Home သတင်း ‌သောင်ရင်းမြစ်အတွင်း ‌ရေဆင်းကူးသည့် ဆယ်‌ကျော်သက်အရွယ် မိန်းခ‌လေး(၂)ဦး ‌ရေနစ်‌သေဆုံးမှုဖြစ်ပွား

‌သောင်ရင်းမြစ်အတွင်း ‌ရေဆင်းကူးသည့် ဆယ်‌ကျော်သက်အရွယ် မိန်းခ‌လေး(၂)ဦး ‌ရေနစ်‌သေဆုံးမှုဖြစ်ပွား

2781
Photo: Nay Naw

မတ်လ ၃ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်အတွင်း ‌ရေးဆင်းကူးသည့် အသက်(၁၄) နှစ်အရွယ် နှင့် အသက်(၁၁)နှစ်အရွယ် မိန်းခ‌လေး (၂)ဦး ‌ရေနစ်‌သေဆုံးခဲ့‌ကြောင်း သိရသည်။

၂၀၂ဝ ခုနှစ်၊ မတ်လ ၂ရက်‌နေ့ ည‌နေ ၅နာရီ ၁၅မိနစ် အချိန်ခန့်က မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ‌မွေးမြူ‌ရေး ဇုန်ရပ်၊ ‌သောင်ရင်းမြစ်ထဲတွင်အမျိုးသမီး(၂)ဦး‌ရေနစ်‌သေဆုံး‌နေ‌ကြောင်း သတင်းအရ မြဝတီမြို့မစခန်းမှုး ဒုရဲ မှူး ‌အောင်‌ကျော်ဦး ဦး‌ဆောင်သည့် တာဝန်ရှိသူများ ဦး‌ဆောင်၍ သွား‌ရောက်စုံစမ်းစစ်‌ဆေးခဲ့ရာ ‌သေဆုံး‌နေသူ များမှာ မ‌အေးမြကြာဖြူ (၁၄နှစ်) နှင့် မသဲစုစု‌အောင် (၁၁ နှစ်)တို့ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ‌သေဆုံးသူနှစ်ဦးသည် မြဝတီမြို့ ‌မွေးမြူ‌ရေးဇုန်ရပ်၊ အမှတ်(၅)ရပ်ကွက်တွင် ‌နေထိုင်သူများဖြစ်ကြပြီး ‌ရေပူဘုန်း‌တော်ကြီးပညာသင်‌ကျောင်းတွင် ပညာသင်ယူ‌နေကြသည့် ဆဋ္ဌမတန်းအရွယ် ‌ကျောင်းသူ‌လေးများ ဖြစ်ကြသည်။

အဆိုပါ က‌လေးငယ်နှစ်ဦး၏ ရုပ်အ‌လောင်းကို စစ်‌ဆေးရာတွင် ၎င်းတို့၏ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ ပါးစပ်တွင်အမြှုပ်များထွက်၍ ‌ခြေလက်‌ရေနူး နုတ်ခမ်းပြာနှမ်းလျက် ‌ရေနစ်‌သေဆုံး‌နေသည်ကို ‌တွေ့ရှိရသဖြင့် ‌သေဆုံးသူ(၂)ဦး၏အ‌လောင်းအား ည‌နေ ၆နာရီအချိန်တွင် မြဝတီခရိုင်ပြည်သူ့‌ဆေးရုံကြီးသို့ မှု ခင်း‌ဆေးစာနှင့်အတူ တင်ပို့ထားရှိခဲ့သည်ဟု မြဝတီမြို့မရဲစခန်း သတင်းထုတ်ပြန်မှုအရ သိရသည်။

၎င်းဖြစ်စဉ် နှင့်ပတ်သက်၍ ‌ရေပူ‌ကျေးရွာ ဆယ်အိမ်စုမှူး ဦး‌အောင်‌ကျော်နိုင်အား ‌မေးမြန်းရာ မတ်လ ၂ရက်‌နေ့ ည‌နေ ၄ နာရီခွဲ အချိန်ခန့်တွင် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ‌မွေးမြူ‌ရေးဇုန်ရပ်၊ ‌သောင်ရင်းမြစ်ကမ်းတွင် မ‌အေးမြကြာဖြူ နှင့် မသဲစုစု‌အောင်တို့(၂)ဦး ‌ရေဆင်းကူးစဉ် မသဲစုစု‌အောင်မှ ‌ရေစီးသန်သည့် (အကျယ်(၂၅) ‌ပေခန့်၊ ‌ရေအနက် (၁၂)‌ပေခန့်ရှိ)‌နေရာတွင် ‌ရေနစ်သဖြင့် မ‌အေးမြကြာဖြူမှကယ်ခဲ့ရာမှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကယ်ရာမှ ၎င်းတို့(၂)ဦးစလုံး ‌ရေနစ်မြှုပ်‌သေဆုံးခဲ့‌ကြောင်း ‌ပြောပြချက်အရ သိရသည်။

အဆိုပါ မ‌အေးမြကြာဖြူနှင့် မသဲစုစု‌အောင်တို့(၂)ဦး ‌ရေနစ်‌သေဆုံးခြင်းနှင့်ပတ်သက်၍ မြဝတီမြို့မရဲစခန်း၏ ‌သေမှု‌သေခင်းအမှတ်စဉ်(၈/၂၀၂၀)ဖြင့်အမှုဖွင့်ပြီး စစ်‌ဆေး‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။