Home သတင်း မြဝတီတွင် ‌သေဆုံးခဲ့သည့် တရုတ်နိုင်ငံသား Covid-19 ‌ရောဂါလက္ခဏာ မ‌တွေ့ရှိဟုဆို

မြဝတီတွင် ‌သေဆုံးခဲ့သည့် တရုတ်နိုင်ငံသား Covid-19 ‌ရောဂါလက္ခဏာ မ‌တွေ့ရှိဟုဆို

4954
Photo: Nay Naw

မတ်လ ၂၂ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနပ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ယမန်‌နေ့ (မတ်လ ၂၁ ရက်)က ‌သေဆုံးခဲ့သည့် တရုတ်နိုင်ငံသားတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ‌ရောဂါလက္ခဏာ မ‌တွေ့ရှိဟု မြဝတီခရိုင်ပြည် သူ့‌ဆေးရုံမှ ဆရာဝန်ကြီး ‌ဒေါက်တာရန်နိုင်ဦး၏ မှတ်ချက်ပြုထုတ်ပြန်မှုအရ သိရသည်။

မြဝတီမြို့ အမှတ် (၂)ရပ်ကွက်၊ ‌သောင်ရင်းမြစ်ကမ်း၊ နယ်ခြား‌စောင့်တပ် -BGF တပ်ဖွဲ့ ထိန်း ချုပ်နယ်‌မြေ သဲပုံလုံခြုံ‌ရေးဂိတ်၊ Heng Sheng-1 ကာစီနို ရုံဝင်းအတွင်း ယာယီ‌နေထိုင်သူ တရုတ်နိုင်ငံ ‌ရောင်လင်းပြည်နယ်၊ ဆုန်း‌ကော်မြို့မှ လာသည့် ‌ရှောင်ကိုင်း ၂၉ နှစ်သည် မတ်လ ၂၁ ရက် ည ၁ဝ နာရီ ၅၂ မိနစ်ခန့်တွင် ‌သေဆုံးမှုဖြစ်ပွားခဲ့သည်။

၎င်း‌သေဆုံးသူသည် လွန်ခဲ့‌သော ၂ ရက်ခန့်က ‌ချောင်းဆိုးခဲ့ရာမှ မတ်လ ၂၁ ညတွင် ‌ချောင်းဆိုး ‌ရောဂါပိုမို ဆိုးရွားလာသဖြင့် သဲပုံဂိတ်ဝင်းအနီး ‌ဆေးခန်းသို့ ပို့‌ဆောင်‌ပေးခဲ့ရာ ည ၈ နာရီ ခွဲအချိန် ခန့်တွင် မူးလှဲခဲ့‌သော‌ကြောင့် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ‌မေတ္တာမွန်ပုဂ္ဂလိက‌ဆေးရုံသို့ တက်‌ရောက်ခဲ့ပြီး‌နောက် ထိုမှတစ်ဆင့် မြဝတီခရိုင်‌ဆေးရုံကြီးသို့ ပို့‌ဆောင်စဉ် လမ်း၌ ‌သေဆုံးသွားခဲ့ ခြင်းဖြစ်သည်ဟု မြဝတီခရိုင် ပြည်သူ့‌ဆေးရုံမှ မှတ်ချက်ပြုထုတ်ပြန်ထားသည်။

အဆိုပါ တရုတ်နိုင်ငံသား ‌သေဆုံးခြင်းနှင့်ပတ်သက်၍ ယ‌နေ့ (မတ်လ ၂၂ရက်) နံနက်တွင် မြဝတီခရိုင် ပြည်သူ့‌ဆေးရုံကြီးမှ ‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာ ရန်နိုင်ဦး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး ‌ဒေါက်တာ ဉာဏ်စိုးလှအပါအဝင် ဆရာဝန်များက ‌သေဆုံးသူ‌ရှောင်ကိုင်းအား ခွဲစိတ်စစ်‌ဆေးခဲ့ပြုလုပ်ခဲ့သည်။

Photo: Nay Naw

ထိုခွဲစိတ်စစ်‌ဆေးချက်အရ ‌သေဆုံးသူသည် ပုံမှန်ထက် အသည်းတစ်ဆခွဲခန့်ကြီး‌နေပြီး ဦး‌နှောက် ယာဘက်ခြမ်းအ‌မှေးပါးနှင့် ဦး‌နှောက်အကြားတွင် 200 CC ခန့် ‌သွေးခဲကာ ယင်း‌သွေးခဲမှု‌ကြောင့်ပင် ‌သေဆုံးခြင်းဖြစ်ပြီး COVID-19 ကူးစက်‌ရောဂါဖြင့် ‌သေဆုံးခြင်း မဟုတ်‌ကြောင်း ‌ဆေးရုံအုပ်ကြီး ‌ဒေါက်တာရန်နိုင်ဦးက မှတ်ချက်ပြုထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် အ‌ကြောင်းအမျိုးမျိုးဖြင့် ‌ရောက်ရှိ‌နေ‌သော တရုတ်နိုင်ငံသား တစ် ‌သောင်း နီးပါးခန့်ရှိသည်။ လွန်ခဲ့သည့်ရက်ပိုင်း မြဝတီ-မဲ‌ဆောက် အမှတ်(၁)ချစ်ကြည်‌ရေးတံတား မပိတ်ခင်က ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသားများအ‌ပေါ် ဗီဇာ free ဖြင့် ၁၄ ရက်‌နေထိုင်ခွင့် (Arrival Visa) ဆိုက်‌ရောက်ဗီဇာ ပိတ်လိုက်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် နိုင်ငံတကာ ဝင်‌ပေါက်ထွက် ‌ပေါက်တစ်ခုဖြစ်‌သော မြဝတီ-မဲ‌ဆောက် အမှတ် (၁) ချစ်ကြည်‌ရေးတံတားမှတဆင့် မြဝတီမြို့သို့ တရုတ်နိုင်ငံသား အများအပြားဝင်‌ရောက်‌နေထိုင်မှုများရှိ‌နေ၍ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှုများ ဖြစ်လာမည်ကို ‌ဒေသခံပြည်သူများက စိုးရိမ်မှုရှိ‌နေ‌ကြောင်း သိရသည်။