Home သတင်း ဝါရင့်ကရင်‌တော်လှန်‌ရေးသမား KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင်ကွယ်လွန်

ဝါရင့်ကရင်‌တော်လှန်‌ရေးသမား KNU/KNLA-PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင်ကွယ်လွန်

5480

‌မေလ ၄ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌဖြစ်သူ အသက် ၉၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဗို်လ်ချုပ်ကြီး ‌စော‌ဌေး‌မောင်သည် ယမန်‌နေ့ (‌မေလ ၃ ရက်) ည‌နေ ၆ နာရီ၊ မိနစ် ၂ဝခန့် က လူကြီး‌ရောဂါဖြင့် ကွယ်လွန် အနိစ္စ‌ရောက်သွား ပြီဖြစ်‌ကြောင်း သိရသည်။

KNU/KNLA -PC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်မှာ ၎င်းတို့ဌာနချုပ်တည်ရှိရာ ‌ကော့ကရိတ်မြို့နယ် ထို့ ‌ကော် ကိုးတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဈာပနအခမ်းအနားကို ‌မေလ ၅ ရက်‌နေ့၊ အဂင်္ါ‌နေ့ မွန်းလွဲ ၂ နာရီတွင် ဌာနချုပ်ရှိ အာဇာနည်ဗိမာန်ကုန်းတွင် အဖွဲ့အစည်း၏ ထုံးတမ်းစဉ်လာနှင့်အညီ ဂူသွင်းသဂြင်္ီုဟ်ခြင်း အခမ်း အ နားကို ကျင်းပသွားမည်ဟု ကျန်ရစ်သူမိသားစု၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ သာ‌ပေါင်းမြို့နယ် ‌ပေါက်‌ကျော်‌ကျေးရွာ ဇာတိဖြစ်သည့် ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်မှာ ကရင်‌တော်လှန်‌ရေးမစတင်မီ ကရင်လက်နက်ကိုင် တပ်ရင်း သနက(လက်နက်ကိုင်တပ်) ၁ တွင် တာဝန် ထမ်း ‌ဆောင်ခဲ့ဖူးသည့်အပြင် ကရင်‌တော်လှန်‌ရေးစတင်သည့် ၁၉၄၉ ခုနှစ်အချိန်မှ စတင်ကာ ကရင်အမျိုး သား လွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တွင် အဆင့်ဆင့် ‌သောတာဝန်များကို ထမ်း‌ဆောင်ခဲ့သူ လည်းဖြစ် သည်။

ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်မှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA တွင် တပ်မဟာ (၇) တပ်မ ဟာမှူးအဖြစ် ဗိုလ်မှူးချုပ် ရာထူးအထိ တာဝန်ထမ်း‌ဆောင်ခဲ့ပြီး‌နောက် ၂၀၀၇ခုနှစ် ‌ဖေ‌ဖော်ဝါရီလတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေး ရယူခဲ့ပြီး ‌ဖေ‌ဖော်ဝါရီလ ၁၁ ရက်‌နေ့တွင် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ KNU/KNLA(PC) ကို ဖွဲ့စည်း တည်‌ထောင်ခဲ့သည်။

၎င်းလက်ထက်တွင် KNU/KNLA(PC) အ‌နေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ကို အခြား‌သော ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့များဖြစ်သည့် KNU -ကရင်အမျိုးသားအစည်း အရုံး၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်-DKBA တို့နှင့်အတူ လက်မှတ်‌ရေး ထိုးနိုင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ‌စော‌ဌေး‌မောင် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ‌နော် မရွိုင်းရယ်နှင့်အတူ သား ၁ဦးသမီး ၂ဦးနှင့်‌မြေးမြစ်တို့ ကျန်ရစ်ခဲ့သည်။