Home သတင်း ဖားအံမြို့ ရတနာ‌မြေ(၁) ဓာတ်ဆီဆိုင် မီး‌လောင်မှုဖြစ်ပွား

ဖားအံမြို့ ရတနာ‌မြေ(၁) ဓာတ်ဆီဆိုင် မီး‌လောင်မှုဖြစ်ပွား

3917
photo_Mal De Say င်္Fb

မတ်လ ၂၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ဖားအံမြို့တွင်းရှိ ရတနာ‌မြေ(၁) ဓာတ်ဆီဆိုင်ကို ယ‌နေ့ ည‌နေ ၄နာရီခွဲ‌ကျော်တွင် မီး‌လောင်မှုဖြစ်ပွားသည်ဟု သတင်းရရှိသည်။

အဆိုပါ မီး‌လောင်မှုတွင် ဓာတ်ဆီဆိုင်မှ ဓာတ်ဆီသို‌လှောင်သည့် ‌နေရာမှ တစ်ဆင့် မီးစ‌လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုလည်း အနီးနားတွင် ‌နေထိုင် သူများက ခန့်မှန်း‌ပြောဆို‌နေကြသည်။

ဓာတ်ဆီဆိုင်အနီး‌နေထိုင်သူ ‌စောလွမ်းက “မီး‌လောင်တာက ၅ နာရီမထိုး ခင်အချိန်မှာ မီးကကြီး‌တော့ အနီးကပ် မသွားကြည့်ရဲ အိမ်နဲ့လည်း မနီးမ‌ဝေးဆို‌တော့ အ‌ဝေးက‌နေကြည့်တယ်။ မီးခိုးစထွက်တဲ့‌နေရာက အ‌နောက်မှာ ကားဆိုင်ကယ် ဆီထည့်တဲ့ ‌နေရာမဟုတ်ဘူး။ မီးက‌တော် ‌တော်ကြီးတယ် ။ ဓာတ်ဆီ တိုင်ကီ‌ပေါက် တာလားမသိဘူး ။ ‌ပေါက်ကွဲသံ ‌တွေ လည်းကြားရတယ်။ ဓာတ်ဆီဆိုင်အ‌နောက်မှာ အိမ်‌တွေရှိ‌သေးတယ် တယ်။ အိမ်‌တွေကမီးကူးလားမကူးလား‌တော့ ‌သေချာမသိ‌သေးဘူး။ အခု ၅နာရီ‌ကျော်အထိ မီးငြိမ်း‌နေတုန်းပါပဲ”ဟု ‌ကေအိင်စီသို့ ‌ပြောသည်။

photo_Mal De Say င်္Fb

အဆိုပါ ဓာတ်ဆီဆိုင်မီး‌လောင်သည့်အနီးအနား ‌ခေါင်းရင်း ကပ်ရပ်တွင် လည်း ရတနာ‌မြေ (၂) ဓာတ်ဆီဆိုင်ရှိ‌သေးသလို ‌တောင်ဘက် မျက်နှာချင်းဆိုင် လမ်းမကြီး အ‌ကျော်ဘက်တွင်လည်း Denko ဓာတ်ဆီဆိုင်ကြီး တစ်လုံးရှိ‌သေးသည်ဟု သိရသည်။