Home သတင်း ‌ဒေါ်လာအင်း မကြုံစဖူး‌ရေခန်း‌ခြောက်မှုနှင့်ကြုံရပြီး ငါးအ‌မြောက်အမြား‌သေဆုံးမှုဖြစ်‌ပေါ်

‌ဒေါ်လာအင်း မကြုံစဖူး‌ရေခန်း‌ခြောက်မှုနှင့်ကြုံရပြီး ငါးအ‌မြောက်အမြား‌သေဆုံးမှုဖြစ်‌ပေါ်

2736
Photo: Local

‌မေ ၁၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်း ငါးမျိုးစိတ်များစွာကို ကာကွယ်ထိန်းသိမ်းထားသည့် မိကရင်ရွာရှိ ‌ဒေါ်လာအင်းတွင် ယခုနှစ်မကြုံစဖူး ‌ရေခန်း‌ခြောက်မှုများနှင့်ကြုံ‌တွေ့‌နေရသည့်အပြင် ငါးအ‌မြောက်အမြား ‌သေဆုံးမှုဖြစ်‌ပေါ်‌နေ‌ကြောင်း ‌ဒေါ်လာအင်းထိန်းသိမ်း‌ရေး ‌ကော်မတီထံမှ သိရသည်။

ယခုလမှစတင်ကာ ‌နေ့အပူချိန်နှင့် ညအပူချိန် အလွန်မြင့်မားလာ‌နေမှုနှင့်အတူ အင်း‌ရေများ အဆမတန်ခန်း ‌ခြောက်လာမှုများ‌ကြောင့် ၎င်းအင်းအတွင်းထိန်းသိမ်းထားသည့် ငါးများ ပိဿာချိန်‌ထောင်နှင့် ချီ‌သေဆုံးမှုများ ဖြစ်‌ပေါ်‌ကြောင်း ‌ဒေါ်လာအင်း ထိန်းသိမ်း‌ရေးတာဝန်ရှိသူများက ‌ပြောသည်။

“ ‌ဒေါ်လာအင်းမှာ ဒီလို‌ရေခန်း‌ခြောက်သွားတာ တစ်ခါမှမရှိဘူး။ ‌ရေခန်း‌တော့ အင်းထဲကငါး‌တွေက တချို့‌သေ သွားတယ် ။ ကျန်တဲ့တချို့ကလည်း ‌ရေကနည်းပြီး ငါးကများ‌တော့ ငါးတစ်ချို့ကိုလည်း ဖမ်းပြီး အင်းထိန်းသိမ်း ‌ရေးရံပုံ‌ငွေအဖြစ် ‌ရောင်းလိုက်တယ်။ ငါးဦးစီးဌာနက ‌ရေလာတိုင်းကြည့်‌တော့ ‌ရေ‌အောက်စီဂျင်က ၁ ပဲရှိ‌တော့ ငါး‌တွေအသက်မရှင်နိုင်‌တော့ဘူး‌ပြောတယ်။ အဲဒါ‌ကြောင့် ငါး‌တွေကို တစ်ဝက်‌ရောင်းလိုက်ရတယ်” ဟု အင်း ထိန်းသိမ်း‌ရေး‌ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ‌နော်မြဝင်းက ‌ပြောသည်။

Photo: Local

ယခင်နှစ်များက နှစ်စဉ်လိုလိုအင်း‌ရေခန်း‌ခြောက်မှု ဖြစ်‌ပေါ်ခဲ့‌သော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားစွာ ဖြစ်‌ပေါ်ခဲ့ သည့်အပြင် ‌မေလ ၅ ရက်‌နေ့မှစတင်ကာ ငါးအ‌မြောက်အမြား သိသာစွာ ‌သေဆုံးလာမှုများ‌ကြောင့် ယ‌နေ့ အထိ ငါးပိဿာချိန် ၂ ‌ထောင်‌ကျော်‌သေဆုံးသွားပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် အင်းအတွင်း ‌ရေအလွန်နည်းလာသည့်အတွက် ‌နောက်ထပ် ငါးပိဿာချိန် ၃၀ဝ ‌ကျော်ကို ရံပုံ‌ငွေအ တွက်ရည်ရွယ်ကာ ဖမ်းဆီး‌ရောင်းချမှုများ ပြုလုပ်ခဲ့ရ‌ကြောင်းလည်း အင်းထိန်းသိမ်း‌ရေး ‌ကော်မတီများ၏ ‌ပြောပြချက်အရ သိရသည်။

အင်း‌ရေများ အဆမတန်ခန်း‌ခြောက်လာမှု‌ကြောင့် ‌သေဆုံးသွားသည့် ငါးအမျိုးအစားများထဲမှ ငါးဘတ်ငါးမျိုး အစားမှာ အများဆုံးဖြစ်ပြီး ထိုအထဲတွင် အကြီးဆုံး ၁ဝ ပိဿာ အ‌လေးချိန်ရှိသည့် ငါးများလည်းပါဝင်သည်ဟု သိရသည်။

‌ဒေါ်လာအင်းသည် ဧက‌ပေါင်း ၆,၅၀ဝ ‌ကျော်အကျယ်ရှိပြီး မိကရင်၊ မုက္ကဒိ၊ ခဲ‌တောက်၊ ကမ်းကြီး၊ ကမ်းက‌လေး စသည့် ‌ကျေးရွာ ၅ရွာ၏ ဧရိယာထဲတွင် နယ်နိမိတ် ထိစပ်‌နေကာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ပြည်နယ်အစိုးရမှ အင်းအား ‌လေလံတင်ရန် ကြိုးပမ်းခဲ့မှုများရှိသည့်အတွက် ‌ဒေသခံများမှ မလိုလားဘဲ သဘာဝအတိုင်းသာ ထားရှိ‌စေချင်‌သော‌ကြောင့် ၂၀၁၆ ခုနှစ်တွင် အင်းထိန်းသိမ်း‌ရေး‌ကော်မတီဖွဲ့ပြီး ပြန်လည် ထိန်းသိမ်းလိုက်ခြင်းလည်း ဖြစ်သည်။