Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စပါးများ ဝယ်သူမရှိသည့်အတွက် ‌တောင်သူများအခက်ကြုံ‌နေ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စပါးများ ဝယ်သူမရှိသည့်အတွက် ‌တောင်သူများအခက်ကြုံ‌နေ

2424

‌ဖေ‌ဖော်ဝါရီ ၂ဝ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မုရင်းလယ်စိုက်သူများသည် ယခုနှစ်စပါးအထွက်နှုန်း‌ကောင်း‌သော်လည်း ဝယ်သူမရှိ သည့်အတွက် အခက်အခဲကြုံ‌တွေ့‌နေရသည်ဟု ‌ဒေသခံ‌တောင်သူများထံမှ သိရသည်။

မုရင်းလယ်အများစုမှာ စိုက်လယ်တစ်ဧကလျှင် စပါးသီးနှံအထွက်နှုန်း တင်း ၁၅ဝ ‌ကျော်အထိ ထွက်ရှိ‌သော်လည်း ဝယ်သူမရှိ သည့်အတွက် လယ်စိုက်ပျိုး‌ရေးမှာ ‌ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲရှိနိုင်သည်ဟု လယ်စိုက်‌တောင်သူများက ‌ဖေ‌ဖော်ဝါရီ ၁၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ GW1 GW2 မ‌နော်သုခ ဆန်အမျိုးအစား ဧက ၁ဝဝ တစ်ရာ‌ကျော်‌လောက် စု‌ပေါင်းရင်းနှီးပြီး စိုက်ထားတယ်။ ၁၇ ဧက ‌လောက်ပဲ ရိတ်သိမ်းရ‌သေးတယ်။ တင်း ၂,၅ဝဝ ‌လောက်ရတယ်။ တင်း‌ပေါင်း ‌သောင်းအထိခန့်မှန်းထားတယ်။ ‌ရောင်းချမယ့် ‌နေရာ အတိအကျမရှိဘူး။ ပွဲစား‌တွေက သူတို့လိုချင်တဲ့ ဆန်အမျိုးအစားပဲဝယ်‌တော့ စပါး‌တွေက ‌ရောင်းချလို့မရ ဖြစ်‌နေတယ်။ ‌ငွေပြန်မ‌ဖော်နိုင်ရင် ‌ရေရှည်သွားဖို့ အဆင်မ‌ပြေဘူး‌ပေါ့‌နော်”ဟု ခလယ်‌ကျေးရွာအုပ်စု၊ စု‌ပေါင်းလယ်ယာစိုက်ပျိုးသူအဖွဲ့မှ ဦး‌ဆောင်သူ ‌စောလှ‌ဌေးက ‌ပြောသည်။

စပါးများ ‌ရောင်းချနိုင်ရန်အတွက် အစိုးရမှ ‌ဈေးကွက်ချိတ်ဆက်‌ဆောင်ရွက်‌ပေးရန်နှင့် စိုက်လယ်ဧက ထပ်တိုးစိုက်ပျိုးနိုင်ရန်၊ ‌ချေး ‌ငွေရရှိနိုင်မည့်‌နေရာများ ချိတ်ဆက်ကူညီ‌ဆောင်ရွက်‌ပေးရန် ‌ဖေ‌ဖော်ဝါရီ ၁၉ ရက်‌နေ့က ခလယ်ရွာ မုရင်းစိုက်လယ်ကွင်းတွင် ပြု လုပ်သည့် ‌ကောက်စိုက်စက်ဖြင့် စိုက်ပျိုးသရုပ်ပြပွဲ အခမ်းအနားတွင် ‌တောင်သူများက တင်ပြ‌တောင်းဆိုသွား‌ကြောင်း သိရ သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနမှ ဦးစီးမှူး ‌စော‌ဝေလင်းညွန့်က “ ‌ဈေးကွက်ရရှိ‌အောင် ကရင်ပြည်နယ်ဆန်စ ပါးအသင်း‌တွေကို ချိတ်ဆက်‌ပေးမယ်။ အရည်အ‌သွေးမြင့် ဆန်စက်ရှိတဲ့‌နေရာ‌တွေမှာ ချိတ်ဆက်‌ဆောင်ရွက်‌ပေးမယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု‌တွေ အ‌ထောက်အကူဖြစ်‌အောင် တတ်နိုင်တဲ့ဘက်မှာ ‌ချေး‌ငွေရရှိဖို့ ကူညီ‌ဆောင်ရွက်‌ပေးသွားမယ်” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မုရင်း ‌ရေလိုက်‌ရေကျစိုက်လယ်အများစုမှာ ‌အောက်တိုဘာလတွင် ‌နွေစပါးသီးနှံအဖြစ် စတင်စိုက်ပျိုးကြပြီး စိုက်ဧက ၉,၀၀ဝ ‌ကျော်အထိရှိသည်ဟု မြို့နယ်စိုက်ပျိုး‌ရေး တာဝန်ရှိသူထံမှ သိရသည်။