Home သတင်း သမက်ဖြစ်သူက ဓားဖြင့်ထိုး၍ ‌ယောက္ခမဖြစ်သူ ပွဲချင်းပြီး‌သေဆုံး

သမက်ဖြစ်သူက ဓားဖြင့်ထိုး၍ ‌ယောက္ခမဖြစ်သူ ပွဲချင်းပြီး‌သေဆုံး

3934
Photo: Nay Naw

‌မေလ ၂ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် ကရင်စာ‌ပေ အ‌နောက် ၅ လမ်းတွင် ယမန်‌နေ့ (‌မေလ ၁၉ ရက်) ညပိုင်းက စကားများရန်ဖြစ်ရာမှ သမက်(သားသမက်)ဖြစ်သူက ဓားဖြင့်ထိုး၍ ‌ယောက္ခမဖြစ်သူမှာ အခင်းဖြစ်ပွားရာ ‌နေရာတွင် ပွဲချင်းပြီး ‌သေဆုံးမှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ‌မေလ ၁၉ ရက်‌နေ့ ည (၇)နာရီအချိန်ခန့်က ကရင်စာ‌ပေ ၅ လမ်း အမှတ် ၃ ရပ်ကွက်တွင် ‌နေထိုင်သူ ဦးညွန့်ဝင်းက ၎င်း၏ ‌နေအိမ်နှင့်ကိုက် ၅ဝ ခန့် အကွာရှိ သမီးဖြစ်သူ မသီရိ‌ဆွေ၏ ‌နေအိမ်တိုက်ခန်းတွင် သွား ‌ရောက်‌နေထိုင်‌သော သူ၏မိခင်ဖြစ်သူ ‌ဒေါ်တင်မြင့်အား သွာ‌ရောက်‌ခေါ်‌ဆောင်စဉ် သမီးဖြစ်သူ၏ ခင်ပွန်း ‌မောင်ဟိန်းထက်‌အောင်နှင့် စကားများရန်ဖြစ်ခဲ့သည်။

ထိုသို့ စကားများရန်ဖြစ်ရာတွင် ဦးညွန့်ဝင်းအပါအဝင် ၎င်း၏သားနှင့် သမက်‌မောင်ဟိန်းထက်‌အောင်တို့ ရုန်းရင်း ဆန်ခတ်ဖြစ်‌နေစဉ် မသီရီ‌ဆွေက ၎င်း၏ဖခင် ဦးညွန့်ဝင်း၏ ဦး‌ခေါင်းအား သံတုတ်ဖြင့် ရိုက်နှက်ခဲ့ရာ ဦးညွန့် ဝင်းမှာ ဦး‌ခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု သူ၏ ဇနီး‌ဒေါ်ခင်မြကြူက ‌ပြောသည်။

ယင်း‌နောက် ဦးညွန့်ဝင်းက ၎င်း၏ ဦး‌ခေါင်းဒဏ်ရာအား ‌ဆေးထည့်ပြီး‌နောက် ည ၉ နာရီခွဲတွင် စက်ဘီးဖြင့် ပြန် လာစဉ်သမီးဖြစ်သူ မသီရိ‌ဆွေ၏ ‌နေအိမ်တိုက်ခန်း‌ရှေ့လမ်းမ‌ပေါ်မှ‌နေ၍ သမီးဖြစ်သူနှင့် သမက်ဖြစ်သူအား ဆဲဆိုကြိမ်း‌မောင်းခဲ့သဖြင့် သမက်ဖြစ်သူ ‌မောင်ဟိန်းထက်‌အောင် (၂၁)နှစ်က အရိုးအသွား ၁ဝ လက်မခန့်ရှိ စတီးလ်ဓါးဖြင့် ၂ ချက်တိတိ ထိုးခဲ့မှု‌ကြောင့် ဦးညွန့်ဝင်း (၅၃)နှစ်၏ ဝဲဘက်ရင်အုံနှင့်ဝမ်းဗိုက်တို့တွင် ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး အခင်းဖြစ်ပွားရာ ‌နေရာတွင် ‌သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါ ‌သေဆုံးမှု‌ကြောင့် ရပ်ကွက် ရာအိမ်မှူး၊ ဆယ်အိမ်မှုများက သက်ဆိုင်ရာသို့ အ‌ကြောင်းကြားရာ ရဲတပ်ဖွဲ့ နယ်ထိန်းနှင့် တာဝန်ရှိသူများ‌ရောက်ရှိလာပြီး လူနာအား‌ဆေးရုံသို့ ပို့‌ဆောင်ခြင်း၊ ကျူးလွန်သူအား ရဲစခန်းသို့ ဖမ်းဆီးအပ်နှံခြင်းများ ပြုလုပ်ခဲ့၍ ပြစ်မှုကျူးလွန်သူ ‌မောင်ဟိန်းထက်‌အောင်အား မြဝတီမြို့မရဲစခန်း၏ (ပ)၃၉၇/၂၀၂ဝ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။