Home အမြင်သဘောထား လူငယ့်စကား

လူငယ့်စကား

3190

လူငယ့်စကား

‌မေလဆန်းပိုင်းမှ စတင်ကာ ထိုင်းနိုင်ငံမှ ‌နေရပ်ပြန်လာမည့်သူများ ‌နေထိုင်ရမည့် Quarantine Center များ တွင် ‌စေတနာ့ဝန်ထမ်းအဖြစ် ကူညီလုပ်‌ဆောင်သွားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားမှု အ‌ခြေအ‌နေ များနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်ရှိ မြို့နယ်တချို့မှ လူငယ်များရဲ့‌ပြောစကားများကို စုစည်း‌ဖော်ပြလိုက်ပါသည်။

‌စောငြိမ်းမိုး-(‌ကော့ကရိတ်အ‌ခြေစိုက်သဟဇာတလူငယ်များအဖွဲ့)
လူငယ်‌တွေ ‌စေတနာ့ဝန်ထမ်းအ‌နေနဲ့ပါဝင်ကူညီသွားဖို့ မြို့နယ်အုပ်ချုပ်‌ရေးမှူးက ဖိတ်‌ခေါ်တယ်။ ကျ‌နော်တို့ လူငယ်‌တွေ လူဦး‌ရေ ဘယ်‌လောက်လုပ်နိုင်မလဲ ဘယ်‌နေရာမှာ ပါဝင်‌ပေးနိုင်မလဲ ‌တောင်းတယ်။ အကူညီ‌တောင်း‌တော့ ကျ‌နော်တို့ကလည်းလူငယ်‌တွေရဲ့ စိတ်ပါဝင်စားတဲ့အ‌ပေါ်မှာပဲ ‌ပေးရတယ်‌လေ။ ဒါကအရမ်းအန္တရာယ်များတဲ့ ‌စေတနာ့ဝန်ထမ်းအလုပ်လည်းဖြစ်တယ် ။ အတင်းကြပ်ပြီးလုပ်ခိုင်းလို့မရဘူး‌လေ။ ပါဝင်ရမယ့် လုပ်ငန်းစဉ်‌တွေကို ပါဝင်ချင်တဲ့လူငယ်‌တွေကို ကျ‌နော်တို့ကတစ်ဆင့် ‌ပြောပြထားရတယ်။ အကျိုးအ‌ကြောင်း‌တွေရှင်းပြပြီး သူတို့စိတ်ဝင်စားတဲ့အ‌ပေါ်မှာ အမည်စာရင်း‌တွေယူရတယ်။

ကျ‌နော်တို့မြို့နယ်တစ်မြို့နယ်လုံးမှာ လူငယ်ဘယ်နှစ်‌ယောက်ပါဝင်မလဲ‌တော့ အတည်ပြုလို့မရ‌သေးဘူး။ လက်ရှိကျ‌နော်တို့အဖွဲ့မှာ လူငယ် ၁၅ ‌ယောက်ပါဝင်ဖို့စာရင်း‌ပေးထားတယ်။ အဲဒီလူငယ်‌တွေက ဘယ်လိုပုံစံပါဝင်ရမလဲ‌တော့ အသိပညာ‌တွေကို အစိုးရက ပြန်‌ပေးလိမ့်မယ်။ အဲဒီစာရင်း‌ပေး ထားတဲ့လူငယ်‌တွေကို ရွာမှာရှိတဲ့ Quarantine Center မှာလည်း သွားလုပ်မှာရှိသလို မြို့တွင်းက Center မှာလည်း သွားဖို့ရှိတယ် ။ ပြီး‌တော့ လူမှုဝန်ထမ်းမှာ ပါဝင်ဖို့ ၃ ‌ယောက်နာမည်စာရင်း‌ပေးထားတယ်။ သူတို့လုပ်‌ဆောင်ရမှာ‌တွေက‌တော့ Quarantine ဝင်‌နေတဲ့လူ‌တွေ စား‌သောက်ဖို့ ထမင်းဆိုရင်လည်း သယ်ယူပို့‌ဆောင်‌ပေးတာတို့ မျှ‌ဝေ‌ပေးတာတို့ အဲဒါ‌တွေလုပ်ရမယ်။ ‌နောက်တစ်ခုက Quarantine Center မှာ‌နေတဲ့လူ‌တွေတစ်ကိုယ်‌ရေသန့်ရှင်း‌ရေးအတွက် သုံးဖို့ ‌ရေလုံ‌လောက်မှုရှိမရှိ ကြီးကြပ်တာတို့ ဝိုင်းဝန်း လုပ်‌ဆောင်‌ပေးရမယ်။ အဲဒီအပိုင်း‌တွေလုပ်ရမယ်လို့ သိထားတယ်။ ပါဝင်ချင်တဲ့လူငယ်‌တွေကို ကျ‌နော်တို့က ရှာ‌ပေးတယ် ။ အဲဒီပါဝင်တဲ့လူငယ်‌တွေရဲ့လိုအပ်တဲ့ဟာ‌တွေကို ကျ‌နော်တို့က ‌ထောက်ပံ့ ‌ပေးဖို့ရှိတယ် ။ လူငယ်‌တွေ စိတ်ဓာတ်မကျဖို့ ကျ‌နော်တို့က အ‌နောက်မှာ အား‌ပေးသွားမှာဖြစ်တယ်။

‌စောဘနားယာ (ကြာအင်းဆိပ်ကြီးအ‌ခြေစိုက် ဟူးဖိုက‌ပေါ်လူမှုဖွံ့ဖြိုး‌ရေးအသင်း )
ကျ‌နော်တို့နယ်မှာက ‌စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်မယ့် လူငယ်‌တွေကအများကြီးရှိတယ်။ မြို့‌ပေါ်က လူငယ်‌တွေ‌ရော ‌ကျေးရွာထဲက လူငယ်‌တွေ ပါဝင်မယ်။ စာရင်း‌တွေလည်း ‌ကောက်ထားပြီး အ‌ယောက် ၅ဝ ‌လောက်ရှိတယ် ။ ကျ‌နော်တို့ ကြာအင်းဆိပ်ကြီးနယ်တစ်ခွင်မှာပဲ။ ဒါ‌ပေမယ့် ဘုရားသုံးဆူ‌ဒေသ‌တွေမှာ‌တော့ ‌ကောက်တဲ့လူရှိရင်လည်းရှိမယ် ။ ကျ‌နော်တို့ က လက်လှမ်းမှီတဲ့ ‌နေရာ‌တွေပဲ ပါဝင်မယ့် လူငယ်စာရင်း‌တွေကို ‌ကောက်ယူ‌ပေမယ့်လည်း ဘယ်လုံပုံစံပါဝင်မလဲ‌တော့ ကျ‌နော်တို့ ဘာမှမသိရ‌သေးဘူး ။ တာဝန်‌တွေက Quarantine စခန်းပဲသွားရမလား။ Mask ပဲလိုက်‌ဝေရမလား လမ်း‌ပျောက်‌နေတာ‌ပေါ့ ။ လူငယ်‌တွေက ဒီကာ လတစ်ခုအတွင်း အချိန်ပြည့် ဝိုင်းကူလုပ်ရမလား၊ အချိန်ပိုင်းအ‌နေနဲ့ ဝိုင်းကူရမလား ။ အဲဒီအပိုင်း‌တွေက ရှင်းရှင်းလင်းလင်းမသိ‌သေး‌တော့ နည်းနည်း‌လေးအခက်အခဲ‌တွေ‌တော့ရှိတာ‌ပေါ့ ။

အခုကျ‌နော်တို့လူငယ်‌တွေက ကိုယ်ထူကိုယ်ထနဲ့ပဲ ။ အလှူ‌ငွေ‌တွေ‌ကောက်ပြီး Mask ‌တွေချုပ် လိုက်‌ဝေ‌ပေး အဲဒါတို့ ‌ဆေးလိုက်ဖြန်း‌ပေးတာတို့ လုပ်တယ်။ အခုဆိုရင်လည်း လကုန်ပြီး ပြန်လာတဲ့လူ‌တွေက ပြန်လာ ‌တော့မယ် ။ ဘယ်မှာပြန်လာ‌နေမလဲ။ ကျ‌နော်တို့ လူငယ်‌တွေက ဘယ်မှာဝိုင်းကူမလဲ ။ ဘာမှ‌ပြောတာမရှိ‌တော့ ပါဝင်မယ့်လူငယ်အတွက် အခက်အခဲရှိတာ‌ပေါ့ ။ ‌ထွေအုပ်က လူငယ်စာရင်း‌တောင်းလာတုန်းက ဆန္ဒပြု တဲ့‌ဖောင်ပဲ‌ပေါ့။ ဘာလုပ်ရမလဲ ‌တော့‌ဖောင်ထဲမှာ မပါဘူး။ ပြီး‌တော့ ‌ကျေးရွာကလူငယ်အစုအဖွဲ့‌တွေရှိတယ် ။ သူတို့လည်း ဝင်ပါချင်တဲ့ စိတ်ဆန္ဒရှိတယ် ။ ဒါ‌ပေမယ့် ဘာတာဝန်‌ပေးပြီး ဘာလုပ်ရမလဲ သူတို့‌မေးရင် ကျ‌နော်တို့ကလည်း မရှင်းပြတတ်‌တော့ ‌ဝေးတဲ့ရွာ‌တွေကို မ‌ခေါ်ရဲ‌သေးဘူး ။ ဆိပ်ကြီးမြို့နဲ့ အနီးနားရွာက လူငယ်‌တွေ‌လောက်ပဲ‌ဖောင်ဖြည့်စာရင်း တင်ထားတယ် ။

ကျ‌နော်တို့ဖြစ်‌စေချင်တာက စာရင်း‌ကောက်ထားတာဟုတ်ပြီး ဒီ‌စေတနာ့ဝန်ထမ်းအဖွဲ့ထဲမှာပါရင် ဒီအလုပ်‌တွေ လုပ်ရမယ်။ လုပ်ငန်းလမ်းညွန်ပါလို့ရှိရင် လုပ်မယ့်လူငယ်‌တွေကလည်း ရှင်းရှင်းလင်းလင်းသိပြီး တက်ကြွမှာ‌ပေါ့ ။ ကျ‌နော်တို့က ‌ထွေအုပ်ကို‌စေတနာ့ဝန်ထမ်းစာရင်း‌ပေးတာက လူငယ်‌တွေပဲ ပါ‌သေးတယ်။ လူကြီးအပိုင်း ‌စေတနာ့ဝန်ထမ်း‌တွေလည်း ရှိ‌သေးတယ် ။ သူတို့က ဘယ်လိုလုပ်‌ဆောင်လဲ‌တော့ ကျ‌တော်တို့ကမသိဘူး ။ ကျ‌နော်တို့မှာ ဒီကာလမှာ ‌ဒေသအတွင်း လိုအပ်တဲ့ဟာ‌တွေ ဝိုင်းကူညီဖို့ကိုယ်ထူကိုယ်ထ ‌စေတနာ့ဝန် ထမ်းအစုအဖွဲ့လုပ်ထားတာရှိတယ်။ အခုလက်ရှိအဲဒီအဖွဲ့ဝင်‌တွေက Quarantine Center ‌တွေ သွား‌ဆောက် တာ‌တွေ ‌ဆေးဖြန်းတာ‌တွေမှာပါတယ်။ ဒါ‌ပေမယ့် အစိုးရက ‌စေတနာ့ဝန်ထမ်းလိုတယ်ဆို‌တော့ အစိုးရ စီမံမှု‌အောက်မှာ ‌စေတနာ့ဝန်ထမ်းသွားလုပ်ချင်တဲ့ လူ‌တွေကိုစာရင်း‌ပေးထားတာရှိတာမကဘဲ အပြင်မှာလည်းကိုယ်ထူကိုယ်ထလူငယ်‌စေနာ့ဝန်ထမ်းရှိတယ်ဆိုတာ ‌ပြောချင်ပါတယ်။

‌စောစည်သူ‌ဌေး (လှှိုင်းဘွဲလူငယ်ကွန်ယက်)
လူငယ်‌စေတနာ့ဝန်ထမ်းအတွက်က အခုလက်ရှိမှာ‌တော့ ‌ထွေအုပ်နဲ့ပဲ တစ်ချက်ချိတ်ထားတာ‌ပေါ့‌နော် ။ ပထမ‌တော့ ကျ‌နော်တို့အဖွဲ့ကိုလည်း သူတို့ မဆက်သွယ်လာ‌တော့ ကျ‌နော်တို့ဘက်ကပဲပြန်ချိတ်ပြီး အခု‌လော‌လောဆယ်မှာ ကျ‌နော်တို့က ရွာ‌တွေမှာရှိတဲ့ လူငယ်အဖွဲ့‌တွေကို နည်းနည်းစာရင်း‌ကောက် ထားတာရှိတယ်။ အရင်တစ်ခါ ပထမတစ်သုတ် Quarantine ဝင်ကတည်းက လိုအပ်ရင် သူတို့ကို ‌ခေါ်မယ်ဆိုပြီးကျ‌နော်တို့က ရွာက လူငယ်‌တွေကိုကျ‌နော်တို့က ‌ပြောထားတယ်။ ဒီတစ်‌ခေါက် အဲဒီလူ ငယ်‌တွေက ပါဝင်မယ်‌ပေါ့။ သူတို့အိမ်‌တွေနဲ့ ‌သေချာတိုင်ပင်ပြီး ‌ဆွေး‌နွေး‌ပေးဖို့ ကျ‌နော်တို့‌ပြောထား‌တော့ သူတို့က လုပ်မယ်ဆိုပြီး ပြန်ဆက်သွယ်လာတာရှိတာ‌ပေါ့ ။ ပထမတစ်ကြိမ်တုန်းက ကျ‌နော်တို့က မြို့‌ပေါ် မှာရှိတဲ့ လူငယ်‌တွေက Quarantine Center မှာလိုအပ်တဲ့ဟာ သွားပြီးကူညီ လုပ်‌ဆောင်တာ‌တွေရှိခဲ့တယ်။ စစချင်းတုန်းက ‌စေတနာ့ဝန်ထမ်းလုပ်ဖို့ိကိစ္စ ကျ‌နော်တို့က ဘယ်သူမှမဆက်သွယ်ဘူး။ ကြက်‌ခြေနီအဖွဲ့တို့ Rescue အဖွဲ့တို့ပဲဆက်သွယ်ထားတာ‌ပေါ့‌နော် ။

အဲဒါနဲ့ကျ‌နော်တို့က သူတို့ကို ပြန်ပြီး ဆက်သွယ်လိုက်‌တော့ ‌နောက်‌နေ့လိုပြည်နယ်ကိုတင်ဖို့ ချက်ချင်း နာမည်စာရင်း‌တောင်းတာ‌ပေါ့‌နော် ။ ရုတ်တရက်ဆို‌တော့ ကျ‌နော်တို့လည်း အဆင်သင့်မဖြစ်ဘူး ။ အစိုးရက ‌ခေါ်တဲ့ Volunteer မှာ လှှိုင်းဘွဲမြို့နယ်မှာဆိုရင် Volunteer လူငယ် ဘယ်‌လောက်ကန့်သတ်ထားလဲ။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်မလဲဆိုတာက‌တော့ ကျ‌နော်တို့ဘာမှမသိထား‌သေးဘူး။ တချို့က ကျ‌နော်ကို လာ‌မေးကြ တယ် ။ ဒီဖြစ်ဉ်မှာ ပါဝင်ရင် အသုံး‌ဆောင်ရမယ့်ပစ္စည်းကအစ ကိုယ့်ဘာသာကိုပဲထုတ်ရမှာလား လာ‌မေးတာ ‌တွေရှိတယ် ။ ကျ‌နော်တို့သိထားသ‌လောက်က ပါဝင်မယ့်လူငယ်‌တွေသုံး‌ဆောင်ရမယ့် ပစ္စည်း‌တွေကို အစိုးရက ‌ထောက်ပံ့မယ်လို့ သိထား‌တော့ အဲ‌လောက်ပဲ ပြန်‌ပြောနိုင်တယ်။

‌နောက်ထပ်ပြန်လာမယ့် လူဦး‌ရေကများမယ်။ ကို်ယ့်မြို့နယ်မှာ ဘယ်‌လောက်ပြန်လာမလဲမသိ‌သေးဘူး။ အခုလက်ရှိ Volunteer လုံ‌လောက်လား မလုံ‌လောက်လားမသိရ‌သေးဘူး။ အဲလိုမျိုး‌တွေလည်းရှိ‌တော့ ဖြစ်လာမှပဲ ရုတ်တရက်ဆိုရင်‌တော့ လုံးဝအဆင်‌ပြေမှာမဟုတ်ဘူး။ အဲလိုဖြစ်လာနိုင်တာ‌ပေါ့။ စိုးရိမ်တာက ပထမတစ်ကြိမ်တုန်းက ဘယ်‌လောက်မှစနစ်တကျမဖြစ်ခဲဘူး‌လေ။ ဒီတစ်ကြိမ်မှာလည်း ဘယ်လိုပုံစံနဲ့ ထွက် လာမလဲ‌တော့ ဆိုရိမ်တာ‌တွေရှိတာ‌ပေါ့။ ဒါ‌ပေမယ့် ကူညီဖို့က စိတ်ဆန္ဒရှိတဲ့ လူငယ်‌တွေ ‌တော့ အများကြီးရှိပါ တယ်။