Home သတင်း ၂၄ နာရီအတွင်း လူ ၁,၄၀ဝ ခန့် COVID-19 ‌ရောဂါပိုး ဓာတ်ခွဲစစ်‌ဆေးနိုင်မည့်စက် မြဝတီမှတဆင့် ရန်ကုန်သို့ ဆက်လက်သယ်‌ဆောင်

၂၄ နာရီအတွင်း လူ ၁,၄၀ဝ ခန့် COVID-19 ‌ရောဂါပိုး ဓာတ်ခွဲစစ်‌ဆေးနိုင်မည့်စက် မြဝတီမှတဆင့် ရန်ကုန်သို့ ဆက်လက်သယ်‌ဆောင်

2503
Photo: Internet

ဧပြီ ၂၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ မြဝတီနယ်စပ် အမှတ်(၂)တံတားမှတဆင့် သယ်‌ဆောင်လာသည့် ၂၄ နာရီအတွင်း လူဦး‌ရေ ၁,၄၀ဝ ခန့်ကို COVID-19 ‌ရောဂါပိုး ရှိ၊ မရှိ စစ်‌ဆေး နိုင်မည့် စက်နှင့်ဆက်စပ် ပစ္စည်းများ ယ‌နေ့ မွန်းလွဲ ၂နာရီ‌ကျော်က မြဝတီမြို့သို့ ‌ရောက်ရှိလာပြီး ထိုုမှတဆင့် ရန်ကုန်မြို့သို့ ဆက်လက်သယ်‌ဆောင်သွား‌ကြောင်း သိရသည်။

၎င်း Covid-19 ‌ရောဂါပိုး စစ်‌ဆေးစက်နှင့်ဆက်စပ်ပစ္စည်းများကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီ နယ်စပ် အမှတ် ၂ တံတားမှတဆင့် ကုန်တင်ယာဉ်များဖြင့် သယ်‌ဆောင်လာရာ မြဝတီခရိုင် ဒုခရိုင်အုပ်ချုပ်‌ရေးမှူး ဦ‌အောင်ချမ်းငြိမ်း၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြဝတီ ခရိုင်ပြည် သူ့‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာ ရန်နိုင်ဦး၊ မြဝတီမြို့နယ် အ‌ကောက်အခွန်ဦးစီးဌာနမှူး ဦးလှမျိုး‌အောင်တို့ ကြိုဆိုခဲ့ကြသည်။

“ဒီ‌နေ့ မွန်းလွဲ ၂း၂ဝ မိနစ်ခန့်မှာ ထိုင်းနိုင်ငံဘက်က‌နေ မြဝတီနယ်စပ် အမှတ် ၂ တံတားမှတဆင့် ကွန်တိန်နာကား‌တွေနဲ့ သယ်‌ဆောင်ပြီး မွန်းလွဲ ၂း၄ဝ နာရီအချိန်မှာ မြဝတီမြို့က‌နေ ရန်ကုန်သို့ ဆက်လက်ထွက်ခွာသွားပါတယ်။ ဒီညဦးပိုင်း‌လောက် ရန်ကုန်မြို့ကို ‌ရောက်ရှိနိုင်ပါတယ်”ဟု မြဝ တီမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင် က ‌ပြောသည်။

Photo: Nay Naw

အဆိုပါ COVID-19 ‌ရောဂါစစ်‌ဆေးသည့် စက်အပါအဝင် ကျပ်သိန်း ၈,၀၀ဝ ‌ကျော်တန်ဖိုးရှိ ဆက်စပ် ပစ္စည်းများကို AA Medical Products Ltd မှ ဧပြီ ၅ ရက်က ကျိုက္ကဆံအားကစားကွင်း ပြည်‌ထောင်စုခန်းမ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေးအမျိုးသားအဆင့် ဗဟို‌ကော်မတီနှင့် ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနသို့ အခမ်းအနားဖြင့် လှူဒါန်းခဲ့သည်ဟု သိရသည်။

ယင်းဓာတ်ခွဲစစ်‌ဆေးစက်ကို ရန်ကုန်မြို့ ပြည်သူ့ကျန်းမာ‌ရေး ဓာတ်ခွဲခန်းတွင် ထားရှိစစ်‌ဆေး သွားမည်ဖြစ်သည်ဟု ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်‌ဖော်‌ပြောဆိုထားသည်။