Home သတင်း နယ်စပ်မြဝတီဝင်‌ပေါက်မှ ထိုင်းပြန်မြန်မာလုပ်သား ၅၅ ဦး ထပ်မံဝင်‌ရောက်

နယ်စပ်မြဝတီဝင်‌ပေါက်မှ ထိုင်းပြန်မြန်မာလုပ်သား ၅၅ ဦး ထပ်မံဝင်‌ရောက်

2890
Photo: Nay Naw

‌မေလ ၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီနယ်စပ်ဝင်‌ပေါက် အမှတ် ၂ ချစ်ကြည်‌ရေးတံတားမှတဆင့် ထိုင်းနိုင်ငံမှ မြန်မာပြည်သို့ ယ‌နေ့ (‌မေလ ၂ ရက်) ည‌နေ ၅ နာရီထိ ‌နောက်ဆုံးစာရင်းအရ ထိုင်းပြန်မြန် မာလုပ်သား ၅၅ ဦး ထပ်မံဝင်‌ရောက်လာ‌ကြောင်း သိရသည်။

ထိုသို့ ဝင်‌ရောက်လာသူများထဲတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ အနီးဝန်းကျင်မှ ၂၉ ဦး ၊ မယ်‌ဟောင်‌ဆောင်ခရိုင်မှ ၂၁ နှင့် ထိုင်းနိုင်ငံဘန်‌ကောက်မြို့ ဆမွတ်ပရာကန်ခရိုင် ပါနန်းမြို့ရှိ စား‌သောက်ကုန်ထုတ်လုပ်သည့် စက်ရုံမှ ၅ ဦးတို့ဖြစ်ကြသည်။

ဘန်‌ကောက်မြို့ ဆမွတ်ပရာကန်ခရိုင် ပါနန်းမြို့မှ မိသားစု ၅ ဦးနှင့်အတူ ပြန်လာသည့် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့သို့ ပြန်မည့် ဦး‌အောင်ကိုဦးက“ လမ်းခရီးမှာ‌တော့ စစ်‌ဆေး‌မေးမြန်းမှု ၂ ကြိမ်‌လောက်ခံ ခဲ့ရပါတယ်။ အဓိက စစ်‌ဆေးခံရတာက ‌ဝှေ့လယားဦး ဂိတ်မှာ‌ပေါ့။ အဓိက အ‌နေနဲ့ ထိုင်းကားသမား ကိုပဲ စစ်‌ဆေး‌မေးမြန်းမှု‌တွေ အ‌တော်ကြာ‌အောင် ပြုလုပ်ပါတယ်။ ဒီလိုုပြန်လာရတဲ့ အ‌ကြောင်းအ ရင်းက ကျ‌နော်တို့ ကိုင်တဲ့ mou ပတ်စ်ပို့်က သက်တမ်း ၄ နှစ် ပြည့်သွားလို့ ဆက်‌နေရန် မဖြစ်နိုင် ‌တော့၍ ယခုလို အရဲစွန့်ပြီး ပြန်လာရခြင်းဖြစ်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံတွင် ထုတ်ပြန်ထားသည့် လက်ရှိတည်ဆဲဥပ‌ဒေကို ချိုး‌ဖောက်မှု ‌နောက်‌နောင် မပြုလုပ်ရန်နှင့် ‌နောက်တစ်ကြိမ်‌နောက်တစ်ကြိမ် ထိုသို့ပြုလုပ်ပါက ထိုင်းတည်ဆဲ ဥပ‌ဒေအရ ‌ထောင်ဒဏ် ၂ နှစ် နှင့် ဒဏ်‌ငွေ ဘတ် ၁ သိန်း ကျခံရမည်ဟု ထိုင်းယာဉ်‌မောင်းအား ဂိတ်တာဝန်ရှိ သူများက သတိ‌ပေး‌ပြောဆိုခဲ့သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

Photo: Nay Naw

ယ‌နေ့ ထိုင်းနိုင်ငံမှ မြန်မာငံသို့ မြဝတီနယ်စပ်ဝင်‌ပေါက် ထိုင်း-မြန်မာ အမှတ် ၂ တံတားမှ ဝင်‌ရောက် လာသူများကို မြဝတီ Border control facilities (BCF) ဇုန်တွင် ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်‌တော် ကိုယ်စားလှယ်နှင့် မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူးတို့မှ အနီးကပ်ကြီးကြပ်၍ ကျန်းမာ‌ရေးဝန်ထမ်းများ၊ ကရင်ပြည်နယ်အတွင်းရှိ ‌စေတနာ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြိုဆိုခဲ့ကြပြီး ကျန်းမာ‌ရေးစစ်‌ဆေးခြင်း၊ ကိုယ်‌ရေး အချက်အလက်မှတ်တမ်းယူခြင်းနှင့် ပြည်နယ်နှင့် တိုင်းအလိုက် စာရင်းပြုစုခြင်းများကို ‌ဆောင်ရွက်‌ပေးခဲ့သည်ဟု သိရသည်။

ယ‌နေ့ ပြည်‌တော်ပြန် ဝင်‌ရောက်လာသူများမှာ ပဲခူးတိုင်း၊ မ‌ကွေးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ကယား ပြည်နယ်များသို့ ပြန်ကြမည့်သူများဖြစ်ကြပြီး ကရင်ပြည်နယ်မှအပ အခြား ပြည်နယ် နှင့် တိုင်း‌ဒေသကြီးမှသူများကို ၎င်းတို့‌နေထိုင်ရာ ‌နေရပ်တွင် Quarantine ၂၁ ရက်ဝင်‌ရောက်နိုင်ရန် အစိုးရချင်းချိတ်ဆက်၍ ပို့‌ဆောင်‌ပေးသွားရန် လျာထား‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

ထိုင်းနိုင်ငံမှ Covid-19 အ‌ရေး‌ပေါ်ကာလကို ‌မေလ ၃၁ ရက်‌နေ့ထိ တိုးမြှင့်ထားပြီး ညမထွက်ရ အမိန့် အပါအဝင် ခရိုင်တစ်ခုနှင့်တစ်ခုသို့ အ‌ကြောင်းမဲ့ကူးလူးသွားလာခွင့် မပြုခြင်းအပါအဝင် ကန့်သတ်ချက် ၄ ချက်ထုတ်ပြန်ထား၍ ထိုင်းနိုင်ငံမှ ပြန်လာလိုသည့် မြန်မာလုပ်သားများမှာ အခက်ကြုံ‌နေ၍ ယမန်‌နေ့ ‌မေလ ၁ရက်နှင့် ယ‌နေ့ ၂ ရက်‌နေ့ နှစ်ရက်အတွင်း လူဦးစုစု‌ပေါင်း ၁၁၅ ဦးသာ ပြန်လည်‌ရောက်ရှိလာသည်။

ထိုသို့ ပြန်လာသူအများစုမှာ ထိုင်းနိုင်ငံ တာခ့်ခရိုင်အတွင်း‌နေထိုင်သူများဖြစ်ပြီး အခြား ထိုင်းနိုင်ငံ‌နေရာ‌ဒေသအသီးသီးမှ ပြန်လာသူ လွန်စွာနည်းပါး‌ကြောင်း သိရသည်။