Home သတင်း ထိုင်းမှ မြဝတီ နယ်စပ်ဂိတ်သို့ ပြန်လာသူများကို နယ်စပ်တွင် ယာယီ‌နေရာချ‌စောင့်ကြည့်

ထိုင်းမှ မြဝတီ နယ်စပ်ဂိတ်သို့ ပြန်လာသူများကို နယ်စပ်တွင် ယာယီ‌နေရာချ‌စောင့်ကြည့်

4238

မတ်လ ၃၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံမှ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ် အမှတ်(၂)ချစ်ကြည်‌ရေး တံတားဂိတ်မှတဆင့် ပြန်လည်ဝင်‌ရောက်လာကြ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်တွင် ယာယီ‌နေရာချ‌စောင့်ကြည့်‌ပေးထား‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

ပြည်နယ်အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ထိုင်းမှ ပြန်လာသည့် မြန်မာအလုပ်သမားများကို မိမိ‌နေရပ်တွင် ‌နေရာ ချ‌စောင့် ကြည့်ရန် အဆင်သင့်မဖြစ်ချိန်တွင် ကြားကာလအ‌နေဖြင့် မြဝတီမြို့ရှိ ‌ကျောက်လုံးကြီးစခန်းနှင့် ‌လေး‌ကေ ‌ကော်မြို့ သစ်တို့တွင် စီစဉ်‌နေရာချ‌စောင့်ကြည့်‌ကြောင်း မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင် က‌ပြောသည်။

၎င်းက “ဆိုပါစို့ ဖားအံကို ၅ဝ ဝင်လာတယ်။ ဟိုမှာပြင်ထားတာ အဆင်သင့်မဖြစ်‌သေးဘူး။ ကျ‌နော်တို့ ဒီမှာ ခဏ ထားရမယ်။ ဒါမှမဟုတ် ကျ‌နော်တို့ ဒီက ‌စေလွှတ်လိုက်လို့ On the Way မှာ သူ့အတွက် အခက်အခဲ ရှိတယ်ဆိုရင် မနက်မှ ဖားအံကို ဆက်သွားမယ်အဲ့လိုမျိုး‌ပေါ့။ ‌ကော့ကရိတ်က လာကြိုမယ်ဆိုရင်‌တော့ရတယ်။ ကျ‌နော်တို့ ဒီအတိုင်း ‌စေလွှတ်လိုက်ရင် Mix ဖြစ်မှာစိုးလို့။ အချိန်ကို ကျ‌နော်တို့ ‌ရွေးချယ်တယ်” ဟု ‌ပြောသည်။

ထိုသို့ ပြန်‌ရောက်လာသူများထဲမှ ကရင်ပြည်နယ်အတွင်း ‌နေထိုင်သူများကို မိမိ‌နေရပ်တွင် ‌ဒေသတွင်း (၁၄) ရက်‌စောင့် ကြည့်‌ရေး အစီအစဉ်များ အဆင်သင့်မဖြစ်ချိန်တွင် မြဝတီမြို့နယ်၊ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ယာယီ‌နေရာချ ‌စောင့်ကြည့် ထားပြီး မြဝတီမြို့ခံများကို ‌ကျောက်လုံးကြီးစခန်းတွင် (၁၄)ရက်အပြည့် ‌စောင့်ကြည့်သွားမည်ဖြစ်‌ကြောင်းလည်း ဦး‌တေဇာ ‌အောင်က ဆက်‌ပြောသည်။

လက်ရှိတွင် အစိုးရမှ ကူးစက်‌ရောဂါ ကာကွယ်နှိမ်နင်း‌ရေး ဥပ‌ဒေအရ ဗဟိုတွင် COVID-19 ကာကွယ်ထိန်းချုပ် ကုသ‌ရေး ‌ကော်မတီဖွဲ့ထားပြီး ၎င်းမှတဆင့် ခရိုင်၊ မြို့နယ်၊ ‌ကျေးရွာ၊ ရပ်ကွက် အဆင့်လိုက် ‌စောင့်ကြည့်‌ရေး ‌ကော်မတီများကို ဖွဲ့စည်းထားကာ ၎င်းတာဝန်ရှိသူများမှ ‌စောင့်ကြည့်‌ရေး အစီအစဉ်များကို ‌ဒေသအလိုက် ရပ်ကွက်အလိုက် လုပ်‌ဆောင်သွားရန် ညွှန်ကြားထား‌ကြောင်းသိရသည်။

ယမန်‌နေ့ မတ်လ ၃ဝရက်‌နေ့အတွင်း ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများမှာ ‌လေး‌ကေ‌ကော်မြို့သစ်သို့ ၁၅၆ ဦး ပို့‌ဆောင်ခဲ့ပြီး ၎င်းအထဲမှ ၄၄ ဦးကို ၎င်းတို့‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်လိုက်ပြီးဖြစ်ရာ လက်ရှိတွင် ၁၁၂ဦး ကျန်ရှိ‌နေ‌သေး ‌ကြောင်း ‌လေး‌ကေ‌ကော်မြို့သစ် အုပ်ချုပ်‌ရေးမှူး ‌စော‌ဌေးမြင့်‌အောင်က ‌ပြောသည်။

၎င်းက “တာဝန်ရှိသူ‌တွေက ‌နေရာစီစဉ်‌ပေးဖို့ ညွှန်ကြားထား‌တော့ မြဝတီကို လူအလုံးအရင်းနဲ့ ပြန်လာလို့ ထားစရာ ‌နေရာမရှိဘူးဆိုရင် ကျ‌နော်တို့ ဒီ‌လေး‌ကေ‌ကော်မှာ လျာထား‌ပေးတာ‌တော့ အ‌ယောက် (၂၀၀) အတွက်‌ပေါ့။ အခုက ကရင်ပြည်နယ်ထဲက လူ‌တွေဆိုရင် ဒီမှာပဲ ထားရမယ်။ တခြားကရင်ပြည်နယ် ပြင်ပ လူဆိုရင် ပြန်ပို့‌ပေးမှာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်‌နေ့တွင်လည်း ‌လေး‌ကေ‌ကော်မြို့သစ်သို့ ပထမ အသုတ်အ‌နေဖြင့် လူဦး‌ရေ (၁၀၁)ဦးကို လာ‌ရောက်ပို့‌ဆောင်ခဲ့ပြီး ထို‌နေ့တွင်ပင် ‌နေရပ်‌ဒေသအသီးသီးသို့ ပြန်လည်ပို့‌ဆောင်‌ပေးခဲ့‌ကြောင်းလည်း ‌စော‌ဌေးမြင့် ‌အောင် ဆက်‌ပြောသည်။

ယ‌နေ့ ပြန်လာသူများထဲတွင် ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ မြဝတီ နှင့် မွန်ပြည်နယ် ‌မော်လမြိုင်၊ သထုံနှင့်စကိုင်းတိုင်းမှ လူများဖြစ်‌ကြောင်း တာဝန်ရှိသူများ၏ ‌ကောက်ခံထားသည့်စာရင်းများအရ သိရပြီး ကရင်ပြည်နယ် ပြင်ပလူများကို ဖားအံတွင် (၁၄)ရက်တာ ယာယီ‌နေရာချ ‌စောင့်ကြည့်‌နေ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ရက်‌နေ့မှစ၍ မြဝတီ အမှတ်(၂) ချစ်ကြည်‌ရေး တံတားမှ မြန်မာနိုင်ငံသားများ အလုံး အရင်းဖြင့် ပြန်လည်ဝင်‌ရောက်လာခဲ့ရာ မတ်လ ၂၆ရက်‌နေ့အထိ ၆ရက်အတွင်း သုံး‌သောင်း‌ကျော် ရှိ‌နေခဲ့ပြီး တစ်ရက်ပျမ်းမျှ လူဦး‌ရေ ငါး‌ထောင်(၅,၀၀၀)နီးပါး ဝင်‌ရောက်လာခဲ့သည်။ သို့‌သော် မတ်လ ၂၇ရက်‌နေ့မှစ၍ ပြန်လည်ဝင်‌ရောက်လာသည့် လူဦး‌ရေ တစ်ရက်လျှင် တစ်‌ထောင်‌ကျော်သာရှိခဲ့ပြီး ပြန်လည်ဝင်‌ရောက်လာမှု သိသိသာသာ ‌လျော့နည်းလာ‌ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ယ‌နေ့အချိန်ထိ ထိုင်းမှ မြန်မာပြည်သို့ တရားဝင် ပြန်လည်ဝင်‌ရောက်လာသူများကို လက်ခံ‌သေး‌သော်လည်း ‌နောက်ပိုင်းတွင် ပြန်လည်ဝင်‌ရောက်လာသူများအ‌နေဖြင့် ထိုင်းနိုင်ငံ၏ ကျန်းမာ‌ရေး စစ်‌ဆေးပြီး‌ကြောင်း‌ထောက် ခံချက်ပါရှိမှသာ လက်ခံသွားမည်ဖြစ်‌ကြောင်းနှင့် ၎င်းအတွက် ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် ညှိနှိုင်း သ‌ဘော တူညီ မှုများရရှိထား‌ကြောင်းလည်း မြဝတီခရိုင် အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က မတ်လ ၂၉ ရက်‌နေ့က ‌ပြောဆိုထား သည်။

ထိုင်းနိုင်ငံတွင် ယမန်‌နေ့ မတ်လ ၃ဝ ရက်‌နေ့ ထုတ်ပြန်ချက်အရ Covid-19 ကူးစက်သူ ၁,၅၂၄ ဦးတွင် ‌သေဆုံးသူ ၉ ဦး ထိရှိလာခဲ့ပြီး နိုင်ငံတွင်းရှိ ခရိုင်‌ပေါင်း ၇၇ ခရိုင်ရှိသည့်အနက် မြန်မာလုပ်သားအများစုရှိသည့် ခရိုင် ၆ ခုတွင် နယ်‌မြေဖြတ် ‌ကျော် သွားလာခြင်းများကို ကန့်သပ်ထားသလို စက်ရုံအလုပ်ရုံများ၊ ကုန်တိုက်များနှင့် စား‌သောက်ဆိုင်တစ်ချို့မှာ ပိတ်ထား‌ကြောင်း မြန်မာလုပ်သားများ၏ ‌ပြောကြားမှုအရသိရသည်။

အလားတူ နိုင်ငံအဝှမ်း Covid-19 ကူးစက်ခံရသူ (၇၃၅,၈၇၅) ဦးရှိလာပြီး ပြန်လည် ‌ကောင်းမွန်လာသူ (၁၅၁,၈၅၇)ဦး ရှိကာ ‌သေဆုံးသူ (၃၄,၉၄၉)ဦးရှိသည်။ မြန်မာနိုင်ငံ၌ ယမန်‌နေ့အချိန်ထိ ‌စောင့်ကြည့်လူနာ (၄၂၈)ဦးရှိပြီး သံသယ လူနာ(၂)ဦးရှိကာ ယ‌နေ့ ည‌နေ(၇း၃၀)အချိန်ထိ ‌ရောဂါပိုး ‌တွေ့ရှိသူ (၁၄)ဦးရှိ ပြီးဖြစ်‌ကြောင်း မြန်မာနိုင်ငံ ကျန်းမာ‌ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။