Home သတင်း ‌ထောင်တစ်လ ချမှတ်ခံရခြင်းအ‌ပေါ် အယူခံဝင်မည်ဟု ‌နော်အုန်းလှ‌ပြော

‌ထောင်တစ်လ ချမှတ်ခံရခြင်းအ‌ပေါ် အယူခံဝင်မည်ဟု ‌နော်အုန်းလှ‌ပြော

1740

မတ် ၁၆၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ရွှေမြစန္ဒီအိမ်ယာစီမံကိန်း အငြင်းပွားမှုတွင် ‌ဒေသခံဘက်မှ ပါဝင်ကူညီ‌ပေးသူ ‌နော်အုန်းလှကို မြဝတီမြို့နယ်၊ တရားရုံးက ငြိမ်း၊ စု၊ စီ ဥပ‌ဒေ ပုဒ်မ၊ ၁၉ အရ ‌ထောင်တစ်လ ချမှတ်ခဲ့ခြင်းအ‌ပေါ် ပြည်နယ်တရားရုံးသို့ အယူခံဝင်မည်ဟု ‌ထောင်တစ်လကျခံပြီး မတ်၁၆ ရက်တွင်ပြန်လွှတ်လာသူ‌နော်အုန်းလှက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက ” အန်တီတို့ ဥပ‌ဒေအတိုင်းဘဲ လုပ်ထားတယ်။ တရားစွဲတဲ့အချိန်မှာ ပုဒ်မ ၁၉/၂ဝ နဲ့ စွဲတယ်။ အမိန့်ချ ‌တော့ ၁၉ နဲ့ချတယ်။ လက်ခံနိုင်စရာ အ‌ကြောင်းမရှိဘူး။ လုံးဝ အ‌ကြောင်းမကြားထားမှ ပုဒ်မ ၁၉ နဲ့ ချရမှာ။ အခုက အ‌ကြောင်းကြားထားတယ်။ အခုဟာ ဥပ‌ဒေကို ‌ကျော်လွန်တဲ့အတွက် ဒါကိုလက်မခံဘူး။ ‌ထောင်မှာ တုန်းက အတွင်းအယူခံနဲ့ခရိုင်ကိုတင်တယ်။ အကျဉ်းနဲ့ သူတို့ကလက်မခံ‌တော့ အခု ပြည်နယ်ကို အယူခံဆက် တက်မှာ ဖြစ်တယ်” ဟု ‌ပြောသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်ပွဲအတွက် ဦး‌ဆောင်သူများထဲတွင် မပါဝင်သလို ငြိမ်းချမ်းစွာစု‌ဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်းဆိုင်ရာ ဥပ‌ဒေ ပုဒ်မ ၁၉ အရ ‌ထောင်တစ်လကျခံရခြင်းမှာ များစွာနှစ်နာမှုရှိသည်ဟု ‌နော် အုန်းလှက ဆက်‌ပြောသည်။

မတ် ၁၆ ရက် (ယ‌နေ့) နံနက်ပိုင်းတွင် ဖားအံ အကျဉ်း‌ထောင်မှ ‌နော်အုန်းလှနှင့် အတူ ‌ရွှေမြစန္ဒီ အိမ်ယာအ‌ရေး ဦး‌ဆောင်လှုပ်ရှားခဲ့သူ ဦး‌မောင်ဦး၊ ဦးငယ်(ခ)ဦးဆန်းလှိုင်၊ ‌ဒေါ်စန္ဒာမြင့် တို့ ပြန်လည်လွှတ်‌မြောက်လာခဲ့ပြီး ကရင်အမျိုးသားပါတီမှ တာဝန်ရှိသူများ၊ ကရင်လူငယ်များ၊ အမျိုးသမီးများ၊ ‌ရွှေမြစီန္ဒီအိမ်ရာ စီမံကိန်း‌ကြောင့် နစ်နာသည့် သူများက သွား‌ရောက်ကြိုဆို ခဲ့သည်။

ကရင်အမျိုးသားပါတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ” ‌နော်အုံးလှဟာ ကျ‌နော်တို့နဲ့ လူမျိုးချင်းလည်း တူတယ်။ နိုင်ငံ‌ရေးယုံကြည်ချက် လည်းတူတယ်။ အမျိုးသမီးတ‌ယောက်လည်းဖြစ်တဲ့အပြင် ကရင်အမျိုးသမီးထဲက ထူးထူးချွှန်ချွှန် အ‌ခြေခံလူတန်းစား‌တွေအတွက် ကိုယ်ကျိုးစွန့်ပြီး ရဲရဲဝံ့ဝံ့လုပ်တဲ့သူလည်းဖြစ်‌တော့ အာဇာနည် ‌နေ့ကိစ္စတုန်းကလည်း သွားဝန်းရံ‌ပေးတယ်။ ဖားအံမှာ‌နောက်တစ်ခါ အကျဉ်းချခံရ‌တော့ ပြန်လွှတ်မယ့်အချိန်ကို သိသိချင်း ဧရာဝတီတိုင်းက‌နေ ညတွင်းချင်းလာတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့နယ်၊ ‌ရွှေမြစန္ဒီအိမ်ယာစီမံကိန်း အငြင်းပွားမှုတွင် ‌မြေ‌နေရာကို ‌ငွေ‌ပေးဝယ်ယူထား သူများက လူအင် အား ‌ထောင်နှင့်ချီ၍ ၂၀၁၉ ခုနှစ်၊ ဧပြီ ၂၁ ရက်‌နေ့တွင် မြဝတီမြို့တွင်း၌ စီတန်းလှည့်လည် ဆန္ဒထုတ် ‌ဖော်မှု ဖြစ်ပွားခဲ့ ရာတွင် ဦး‌ဆောင်ပါဝင်သူ ၃ ဦးနှင့် ‌နော်အုန်းလှကို အစိုးရက တရားစွဲဆိုခဲ့ပြီး ဆယ်လ အကြာ ၂၀၂ဝ ပြည့်နှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၇ ရက်‌နေ့တွင် ‌ထောင်တစ်လ ချမှတ်ခဲ့ခြင်း ဖြစ်သည်။