Home သတင်း ပစ်ခတ်မှု‌ကြောင့် ရခိုင်တွင် ‌သေဆုံးခဲ့သူ ဦးပြည့်စုံဝင်း‌မောင် (ခ) ဖိုးခွါး၏ ဈာပန မနက်ဖြန်တွင် ပြုလုပ်မည်

ပစ်ခတ်မှု‌ကြောင့် ရခိုင်တွင် ‌သေဆုံးခဲ့သူ ဦးပြည့်စုံဝင်း‌မောင် (ခ) ဖိုးခွါး၏ ဈာပန မနက်ဖြန်တွင် ပြုလုပ်မည်

2850
Photo: Pyaesonewin Mg FB

ဧပြီလ ၂၂ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခု၏ ပစ်ခတ်မှု‌ကြောင့် ‌သေဆုံးခဲ့ရသည့် WHO-ကမ္ဘာ့ကျန်းမာ‌ရေး အဖွဲ့၏ ဝန်ထမ်းဖြစ်သူ ဦးပြည့်စုံဝင်း‌မောင် (ခ) ဖိုးခွါး၏ ဈာပနအခမ်းအနားကို နံနက်ဖြန် ဧပြီလ ၂၃ ရက်‌နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

‌သေဆုံးသွားသူ အသက်(၂၈)နှစ်အရွယ် ဦးပြည့်စုံဝင်း‌မောင်၏ဇာတိဖြစ်‌သော ပဲခူးတိုင်း‌ဒေသကြီး၊ ပြည်မြို့ အနီးရှိ ဇီးအုပ်ရွာ၌ ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ဈာပနအခမ်းအနားပြုလုပ်သွားမည်ဖြစ်‌ကြောင်း နာ‌ရေး ဦး‌ဆောင်ကူညီ‌ပေး‌နေသူ ဆလိုင်း‌ကောင်းမြတ်လင်းက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“သူ့ရဲ့ ရုပ်ကလာပ်(body)ကိို‌တော့ (ရခိုင်ပြည်နယ်က‌နေ ကားနဲ့) သယ်လာပြီး မနက်ဖြန်မနက် ပြည်ကို ‌ရောက် ‌အောင်ပို့မယ်။ ဒီအချိန်မှာ လူအများကြီးပါလို့လည်း မရဘူးဆို‌တော့ မိသားစုသီးသန့်ပဲ မနက်ဖြန်‌နေ့လည်မှာ ‌မြေမြှုပ်သဂြုႋဟ်‌ပေးမှာဖြစ်ပါတယ်။” ဟု ယ‌နေ့(ဧပြီ ၂၂ ရက်)တွင် ‌ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အချို့ရှိ သံသယနှင့် ‌စောင့်ကြည့်လူနာများ၏ COVID-19 ‌ရောဂါပိုး ရှိမရှိ ဓာတ်ခွဲ စစ် ‌ဆေးနိုင်ရန် WHO ပိုင်ကားနှင့် စစ်‌တွေမြို့မှ ရန်ကုန်မြို့သို့အလာ မင်းပြားမြို့နယ်၌ ပစ်ခတ်ခံရပြီး ဦး ပြည့်စုံဝင်း‌မောင် ‌သေဆုံးကာ ကျန်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင့်တပ်‌တော်(AA)နှင့် မြန်မာ့တပ်မ‌တော်တို့မှ ၎င်းတို့ ပစ်ခတ်ခဲ့ခြင်း မဟုတ်‌ကြောင်းကို မီဒီယာသတင်းဌာနများသို့ အသီးသီးထုတ်‌ဖော်‌ပြောဆိုထားခဲ့ကြသည်။

ဦးပြည့်စုံဝင်း‌မောင်သည် WHO-ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့(မြန်မာနိုင်ငံ၊ ရန်ကုန်ရုံးချုပ်)တွင် ၁ နှစ်တာဝန် ထမ်း ‌ဆောင်ပြီး ရခိုင်ပြည်နယ်သို့ ‌နောက်ထပ် ၂ နှစ်အကြာ တာဝန်ဆက်လက်ထမ်း‌ဆောင်‌နေစဉ်အတွင်း ယခုလို ပစ်ခတ်ခံရခြင်းလည်းဖြစ်သည်ဟု ဆလိုင်း‌ကောင်းမြတ်လင်းက ‌ပြောသည်။

ဦးပြည့်စုံဝင်း‌မောင်(ခ)ဖိုးခွါး ‌သေဆုံးသွားချိန်တွင် ဖခင်ဖြစ်သူ ဦး‌ဌေးဝင်း‌မောင်၊ မိခင် ‌နော်ထီးမူ၊ အစ်မ ‌နော်ဇူဇန် ဝင်း‌မောင် နှင့် အမျိုးသမီးဖြစ်သူတို့ ကျန်ရစ်ခဲ့သည်ဟု သိရသည်။