Home သတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း ပိတ်သိမ်းနိုင်‌ရေး အစိုးရစီစဉ်‌နေ

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း ပိတ်သိမ်းနိုင်‌ရေး အစိုးရစီစဉ်‌နေ

2171

‌ဖေ‌ဖော်ဝါရီလ ၁၄ ရက်၊ ၂၀၂ဝခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူတွင် ၄ နှစ်ကြာ ဖွင့်လှစ်ထားသည့် မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်း များ ပိတ်သိမ်းနိုင်‌ရေးအတွက် အစိုးရအ‌နေဖြင့် စီစဉ်လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း သိရသည်။

လူဦး‌ရေ ၄ ‌ထောင်‌ကျော်ရှိ‌နေ‌သေးသည့် မြိုင်ကြီးငူ စစ်‌ရှောင်စခန်းများ ပိတ်သိမ်းနိုင်‌ရေး အစီအစဉ်များနှင့် ပတ်သက်၍ ကရင်ပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား‌ရေးမှူးဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ယခု လို‌ပြောသည်။

“ တစ်နိုင်ငံလုံးအတိုင်းအတာအ‌နေနဲ့ တိုက်ပွဲ‌ရှောင်စခန်း‌တွေ ပိတ်သိမ်းဖို့အစီအစဉ်ရှိပါတယ်။ အဲဒီထဲမှာ ကျ‌နော်တို့ ကရင်ပြည်နယ်မှာလည်း ပါတာ‌ပေါ့။ ပြည်သူလူထုသ‌ဘောထားဆန္ဒ‌တွေကို ‌တောင်းအုံးမှာပါ။ လူထုဆန္ဒ ‌တောင်းယူတဲ့ အစီအစဉ်ကိုလည်း ကရင်ပြည်နယ် အစိုးရနဲ့ ပြည်‌ထောင်စုအစိုးရတို့က ဘာမှမညွှန်ကြားရ‌သေးဘူး။ အဓိက ‌ဘေး အန္တရာယ်စီမံခန့်ခွဲ‌ရေး ဦးစီးဌာနက တာဝန်ယူလုပ်‌ဆောင်ရမှာ‌ပေါ့။ ကျ‌နော်တို့က ကျန်တဲ့အပိုင်းကို ဝိုင်းကူမှာဖြစ်တာ‌ပေါ့” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုများနှင့်ပတ်သက်၍ မည်သည့်အချိန်တွင် စတင်မည်ကို မသိရှိရ‌သေး‌သော်လည်း အစိုးရအ‌နေဖြင့် စခန်း‌နေလူထုများ၏ ‌နေရပ်ပြန်လည်အ‌ခြေချ‌ရေးနှင့်ပတ်သက်သည့် သ‌ဘောထားစစ်တမ်း ‌ကောက် ယူပြီးမှ ပိတ်သိမ်းခြင်းအစီအစဉ်များကို ဆက်လက် ‌ဆောင်ရွက်မည်ဖြစ်သည်ဟု ဦး‌ဇော်မင်းက ဆက်‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေများအရ စခန်းတွင် ‌နေထိုင်‌နေသည့် စစ်‌ဘေး‌ရှောင်ပြည်သူများ၏ မူလ‌နေထိုင်ရာ ‌ဒေသတွင် တည်ငြိမ်‌အေးချမ်းမှုမရှိ‌သေးသလို ‌မြေမြှုပ်မိုင်းများလည်း ရှင်းလင်းနိုင်ခြင်းမရှိ‌သေးသည့်အတွက် မိမိ‌နေရပ် ပြန်လည် အ‌ခြေချမည့်သူများ နည်းပါး‌နေမည်ဖြစ်သည်ဟု စခန်းတွင်‌နေထိုင်သူများ၏ ‌ပြောပြချက်များအရ သိရသည်။

ထို့အပြင် လူဦး‌ရေ ၄,၀၀ဝ ‌ကျော်ကျန်ရှိ‌နေ‌သေးသည့် အဆိုပါတိုက်ပွဲ‌ရှောင်စခန်း‌နေထိုင်သူများအ‌နေဖြင့် လက်ရှိတွင် အသက်ရှင်ရပ်တည်‌ရေးအတွက် ‌နေ့စားပန်းရံအလုပ်၊ လက်သမားအလုပ်၊ အုတ်ဖုုတ်သည့်အလုပ်များ ဖြင့် အပြင်ထွက် လုပ်ကိုင်မှုများရှိသလို အချို့မှာ နယ်စပ်ရှိ ‌ရွှေကုက္ကို‌ကျေးရွာသို့သွား‌ရောက် အလုပ်လုပ်ကိုင်မှုများရှိသည်ဟု သိရသည်။

စခန်းတွင်း‌နေထိုင်သူ ‌စော‌ရွှေထွန်းက “‌နေရပ်မှာပြန်မယ်ဆိုရင် လုံခြုံမှု ဘာတစ်ခုမှ ရှိမှာမဟုတ်ဘူး။ ကျ‌နော်တို့‌တွေက အစိုးရစီစဉ်မယ့် ‌နေရာမှာပဲ ပြန်‌နေဖို့များတယ်။ အစိုးရက‌နေရာလည်းစီစဉ်‌ပေးမယ် အသက်‌မွေးဝမ်း‌ကျောင်း လုပ်ငန်း‌တွေ ကိုလည်း စီစဉ်‌ပေးမယ်ဆို‌တော့ အဲဒါ‌တွေက‌တော့ ကျ‌နော်တို့‌တွေက လက်ခံပါတယ်။ သူတို့‌ပြောတာက ၂၀၂ဝမှာ လုပ်‌ပေးမယ်လို့ အရင်က‌ပြောထားတာရှိတယ်။ ကျ‌နော်တို့‌တွေလည်း ကိုယ့်အိမ်နဲ့ကိုယ်ပဲ‌နေချင်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စခန်းပိတ်သိမ်း‌ရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၈ ရက်‌နေ့က လူမှုဝန်ထမ်း ကယ်ဆယ်‌ရေးနှင့် ပြန်လည် ‌နေရာချထား‌ရေး ဝန်ကြီးဌာနမှ ပြည်‌ထောင်စုဝန်ကြီး ‌ဒေါက်တာဝင်းမြတ်‌အေး၊ ဒုတိယဝန်ကြီး ဦးစိုး‌အောင်နှင့် ကရင်ပြည် နယ် ဝန်ကြီးချုပ်နန်းခင်‌ထွေးမြင့်တို့ မြိုင်ကြီးငူစစ်‌ရှောင်စခန်းသို့သွား‌ရောက်ကာ ညှိနှှိုင်း‌ဆောင်ရွက်မှုများလည်း ရှိခဲ့သည် ဟု သိရသည်။

တပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်နှင့် ခွဲထွက် DKBA တို့ကြား ၂၀၁၆ ခုနှစ် စက်တင်ဘာလ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ‌ကြောင့် အိုးအိမ်စွန့်ထွက်‌ပြေးလာရသူများအတွက် ပျံလွန်‌တော်မူသွားပြီဖြစ်သည့် မြိုင်ကြီးငူဆရာ‌တော်မှ မြိုင်ကြီးငူတွင် စစ်‌ရှောင်စခန်း၂ ခုဖွင့်လှစ်‌ပေးထားခြင်းလည်း ဖြစ်သည်။