး‌ရေလွှမ်းခြင်း၊ က‌နေဒါ၊ ဗြိတိန်တို့၌ မိုး‌နောက်ကျခြင်း၊ အ‌မေရိကန် အ‌နောက်ပိုင်း၌ ‌အေးလွန်း‌သော ‌ဆောင်းရာသီဖြစ်ခိုက် အ‌ရှေ့ဘက်ရှိ နယူးအဂင်္လန်နှင့် ဥ‌ရောပတို့၌ ‌နွေး‌သော ‌ဆောင်း ရာသီဖြစ်ခြင်း စသည်ဖြင့် ရာသီဥတုများ က‌မောက် ကမ ‌ဖောက်ပြန်လာလျက်ရှိ‌လေသည်။

ထိုအခါ ကမ္ဘာ့ရာသီဥတု ‌အေးရာမှ ‌နွေးလာ‌သော် ‌ရေခဲများ အရည်‌ပျော်၍ ပင်လယ်‌ရေမျက်နှာပြင် မြင့် တက်လာကာ (‌ပေ ၂၀ဝ အထိ တက်နိုင်သည်) ကမ်း ရိုးတန်းမြို့ကြီးများ ကမ္ဘာ့အနှံ့ ‌ရေ‌အောက်သို့ နစ် မြုပ်သွားနိုင်‌လေသည်။ ‌ရေခဲပြင်များ ဖြစ်‌ပေါ်လာခဲ့ လျှင် ဆီးနှင်းများကျ‌လေ့ရှိရာ ပင်လယ်‌ရေမှ အခိုး ပြန်ရသဖြင့် ‌ရေပြင်နိမ့်ဆင်းသွားမည်။ နိမ့်ချည် မြင့်ချည်ဖြစ်၍ ရာသီဥတုနှင့် ပထဝီပြင်များ ‌ပြောင်း လဲသွား‌ပေလိမ့်မည်။ လက်ရှိ ‌ရေခဲပြင်များမှာ ၉၆ ရာနှုန်း ‌တောင်ဝင်ရိုးစွန်းနှင့် ဂရင်းလန်းကျွန်းဖြစ်၍ ၄ ရာနှုန်းမှာ ဩစ‌တြေးလျတိုက်မှ တစ်ပါးကမ္ဘာ အနှံ့ပင် ဖြစ်သည်။

အထက်ပါ အ‌ခြေအ‌နေကို ‌လေ့လာကြည့်လျှင် ယ‌နေ့လူသားတို့ ‌နေထိုင်ရာကမ္ဘာသည် ‘‌ရေခဲကမ္ဘာ ကြီး’ ဖြစ်လာမည်ကို ထိတ်လန့်‌နေကြရသည်။ ရာသီ ဥတုကို အ‌ခြေခံ‌သော ယ‌နေ့ကမ္ဘာသည် စိုးရိမ်ရဖွယ် အ‌ခြေအ‌နေမှာ ‌ရောက်ရှိလို့‌နေသည်။ လွန်ခဲ့‌သော နှစ်‌ပေါင်းများက တွက်ချက်‌တွေ့ရှိမှုများကို ပြန်လည် ‌လေ့လာ၍ ယ‌နေ့မျက်‌မှောက်တွင် ရာသီဥတုများ ‌ဖောက်ပြန်ပျက်စီး ဖြစ်‌ပေါ်မှုများကို နှိုင်းယှဉ်‌လေ့လာ ရပါလိမ့်မည်။

မြန်မာနိုင်ငံအ‌နေနှင့် ၂၀ဝ၈ ခုနှစ်တွင် နာဂစ် မုန်တိုင်းကြီး ဖြစ်‌ပေါ်ခဲ့မှု၊ ယခု‌နွေရာသီတွင် အပူရှိန် များ မြင့်တက်လာမှု၊ အချိန်မဟုတ်သည်၌ မိုးရွာ သွန်းမှု၊ မိုးသီးများ ‌ကြွေကျမှု စသည်တို့မှာ ရာသီ ဥတု‌ဖောက်ပြန်ခြင်းများပင် ဖြစ်သည်။ ယင်းသို့ ရာသီဥတုများ ‌ဖောက်ပြန်ရသည်မှာ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ‌ရေ‌မြေ‌တော‌တောင်များကို ထိန်းသိမ်းနိုင်ခြင်း မရှိခြင်း‌ကြောင့်ပင် ဖြစ်သည်။ သစ်ပင်များကို အတိုင်းအတာမရှိ မိမိတို့၏‌လောဘ ‌ဇောဖြင့် ခုတ်လှဲကြသည်မှာ တချို့‌ဒေသ၌ ‌တောင် ကတုံးများသာ ကျန်‌တော့သည်ကို ‌တွေ့ရ‌လေသည်။ အတိတ်က ဆိုးဝါးလှ‌သော စနစ်၏မ‌ကောင်းမှု၊ ပညာမဲ့လွန်းအားကြီးမှုတို့‌ကြောင့် ယ‌နေ့မျက်‌မှောက် တွင် အကျိုးဆက်အဖြစ် တတိုင်းပြည်လုံး ပူ‌လောင် မှုကို ခံစား‌နေကြရပြီ ဖြစ်သည်။

တိုင်းပြည်အုပ်ချုပ်သူတို့သည် တိုင်းသူပြည်သား တို့အား ကရုဏာ၊ ‌စေတနာ၊ ‌မေတ္တာ ထားရှိမှသာလျှင် တိုင်းကျိုးပြည်ကျိုးကို ‌ဆောင်ရွက်သင့်ပါသည်။ လစာ အများကြီးယူလျက် ‌မှေးပြီးလိုက်သွားပါလျှင် အဖက်ဖက်က ဆင်းရဲမည်မှာ‌သေချာသည်။ မိမိတို့ ၏ အတ္တတစ်ခုတည်းကို မကြည့်သင့်‌ချေ။ ယခုအခါ မိုးကျလာပြီ ဖြစ်သည်။ ‌နွေရာသီတွင် အပူဒဏ်ကို ခံနိုင်ရန် ယခုကတည်းက မိုးကျလာသည်နှင့် သစ် ပင်များကို ပြန်လည်စိုက်ပျိုးရမည်။ စနစ်တကျ စီမံ ကိန်းချမှတ်ပြီး ‌ဆောင်ရွက်ကြရမည်။ တချို့‌ဒေသ များ၌ နှစ်စဉ်သစ်ပင်များ ပြန်လည်စိုက်ပျိုးလျက် ရှိကြသည်။ သစ်ပင်ရိပ်ကို ခိုဘူးလျှင် ‌ကျေးဇူးတရား ရှိသည်ဟုပင် ဇာတ်‌တော်များ၌‌တွေ့ရသည်။ သစ်ပင် ကို ခုတ်လှဲပါမူကား ပို၍ပင် ‌ကျေးဇူးတရားက ဆပ် လို့ ကုန်မည် မဟုတ်‌ပေ။

ထို့‌ကြောင့် လူသားအပါအဝင် သက်ရှိသတ္တဝါ များ ချမ်းသာစွာ‌နေထိုင်နိုင်ရန် သဘာဝပတ်ဝန်းကျင် ကို ထိန်းသိမ်းကြလျက် တတိုင်းပြည်လုံး စိမ်းလန်း စို‌ပြေ သာယာ‌ရေးအတွက် မြို့နယ်‌ကျေးရွာ ‌ဒေသ တိုင်းတို့၌ မိမိတို့ကိုယ်တိုင် သစ်ပင်များပြန်လည် စိုက်ပျိုးကြရန် တိုက်တွန်းလိုက်ရပါသည်။

စရှူခလိန် (ထီးထာကလုန်း)