Home သတင်း တိုင်းရင်းသားအ‌ပေါ်မတရားဖိနှိပ်မှု‌ကြောင့် ‌တော်လှန်‌ရေးလုပ်ရခြင်းဖြစ်ဟု ‌နော်အုန်းလှ‌ပြော

တိုင်းရင်းသားအ‌ပေါ်မတရားဖိနှိပ်မှု‌ကြောင့် ‌တော်လှန်‌ရေးလုပ်ရခြင်းဖြစ်ဟု ‌နော်အုန်းလှ‌ပြော

3400

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

‌ခေတ်အဆက်ဆက် နိုင်ငံ၏တာဝန်ရှိသူများသည် တိုင်းရင်းသားများအ‌ပေါ်မတရားဖိနှိပ်မှု‌ကြောင့် ‌တော်လှန်‌ရေး လုပ် ရခြင်းဖြစ်သည်ဟု KWU (ကရင်အမျိုးသမီးအစည်းအရုံး)ဥက္ကဋ္ဌ ‌နော်အုန်းလှက ယ‌နေ့(ဇန်နဝါရီလ ၃၁ရက်)‌နေ့တွင် ကရင့်‌တော်လှန်‌ရေး‌နေ့အခမ်းအနားတွင် ‌ပြောဆိုလိုက်သည်။

‌နော်အုန်းလှက “ကျမတို့နိုင်ငံရဲ့ တာဝန်ရှိသူ‌တွေရဲ့ မတရားဖိနှိပ်မှု‌ကြောင့်၊ တိုင်းရင်းသား‌တွေက လွပ်လပ်မှုကို လိုချင်တဲ့အတွက်‌ကြောင့် ကျမတို့‌တော်လှန်‌ရေးလုပ်ခဲ့ရတယ်။ အခုချိန်အထိလည်း အခွင့်အ‌ရေး‌ပေးထားတယ် ဆို‌ပေမယ့်လည်း ဖိနှိပ်မှုက‌တော့ ရှိ‌နေ‌သေးတာပဲ။” ဟု ‌ပြောသည်။

KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) နယ်‌မြေ (ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မင်း‌စောရွာ)တွင် ပြုလုပ် သည့် (၇၁) နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့ အခမ်းအနားမိန့်ခွန်း၌ ‌နော်အုန်းလှက ထိုသို့ ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ် သည်။

ထို့အပြင် လုပ်ပိုင်ခွင့်ရှိသည့် လူတစ်စု၏ အာဏာ၊ ကိုယ်ကျိုးစီးပွားများ‌ကြောင့် ဖိနှိပ်မှုများဖြစ်‌ပေါ်လာခဲ့ပြီး လက်ရှိအချိန် တွင်လည်း အစိုးရတာဝန်ရှိသူများသည် ပြည်သူနှင့်ရင်ကြား‌စေ့‌ရေးမလုပ်ဘဲ တပ်မ‌တော်နှင့် ရင်ကြား‌စေ့‌ရေးကိုသာ လုပ်‌နေ‌သော‌ကြောင့် ပြဿနာများ ပိုမိုရှုပ်‌ထွေးလာသည်ကိုလည်း ‌တွေ့ရ‌ကြောင်းလည်း ‌နော်အုန်းလှက ဆက်‌ပြောသည်။

ယ‌နေ့ကျင်းပသည့် (၇၁)နှစ်‌မြောက် ကရင်‌တော်လှန်‌ရေး‌နေ့သို့ KNU တပ်မဟာ (၁)မှ စစ်ဖက်ဆိုင်ရာနှင့် အရပ်ဖက် အုပ်ချုပ်‌ရေးတာဝန်ရှိသူများ၊ ‌ဒေသခံပြည်သူလူထုများ၊ ‌ကျောင်းဆရာဆရာမများ၊ ‌ကျောင်းသား‌ကျောင်းသူများနှင့် အနယ်နယ်အရပ်ရပ်မှ လူထုများ စုစု‌ပေါင်း လူဦး‌ရေ ၇၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြရာ စစ်‌ရေးပြအစီအစဉ်၊ သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အသီးသီးက အမှာစကား‌ပြောခြင်းအစီအစဉ်နှင့် အထိမ်းအမှတ်‌နေ့အဖြစ် ‌ဖျော်‌ဖြေ‌ရေး အစီအစဉ်များလည်း ထည့်သွင်းကျင်းပခဲ့သည်။

KNU-ကရင်အမျိုးသားအစည်းအရုံး ဦး‌ဆောင်သည့် ကရင့်‌တော်လှန်‌ရေးသည် မြန်မာနိုင်ငံလွတ်လပ်‌ရေးရရှိပြီး ‌နောက် ကရင်အမျိုးသားများသည် တန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဖဆပလ အစိုးရထံသို့ နိုင်ငံ‌ရေးနည်းဖြင့် ‌တောင်းဆို၍ မရရှိခဲ့သဖြင့် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် လက်နက်ကိုင်‌တော်လှန်‌ရေး လမ်းစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

ကရင့်ကံကြမ္မာ ကရင်ဖန်တီးနိုင်‌ရေးနှင့် စစ်မှန်‌သော ဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်နိုင်‌ရေးရည်မှန်း ချက်ဖြင့် လက်နက်ကိုင်‌တော်လှန်ခဲ့ရာမှ ‌သွေးထွက်သံယိုမရှိ‌သော နည်းလမ်းဖြင့် ကရင်အမျိုးသားများ၏ အခွင့်အ‌ရေးကို ရယူမည် ဆိုကာ ၂၀၁၂ခုနှစ်မှစ၍ ဦးသိန်းစိန် အစိုးရနှင့် ‌ကေအဲန်ယူအကြား ငြိမ်းချမ်း‌ရေး ‌စေ့စပ်‌ဆွေး‌နွေးမှုလုပ်ငန်းများကို လုပ်‌ဆောင်လာခဲ့သည်။

ထို‌နောက် ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA)လက်မှတ်‌ရေးထိုးပြီး ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများ ‌ဖော်‌ဆောင်‌နေ‌သော်လည်း တိကျ‌သေချာသည့် သ‌ဘောတူညီမှု များမရရှိ‌သေးဘဲ နှစ် ဖက်တပ်များအကြား ထိ‌တွေ့မှုများ ယ‌နေ့ အချိန်ထိရှိ‌နေ‌ကြောင်း သိရသည်။

ယ‌နေ့ကျ‌ရောက်သည့် ၇၁ နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ကို ‌ကေအဲန်ယူ၏ ထိန်းချုပ်နယ်‌မြေ ဖြစ်‌သော တပ်မဟာ(၅)ဌာနချုပ်နှင့် အခြားထိန်းချုပ်နယ်‌မြေအချို့တွင်လည်း အလားတူ ကျင်းပခဲ့ကြသည်။