Home သတင်း တပ်မ‌တော် ထုတ်ပြန်သကဲ့သို့ တပ်သားသစ်စု‌ဆောင်းခြင်းမျိုးမဟုတ်ဘဲ နားလည်မှု လွဲမှားခြင်းသာဟု KNU ‌ပြော

တပ်မ‌တော် ထုတ်ပြန်သကဲ့သို့ တပ်သားသစ်စု‌ဆောင်းခြင်းမျိုးမဟုတ်ဘဲ နားလည်မှု လွဲမှားခြင်းသာဟု KNU ‌ပြော

9329
ဗိုလ်မှူး‌စောကလယ်ဒို့

‌မေလ ၂၁ ရက်၊၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

KNU ၏ တပ်သားသစ် စု‌ဆောင်းမှု‌ကြောင့် ‌ဒေသခံများထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌ကြောင်း တပ်မ‌တော်၏ ထုတ်ပြန်‌ပြောဆိုသကဲ့သို့ တပ်သားသစ်များမဟုတ်ဘဲ တပ်သား‌ဟောင်းများကို ပြန်လည်စုစည်းရာတွင် နားလည်မှုလွဲမှားခြင်း‌ကြောင့် ယခုလို တိမ်း‌ရှောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KNU-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ(၅)က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

KNU/KNLA တပ်မဟာ (၅)အဖွဲ့၏ လူသစ်စု‌ဆောင်းမှု‌ကြောင့် ဖာပွန်မြို့နယ် ‌ဒေသခံ ၁၀ဝ ‌ကျော်မှာ ‌မေလ ၁၆ ရက်နှင့် ‌မေလ ၁၇ ရက်‌နေ့များတွင် ကမ‌မောင်းမြို့၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူ အထူး‌ဒေသရှိ ၎င်းတို့၏ နီးစပ်ရာ ‌ဆွေမျိုး မိတ်‌ဆွေများဆီသို့ ထွက်‌ပြေးတိမ်း‌ရှောင်လာရ‌ကြောင်း တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက ‌မေလ ၁၉ရက်‌နေ့တွင် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KNU တပ်မဟာ (၅) ‌ပြောခွင့်ရ ဗိုလ်မှူး‌စောကလယ်ဒို့က “ကျ‌နော်တို့ ‌တော်လှန်‌ရေးရဲ့ ကာကွယ်‌ရေး လမ်းစဉ် အရ တစ်အိမ်‌ထောင်ကို တပ်သားတစ်ဦး စစ်မှုထမ်းရမယ် ဆိုတာရှိတယ်။ အဲ့အတွက် စစ်မှုလာ ထမ်းကြတယ်။ တချို့ကျ‌တော့ ကိုယ့်‌နေအိမ်ကို ခွင့်ယူပြီး ပြန်သွားကြတာ တချို့က မပြန်လာချင်ကြတဲ့ အ‌ပေါ်မှာ သက်ဆိုင်ရာ တပ်ရင်းတပ်ခွဲ‌တွေက ပြန်လည်‌ခေါ်ယူ စုစည်းတဲ့ သ‌ဘောပါပဲ။ တကယ်လို့ ကာယကံ ရှင်မလာနိုင်ရင် အစားထိုး လာ‌ပေးဖို့ အဲ့လို စီစဉ် လိုက်တဲ့အ‌ပေါ်မှာ ဒီလို ဖြစ်စဉ်‌တွေ ဖြစ်လာတာပါ။ တပ်သား သစ်စု‌ဆောင်းတာမျိုးမဟုတ်ဘူး”ဟု ‌ပြောသည်။

ထို့အပြင် တပ်မ‌တော်ဘက်က ထုတ်ပြန်ထားသကဲ့သို့ လူဦး‌ရေ ၁၀၀‌ကျော် ထွက်‌ပြေးတိမ်း‌ရှောင်လာမှုမှာလည်း မဟုတ်မမှန်‌ကြောင်း ဗိုလ်မှူး‌စောကလယ်ဒို့က ဖြည့်စွက်‌ပြောဆိုသည်။

တပ်မ‌တော်၏ ထုတ်ပြန်ချက်အရ KNU အ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA)ကို လက်မှတ်‌ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့်အ‌လျောက် ယခုလို လူသစ်စု‌ဆောင်းမှုပြု လုပ်ခြင်းသည် NCA စာချုပ်ပါ အချက်များကို ‌ဖောက်ဖျက်ခြင်းဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှတဆင့် သတိ‌ပေးတားမြစ်ကန့်ကွက်မှုများ ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း ‌ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ KNU ၏ အ‌ထွေ‌ထွေ အတွင်း‌ရေး မှူးချုပ် ပဒို‌စောတာဒိုမူးက “အဲ့ဒီကိစ္စက ကျ‌နော်တို့ ‌အောက်‌ခြေမှာ အဲ့လိုမျိုး ပရမ်းပတာ ပုံစံမျိုးက‌တော့ ကျ‌နော်တို့ လက်မခံပါဘူး။ အဲ့ဒါကို‌တော့ ကျ‌နော်တို့ ပြန်ပြီး စိစစ်ပါ့မယ်။ ဒါ‌ပေမဲ့ NCA ထဲမှာ တပ်သားသစ် မစု‌ဆောင်းရဘူးလို‌တော့ မ‌ပြောပါဘူး။ နှစ်ဖက်ညှိ နှိုင်းပြီး စု‌ဆောင်း ရမယ်ဆိုတဲ့ သ‌ဘော‌တောင်မှ အဓိပ္ပာယ်ဖွင့်လို့ရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU အစိုးရတို့ နှစ်ဖက်ချုပ်ဆိုထားသည့် NCA ထဲတွင် စာချုပ်ပါ အခန်း (၃)၊ အပိုဒ် (၆) အရ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လူသစ်စု‌ဆောင်းခြင်းကိစ္စကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ ‌ဘောတူ စာချုပ် အ‌ကောင်အထည်‌ဖော်မှုနှင့် လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေး လုပ်ငန်းစဉ် များနှင့် အညီ ‌ဆွေး‌နွေးညှိနှိုင်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်သွားရန်ဟူ၍ ပါရှိသည်။

ပြီးခဲ့သည့် ‌မေလ ၆ ရက်‌နေ့က ဖာပွန်-ကမ‌မောင်း ကြားတွင်ရှိ‌သော KNU မူ‌တြော်(ဖာပွန်) (တပ်မဟာ-၅) ခရိုင်၏ COVID-19 ‌ရောဂါကာကွယ်တားဆီး‌ရေး ဂိတ်(၂)ခုကို တပ်မ‌တော် အမှတ်(၈) စစ်ကွပ်ကဲ‌ရေး ဌာနချုပ်(စကခ)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၅)နှင့် (ခမရ-၄၁၀)တို့ ဝင်‌ရောက် မီးရှို့ဖျက်ဆီးခဲ့ခြင်း‌ကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တင်းမာမှုများ စတင် ဖြစ်ပွားခဲ့သည်။

ထို‌နောက် ‌မေလ ၉ ရက်‌နေ့တွင် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးချုပ်ရုံးက မြန်မာနိုင်ငံတွင်း COVID-19 ‌ရောဂါ ထိန်းချုပ်ကာကွယ်တားဆီး‌ရေးကို ပိုမိုကျယ်ပြန့်စွာ လုပ်‌ဆောင်နိုင်ရန်နှင့် ထာဝရ ငြိမ်းချမ်း‌ရေးအတွက် နိုင်ငံတ ကာစံနှုန်းအတိုင်း ‌မေလ ၁ဝရက်မှ ဩဂုတ်လ ၃၁ရက်‌နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်‌ကြောင်း ထုတ်ပြန်‌ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်‌ကြေညာချက်အ‌ပေါ် တပ်မ‌တော်အ‌နေဖြင့် အပစ်အခတ်ရပ်စဲ‌ရေးကို အခွင့်‌ကောင်းယူပြီး ၎င်းတို့ နယ်‌မြေအတွင်း တပ်အင်အား နှစ်ဆအထိ တိုးချဲ့မှုများပြုလုပ်လာ‌ကြောင်း KNU-ကရင်အမျိုး သားအစည်းအရုံးက ‌မေလ (၁၅)ရက်‌နေ့တွင် ထုတ်ပြန်‌ပြောဆိုခဲ့သလို တပ်မ‌တော်ဘက်က ၃ လ‌ကျော် အပစ်အခတ်ရပ်စဲ‌ကြောင်း ထုတ်ပြန်‌ကြေညာပြီးသည့်‌နောက်ပိုင်း KNU တပ်မဟာ (၅)ဘက်တွင် ပစ်ခတ်မှုများ‌နေ့စဉ် ဖြစ်ပွား‌နေ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

လက်ရှိတွင်လည်း ငြိမ်းချမ်း‌ရေး ဖြစ်စဉ်၌ နိုင်ငံ‌ရေး ဖြစ်‌ပေါ်တိုးတက်မှု ‌နှေး‌ကွေး‌နေခြင်း‌ကြောင့် လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေး ကိစ္စရပ်များအထိ မသွားနိုင်‌သေးသည့်အ‌ပေါ် ယခုလို ဖြစ်စဉ်များ ရှိ‌နေခြင်း ဖြစ်ပြီး တပ်မ‌တော်ဘက်မှ NCA ကိုအ‌ခြေခံပြီး ‌ပြောဆိုလာမှုရှိလျှင်လည်း ပြန်လည် ညှိနှိုင်း‌ဆွေး‌နွေး သွားရမည်ဖြစ်သည်ဟု KNU ဘက်က ‌ပြောဆိုသည်။