Home သတင်း ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဆေးရုံတွင် Covid-19 ‌ရောဂါပိုး‌တွေ့ရှိဟု သတင်းထွက် ‌ပေါ်

ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဆေးရုံတွင် Covid-19 ‌ရောဂါပိုး‌တွေ့ရှိဟု သတင်းထွက် ‌ပေါ်

3455

မတ်လ ၂၄ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်။

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဆေးရုံကြီးတွင် ယမန်‌နေ့ (မတ်လ ၂၃ ရက်‌နေ့ ည‌နေပိုင်းက ပါကစ္စတန်နိုင်ငံသား အသက်(၃၂)အရွယ် အမျိုးသား တစ်ဦးထံမှ Covid-19 ကိုရိုနာဗိုင်းရပ်စ်‌ရောဂါပိုး‌တွေ့ရှိခဲ့‌ကြောင်း ထိုင်းလူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။

၎င်းမှာ မဲ‌ဆောက်မြို့ မယ်ပရပ်ကွက်ရှိ ထိုင်းအမျိုးသမီးနှင့်အိမ်‌ထောင်ကျပြီး မြန်မာ-ထိုင်းနယ်ခြား ‌သောင်ရင်းမြစ်ကမ်းရှိ ဂိတ်များတွင် ဂျပန်တပတ်ရစ်လိုင်စင်မဲ့ကား အ‌ရောင်းအဝယ်ပြုလုပ်‌နေသူ ဖြစ်‌ကြောင်း ၎င်းနှင့်နီးစပ်သူများ၏ ‌ပြောကြားမှုအရ သိရသည်။

သူသည် ပါကစ္စတန်နိုင်ငံကို ပြန်သွားပြီး‌နောက် ထိုင်းနိုင်ငံသို့ပြန်လာရာ ‌ရောက်ရှိ၍ ရက်ပိုင်းခန့်အကြာ မဲ‌ဆောက်‌ဆေးရုံးကြီးတွင် ကျန်းမာ‌ရေးစစ်‌ဆေးစဉ် မတ်လ ၂၃ ရက်‌နေ့ ည‌နေ (၅း၄၅)နာရီအချိန်ခန့်က ၎င်းတွင် Covid-19 ကိုရိုနာဗိုင်းရပ်စ်‌ရောဂါပိုး‌တွေ့ရှိ‌ကြောင်း မဲ‌ဆောက်‌ဆေးရုံမှ အတည်ပြုခဲ့ဖြစ်သည်ဟု လူမှုကွန် ယက်စာမျက်နှာ‌ပေါ်တွင် ‌ဖော်ပြလျက်ရှိသည်။

ထိုသို့ မဲ‌ဆောက်‌ဆေးရုံ၌ ကိုရိုနာဗိုင်းရပ်စ်‌ရောဂါပိုး‌တွေ့ရှိသည်ဟု သတင်းထွက် ‌ပေါ်ပြီး‌နောက် မဲ‌ဆောက်မြို့ရှိ ပြည်သူများလိုက်နာရန်ဟုဆိုကာ ည ၈ နာရီကစပြီး အပြင်မထွက်ရ၊ လူ ၁ဝ ‌ယောက်ထက် စု‌ဝေးမှုမလုပ်ရ ၊ ကျန်းမာ‌ရေး မသကင်္ာပါက ချက်ချင်း‌ဆေးရုံ/‌ဆေးခန်းကိုအ‌ကြောင်းကြားရန် အစရှိသည့် အချက် များကို ထိုင်း‌ရေဒီယိုက‌နေ မြန်မာလို‌ကြေညာသွား‌ကြောင်းလည်း သိရသည်။

အဆိုပါ Covid-19 ‌ရောဂါ ပိုး‌တွေ့ရှိမှုနှင့်ပတ်သက်၍ ထိုင်းကျန်းမာ‌ရေး ဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ထားမရှိ‌သေး‌ကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် နီးစပ်သူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့‌သော ကိုရိုနာဗိုင်းရပ်စ်‌ရောဂါပိုးကူးစက်ခံရသူ တစ်ကမ္ဘာလုံး အတိုင်းအတာအ‌နေဖြင့် ယမန်‌နေ့ မတ်လ ၂၃ ရက်‌နေ့ ည‌နေပိုင်း သတင်းထုတ်ပြန်ချက်အရ ‌ရောဂါပိုး ကူးစက်သည့် နိုင်ငံ‌ပေါင်း ၁၈၉ နိုင်ငံရှိပြီး ‌ရောဂါပိုးကူးစက်ခံရသူအ‌ရေအတွက်အားဖြင့် ၃၃၄၉ ၈၁ ဦး ထိရှိရာ ‌သေဆုံးသူ ၁၄,၆၅၂ ဦး ထိရှိလာ‌ကြောင်း သိရသည်။ ထို့အတူ ထိုင်းနိုင်ငံတွင်လည်း ကူးစက်ခံရသူ ၇၂၁ ဦးအနက် တစ်ဦး‌သေဆုံးခဲ့သလို မြန်မာနိုင်ငံတွင်လည်း ‌ရောဂါပိုး‌တွေ့ရှိသူ ၂ ဦးရှိပြီဖြစ်‌ကြောင်း ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်‌နေ့က ထုတ်ပြန်ထားသည်။