Home သတင်း တပ်မ‌တော် အပစ်ရပ်‌ကြေညာချက်သည် မှန်ကန်သည့်သ‌ဘောထားမဟုတ်ဟု KNU Concerned Group ‌ပြော

တပ်မ‌တော် အပစ်ရပ်‌ကြေညာချက်သည် မှန်ကန်သည့်သ‌ဘောထားမဟုတ်ဟု KNU Concerned Group ‌ပြော

8268

‌မေလ ၁၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

‌မေလ ၉ ရက်‌နေ့က ထုတ်ပြန်ထားသည့် မြန်မာ့တပ်မ‌တော်၏ ၃ လ‌ကျော်ကြာ အပစ်ရပ်‌ကြေညာချက်သည် အမှန်တ ကယ်ငြိမ်းချမ်း‌ရေး လိုလားခြင်း‌ကြောင့် မဟုတ်‌ကြောင်း KNU Concerned Group က ယ‌နေ့ (‌မေလ ၁၂ရက်) တွင် သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

တပ်မ‌တော်၏ အပစ်ရပ် ထုတ်ပြန်ချက်သည် အမှန်တကယ်ငြိမ်းချမ်း‌ရေးကို လိုလားခြင်းမဟုတ်ဘဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA) အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအ‌ပေါ် ထိန်းချုပ်ထားနိုင်‌ရေးနှင့် လက်ရှိတိုက်ပွဲဖြစ်‌နေဆဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအ‌ပေါ် စစ်ဆင်‌ချေမှုန်း‌ရေး အတွက် နည်းပရိယာယ်တစ်ခုသာဖြစ်သည်ဟု ၎င်းအဖွဲ့က ဆိုသည်။

အဖွဲ့၏ ‌ပြောခွင့်ရ ယခင် KNU ဒု-ဥက္ကဋ္ဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်က “ အရင်က သူတို့(စစ်တပ်)ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ တစ်ဖက်မှာ အပစ်ရပ်ထားပြီး ကျန်တစ်ဖက်ကို ထိုးစစ်ဆင်တာမျိုး‌ပေါ့။ ‌နေရာ‌ဒေသအသီးသီးကို အပစ်ရပ်‌ပေမဲ့ အထူးသ ဖြင့် ရခိုင်လို‌ဒေသမျိုးမှာ AA အ‌ပေါ် အပစ်မရပ်ဘူးဆိုတာက တစ်ဖက်က အင်အားကို ပြန်ယူပြီး ကျန်တစ်ဖက်ကို အပြီး သတ်‌ချေမှုန်းဖို့ဆိုတဲ့ ပုံစံမျိုး ရှင်းရှင်းလင်းလင်း‌ပေါ်လွင်‌နေပါတယ်။ ဒါ‌ကြောင့် ဒီလိုထုတ်ပြန်ချက်မျိုးက စစ်မှန်တဲ့ ငြိမ်းချမ်း ‌ရေးကို အမှန်တကယ်သွားလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ‌ပေါ်လွင်‌နေပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက ပြီးခဲ့သည့်‌မေလ ၉ရက်‌နေ့တွင် မြန်မာနိုင်ငံတွင်း COVID-19 ‌ရောဂါ ထိန်းချုပ် ကာကွယ်တားဆီး‌ရေးကို ပိုမိုကျယ်ပြန့်စွာ လုပ်‌ဆောင်နိုင်ရန်နှင့် ထာဝရ ငြိမ်းချမ်း‌ရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း ‌မေလ ၁ဝရက်မှ ဩဂုတ်လ ၃၁ရက်‌နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်‌ကြောင်း ထုတ်ပြန်‌ကြေညာထားသည်။

သို့‌သော် အဆိုပါ ‌ကြေညာချက်၌ နိုင်ငံ‌တော်မှ အကြမ်းဖက်အုပ်စုဟု သတ်မှတ်‌ကြေညာခြင်းခံထားရ‌သော အဖွဲအစည်း များရှိသည့်‌နေရာများမှအပ ကျန်‌နေရာ‌ဒေသများကိုသာ အပစ်ရပ်‌ကြောင်း ‌ပြောဆိုထားသလို အပစ်ရပ် ကာလအတွင်းမှာ လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့် ကာကွယ်‌ရေးဦးစီးချုပ်၏ ငြိမ်းချမ်း‌ရေး မူဝါဒ (၆)ချက်အနက် ၄ ချက်ကို အ‌လေးအနက်လိုက်နာရန်လည်း‌ပြောဆိုထားသည်။

ယင်းအချက်များအ‌ပေါ် အ‌ခြေခံပြီး တပ်မ‌တော်အ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ချန်လှပ်ပြီး အပစ်ရပ်ခြင်းသည် အမှန်တကယ် ငြိမ်းချမ်း‌ရေးနှင့် ပြည်တွင်းစစ်ရပ်စဲ‌ရေးကို မလိုလား‌ကြောင်း ပြသ‌နေသလို တပ်မ ‌တော်၏ ငြိမ်းချမ်း‌ရေးမူ (၆)ချက်သည်လည်း ၂၀၀၈ ဖွဲ့စည်းပုံ‌အောက်တွင်သာ လိုက်ပါ‌ဆောင်ရွက်ရမည်ဖြစ်‌ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအ‌ပေါ် နိုင်ငံ‌ရေးပြဿာနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းခွင့်မ‌ပေးထားသလို ၎င်းတို့အ‌နေဖြင့်လည်း နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် ‌ဖြေရှင်းလိုသည့်ဆန္ဒမရှိ‌ကြောင်း KNU Concerned Group က ‌ထောက်ပြ‌ဝေဖန်ခဲ့သည်။

“တိုင်းရင်းသား‌တွေ လိုလားတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုနဲ့ ဒီမိုက‌ရေစီဆိုတာက အားလုံးပါဝင်‌ရေးပါပဲ။ အဓိကက နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေး နည်းနဲ့ပဲ ‌ဖြေရှင်းဖို့လိုတယ်။ ဒါ‌ကြောင့် NCA အပစ်ရပ်ထိုးတဲ့ ‌ဒေသ‌တွေမှာပဲ အပစ်ရပ်တာမျိုး မဟုတ်ဘဲ လက်ရှိတိုက်ပွဲဖြစ်တဲ့ ‌ဒေသမှာလည်း အပစ်ရပ်ဖို့ အစိုးရက ညွှန်ကြားမှု‌ပေးရမှာဖြစ်သလို စစ်တပ်ကလည်း အပစ်ရပ်ရမှာဖြစ်တယ်။ အကုန်အပစ်ရပ်နိုင်မှပဲ နိုင်ငံ‌ရေး ပြဿနာကို ‌ဖြေရှင်းနိုင်မယ့် နည်းလမ်း‌တွေ ‌ပေါ်ထွက်လာ မှာဖြစ်တယ်” ဟု ပဒို‌နော်စီဖိုးရာစိန်က ဆက်‌ပြောသည်။

တပ်မ‌တော်၏ အပစ်ရပ်‌ကြေညာချက်၌ အပစ်ရပ်ကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အ‌နေဖြင့် သ‌ဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်း‌ရေး သ‌ဘောတူညီချက်များအ‌ပေါ် အမြတ်မထုတ်ရန်၊ ‌ဒေသခံပြည် သူများအ‌ပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်‌စေရန်နှင့် နိုင်ငံ‌တော်၏ ထုတ်ပြန်ထားသည့် တည်ဆဲ ဥပ‌ဒေများကို လိုက်နာရန် လိုအပ် ‌ကြောင်း ကာကွယ်‌ရေး ဦးစီးချုပ်၏ ငြိမ်းချမ်း‌ရေး မူဝါဒ(၆)ရပ်အနက် ‌ဖော်ပြပါ ၄ ချက်ကိုလည်းထည့်သွင်း‌ဖော်ပြထား သည်။

၎င်းတပ်မ‌တော်၏ အပစ်ရပ်‌ကြေညာချက်‌ကြောင့် မြန်မာပြည်တွင်း၌ ဖြစ်ပွား‌နေသည့် လက်နက်ကိုင် ပဋိပက္ခများနှင့် နိုင်ငံ‌ရေး ပြဿနာများမှ အ‌ပြောင်းအလဲတစ်ခုဖြစ်သွားနိုင်သည့် အ‌နေအထားမရှိဘဲ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းအားလုံးပါဝင်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတစ်ခု ဖြစ်‌ပေါ်လာရန် လိုအပ်‌ကြောင်း တိုင်းရင်းသားအ‌ရေး‌လေ့လာသူ ဦး‌မောင်‌မောင်စိုးက ယခု လိုသုံးသပ်သည်။

“အဓိက ပြဿနာက ကျ‌နော်တို့ ဒီက အပစ်မရပ်နိုင်‌သေးတဲ့ အဖွဲ့နဲ့ အပစ်ရပ်ဖို့လိုတယ်။ ဒါ‌ပေမဲ့ တပ်မ‌တော်က AA (ရ က္ခိုင့်တပ်‌တော်)ကို အကြမ်းဖက်အဖွဲ့ဖြစ်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ‌နေနဲ့ သ‌ဘောမထားနို်င်တဲ့ အ‌ခြေအ ‌နေဖြစ်တဲ့အခါကျ‌တော့ ဒီပြဿနာက ‌ဖြေရှင်းဖို့က အ‌တော်ခက်‌နေတယ်။ အဲ့‌တော့ AA မပါဘူးဆို‌တော့လည်း AAရဲ့ ‌မြောက်ပိုင်းမဟာမိတ်အဖွဲ့‌တွေ KIA အစရှိသည်‌ပေါ့၊ ဒီအဖွဲ့‌တွေနဲ့ ငြိမ်းချမ်း‌ရေး ရမလားဆို‌တော့လည်း ရဖို့က‌တော့ အခက်အခဲ‌တွေရှိပါတယ်။ တကယ်တမ်း အခုဖြစ်ဖို့က‌တော့ တပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် လက်နက်ကိုင် တိုက်‌နေတဲ့ အဖွဲ့အားလုံးပါတဲ့ ဒီစားပွဲဝိုင်း‌ဆွေး‌နွေးပွဲတစ်ခု လိုအပ်တာ‌ပေါ့” ဟု ၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် လတ်တ‌လော ကပ်‌ရောဂါ ဖြစ်ပွားမှုအ‌ပေါ် ကာကွယ်ထိန်းချုပ်‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကျန်းမာ‌ရေးစစ်‌ဆေးမှု ဂိတ်များကို တပ်မ‌တော်မှ တားဆီး‌နှောင့်ယှက်မှုများ၊ မီးရှို့ဖျက်ဆီး‌နေမှုများသည်လည်း လက်ရှိ ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးထက် တိုင်းရင်းသား နယ်‌မြေ‌ဒေသများအ‌ပေါ် နယ်‌မြေစိုးမိုး‌ရေး ဦးတည်‌ဆောင်ရွက်မှုများသာဖြစ်‌ကြောင်းလည်း KNU Concerned Group ၏ သ‌ဘောထားထုတ်ပြန် ချက်က ဆိုသည်။

ယခု တပ်မ‌တော်၏ အပစ်ရပ် မတိုင်မီ ကာလများတွင် NCA အပစ်ရပ်ထား‌သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများ၏ နယ်‌မြေများတွင် နှစ်ဖက်ထိ‌တွေ့ပစ်ခတ်မှုများရှိခဲ့သလို လတ်တ‌လော ရခိုင်နှင့် ချင်းပြည်နယ်အတွင်း တိုက်ပွဲ များ ဆက်လက်ပြင်းထန်‌နေမှုနှင့် အရပ်သားထိခိုက်‌သေဆုံးမှုမြှင့်တက်‌နေဆဲဖြစ်သည်။

KNU Concerned Group သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇွန်လပိုင်းတွင် ယခင်‌ကေအဲန်ယူ ဒု-ဥက္ကဋ္ဌ ‌ဟောင်း ပဒို‌နော်စီဖိုး ရာစိန် ဦး‌ဆောင်ဖွဲ့စည်း၍ ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းတို့၏ စိုးရိမ်ချက်များ၊ ရပ်တည်ချက်များကို အလျင်းသင့်သလို သ‌ဘောထား ထုတ်ပြန်မှုများပြုလုပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။