Home သတင်း KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌအဖြစ် ပဒို‌စော‌ရွှေ‌မောင်းအား ပြန်လည်‌ရွေး‌ကောက်

KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌအဖြစ် ပဒို‌စော‌ရွှေ‌မောင်းအား ပြန်လည်‌ရွေး‌ကောက်

3603

‌ဖေ‌ဖေါ်ဝါရီ ၁၄ ရက်၊ ၂၀၂ဝခုနှစ်။ ‌စောမြတ်ဦးသာ

KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၏ ၁၆ ကြိမ်‌မြောက် ညီလာခံကို ‌ဖေ‌ဖော်ဝါရီ ၆ ရက်မှ ၁၃ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ကြားအင်းဆိပ်ကြီးမြို့နယ်ရှိ ခရိုင်ခန်းမ‌ဆောင်တွင် ကျင်းပခဲ့ကြပြီး ယင်းညီလာခံ၏ ‌ရွေး‌ကောက်ပွဲမှ ခရိုင်ဥက္ကဋ္ဌ ‌ဟောင်း ပဒို‌စော‌ရွှေ‌မောင်းအား ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ခဲ့‌ကြောင်း သိရသည်။

ဝင်း‌ရေးမြို့နယ်၊ နို့တ‌ကောမြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် ‌ကေ့ာကရိတ်မြို့နယ်များမှ တက်‌ရောက်လာသည့် ညီလာခံ ကိုယ်စားလှယ် ၁၀ဝ ‌ကျော်မှ လျှို့ဝှက်ဆန္ဒမဲများဖြင့် ယခင်ဥက္ကဋ္ဌ‌ဟောင်း ပဒို‌စော‌ရွှေ‌မောင်းအား ပြန်လည်‌ရွေး‌ကောက် တင်‌မြှောက်ခဲ့ခြင်းဖြစ် သည် ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံမှ သိရသည်။

ထို့အပြင် ညီလာခံတွင် ခရိုင်ဥက္ကဋ္ဌ ပဒို‌စော‌ရွှေ‌မောင်းအပြင် အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်၊ တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောမို့ အဲ ဒို့နှင့် တရားသူကြီး ပဒို‌စောချာလာပတ်တို့အပါအဝင် ခရိုင်အလုပ်အမှု‌ဆောင် ၉ ဦးနှင့် ခရိုင်အမြဲတမ်း‌ကော်မတီဝင် ၃၁ ဦးအား ညီလာခံကိုယ်စားလှယ်များ၏ လျှို့ဝှက်ဆန္ဒမဲများဖြင့် ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့သည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် တာဝန်ရှိသူ များထံမှ သိရသည်။

“‌ရှေ့ဆက်တာဝန်ဆက်ယူ‌ပေးဖို့ လူထု‌တွေမှာ ဆန္ဒရှိ‌နေကြတယ်။ ငြိမ်းချမ်း‌ရေး‌ဆောင်ရွက်မှုမှာ ပါဝင်ခဲ့တဲ့ဟာ‌တွေ ရှိခဲ့တဲ့အ‌ပေါ် လူထု‌တွေက ‌မျှော်လင့်တယ်။ သူတို့‌တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းဖို့ နဂိုကတည်းက စိတ်ဆန္ဒရှိတဲ့အ‌ပေါ်မှာ ဒီတာဝန်ကို ပြန်ပြီးထမ်း ‌ဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်တယ်။ ကရင်လူထု‌တွေရဲ့ ဆန္ဒ‌တွေ ဖြည့်ဆည်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီး ‌ဆောင်ရွက် မယ်” ဟု ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒို‌စော‌ရွှေ‌မောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်ပွဲများ‌ကြောင့် ကရင်လူထုများ ဒုက္ခဆင်းရဲမှုမျိုးစုံနှင့် ရင်ဆိုင်ကြုံ‌တွေ့ခဲ့ရပြီး လွတ်‌မြောက်ရန်အတွက် လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့ရသလို ကရင်အမျိုးသားများလိုချင်သည့် ငြိမ်းချမ်း‌ရေးကိုလည်း သတိ္တရှိရှိနှင့် ‌ရှေ့ဆက်‌ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

ဒူးပလာယာခရိုင်၏ ၁၆ကြိမ်‌မြောက် ညီလာခံကို ၆ ရက်တာ ကျင်းပပြီး ကိုယ်စားလှယ်များနှင့် ‌လေ့လာသူစုစု‌ပေါင်း ၂ဝဝ နီးပါး တက်‌ရောက်ခဲ့ကြသည်။ ညီလာခံတွင်စည်းရုံး‌ရေး၊ သစ်‌တော၊ လယ်ယာ၊ တရား‌ရေးနှင့် ပညာ‌ရေးဌာနအသီးသီးမှ အစီရင်ခံ စာများကို အစီရင်ခံ‌ဆွေး ‌နွေးကြပြီး ညီလာခံ၏ ‌နောက်ဆုံးရက်တွင် ခရိုင်‌ခေါင်း‌ဆောင်များကို ပြန်‌ရွေး‌ကောက် တင်‌မြှောက်ခဲ့ခြင်း ဖြစ်သည်။

ခရိုင် တရားသူကြီးအဖြစ် ‌ရွေး‌ကောက်တင်‌မြှောက်ခံရသူ ‌စောချာလပတ်က တရားစီရင်‌ရေးနှင့် ဥပ‌ဒေစိုးမိုး‌ရေးကိစ္စရပ်များ၊ KNU ၏ ဥပ‌ဒေ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အသိပညာ‌ပေးလုပ်ငန်းများကို ‌ဆောင်ရွက်သွားမည်ဖြစ်သလို တရားဥပ‌ဒေဖြင့် နယ်‌မြေပိုပြီး‌အေးချမ်းသာယာ‌အောင် ‌ဆောင်ရွက်သွားမည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU နို့တ‌ကောမြို့နယ်မှ ညီလာခံကိုယ်စားလှယ် မန်းချမ်းက“ ပဒို‌စော‌ရွှေ‌မောင်းကို ပြန်လည်ပြီး တာဝန်ထမ်း‌ဆောင်‌စေချင်လို့ သူ့ကိုမဲထည့်ခဲ့တယ်။ ခရိုင်မှာ ကျ‌နော်တို့လိုအပ်‌နေတဲ့ ‌ခေါင်း‌ဆောင်တစ်‌ယောက်လည်း ဖြစ်တယ်။ ငြိမ်းချမ်း‌ရေးသွား‌နေတဲ့ ကာ လ‌တွေမှာ သူက‌တောက်‌လျှောက် ထဲထဲဝင်ဝင်ပါဝင်ပြီး‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်သူပါ။ အမျိုးသား‌ရေးအတွက်‌ရော ငြိမ်းချမ်း ‌ရေးအတွက်ပါ အဖိုး(ပဒို‌ရွှေ‌မောင်း)နဲ့ ပူး‌ပေါင်း‌ဆောင်ရွက်သွားမယ်”ဟု ‌ပြောသည်။

ယခုနှစ် ဒူးပလာယာခရိုင် ‌ရွေး‌ကောက်ပွဲမှ လူငယ်များပါဝင်လာကြသည့်အတွက် ပူး‌ပေါင်း‌ဆောင်ရွက်မှုအပိုင်းတွင် အား‌ကောင်းလာမည်ဟု တက်‌ရောက်လာသည့် ညီလာခံကိုယ်စားလှယ်များက သုံးသပ်‌ပြောဆိုကြသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ ဗဟို၊ ခရိုင်နှင့် မြို့နယ်အဆင့် ညီလာခံကို ၄ နှစ်တစ်ကြိမ်၊ ‌ကျေးရွာအုပ်စုအဆင့်ကို ၂ နှစ်တစ်ကြိမ် ကျင်းပ‌လေ့ရှိသည်။