Home သတင်း ‌ကော့ကရိတ်-အိန္ဒုလမ်း အဆင့်မြှင့်တင် ‌ဆောင်ရွက်မှု လာမည့် ၂ဝ၂၁ ခုနှစ် ‌မေလမှသာ ပြီးစီးမည်ဟု ဆို

‌ကော့ကရိတ်-အိန္ဒုလမ်း အဆင့်မြှင့်တင် ‌ဆောင်ရွက်မှု လာမည့် ၂ဝ၂၁ ခုနှစ် ‌မေလမှသာ ပြီးစီးမည်ဟု ဆို

2966
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှုလမ်း‌ကြောင်း‌ပေါ်ရှိ ‌ကော့ကရိတ်-အိန္ဒုလမ်းပိုင်းအဆင့်မြှင့်တင် ‌ဆောင်ရွက် ‌နေမှုမှာ လာမည့် ၂၀၂၁ ‌မေလတွင် အလုံးစုံပြီးစီးမည်ဖြစ်‌ကြောင်း ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က ‌ပြောသည်။

ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က “ဒီလမ်းက တရုတ်နိုင်ငံအ‌ခြေစိုက် CRBC ကုမ္ပဏီက ‌ဆောင်ရွက်လျက်ရှိပြီး လမ်းအကျယ် ၇ မီတာ နဲ့ နိုင်လွန်ကတ္တရာခင်းသွားမှာဖြစ်ပါတယ်။ လမ်းနဲ့မလွတ်ကင်းတဲ့ အိမ်ခြံ‌မြေ‌တွေကို ဖယ်ရှင်းခဲ့ပြီး ထိုက်တန်တဲ့ ‌လျော်‌ကြေး‌ငွေ‌တွေကို ကာလတန်ဘိုးအလိုက်‌ပေး‌လျော် ခဲ့ပြီးဖြစ်ပါ တယ်။ ကာလအ‌နေနဲ့ က‌တော့လာမယ့် ၂ဝ၂၁ ‌မေလမှာ လမ်းပိုင်းအားလုံးပြီးစီးမှာဖြစ်ပါတယ်” ဟု လွှတ်‌တော် ကိုယ်စားလှယ် ဦးသန့်ဇင်‌အောင်က ‌ပြောသည်။

‌ကော့ကရိတ်-အိန္ဒုလမ်းပိုင်း အဆင့်မြှင့်တင်‌ရေးစီမံကိန်းအား ၂ဝ၁၆ ခုနှစ်ဒီဇင်ဘာလမှ စတင်လုပ်‌ဆောင်ခဲ့‌သော် လည်း ကရင်ပြည်နယ် လွန်းည‌ကျောက်ထုတ်လုပ်‌ရေးစခန်းမှ လမ်းခင်း‌ကျောက်များထုတ်ယူမှုကို ‌ဒေသခံပြည် သူများတိုင်ကြားကန့်ကွက်မှုနှင့် လမ်းစီမံကိန်း‌ကြောင့် ထိခိုက်နစ်နာသူများ ‌လျော်‌ကြေး‌ငွေကိစ္စများ‌ကြောင့် (၁ဝ) လတာရပ်နားခဲ့ပြီး‌နောက် ၂ဝ၁၈ ခုနှစ် ‌အောက်တိုဘာလခန့်မှပြန်လည်စတင်‌ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခု ပြန်လည်ပြုပြင်လာခဲ့ရာတွင် ၄ဝ ရာခိုင်နှုန်းပြီးစီး‌နေပြီဖြစ်‌ကြောင်း တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

Photo: Nay Naw

အဆိုပါ လမ်းပိုင်း ‌ဆောင်ရွက်‌နေမှုနှင့်ပတ်သက်ပြီး ‌ဖေ‌ဖော်ဝါရီလ ၈ ရက်‌နေ့တွင် ကျင်းပသည့် ကရင်ပြည်နယ် လွှတ်‌တော်ဆဌမ ပုံမှန်အစည်းအ‌ဝေး ဒုတိယ‌နေ့တွင် ‌မေးခွန်း‌မေးမြန်းခဲ့‌ကြောင်း၊ လမ်းအရှည် ၆၆.၄၅ ကီလိုမီ တာရှိသည့် ထိုလမ်းကို Lot (1)နှင့် Lot (2) ဆိုပြီးအပိုင်း ၂ ပိုင်းဖြင့် ‌ဆောင်ရွက်‌နေ‌ကြောင်း၊ Lot(1)က အိန္ဒုမှ ဂျိုင်းအထိ၊ Lot(2)အ‌နေဖြင့် ဂျိုင်းတံတားမှ လှိုင်ဝအထိဖြစ်‌ကြောင်း ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးသန့် ဇင်‌အောင်က ‌ပြောသည်။

‌ဒေသခံ ပြည်သူများမှာ အဆိုပါလမ်းပိုင်းကို ယခု ပြုပြင်ဆဲ‌နေရာတစ်ချို့တွင် ‌မြေသားများခင်းထားရာတွင် ‌ရေနိုင် ‌အောင် မ‌လောင်းခြင်း‌ကြောင့် ဖုန်ထူထပ်‌နေပြီး ယခုနှစ်မိုးမကျခင်ပြီးစီးရန်‌မျှော်လင့်‌နေကြသလို မပြီးစီးခဲ့ပါက မိုးကြီး ၊ ‌ရေကြီး ဒဏ်‌ကြောင့် ဗွက်ထကာ ပြန်လည်ပျက်စီးမည်ကိုလည်းစိုးရိမ်မှုရှိ‌နေကြသည်။

မဟာမဲ‌ခေါင်‌ဒေသ အ‌ရှေ့အ‌နောက် စီးပွား‌ရေးစကြင်္န်၏ အာဆီယံကုန်သွယ်မှု လမ်း‌ကြောင်းတွင် အ‌ရေးပါ‌သော ‌ကော့ကရိတ် – အိန္ဒုလမ်းပိုင်တွင် ဖြတ်သန်းလျက်ရှိ‌သော‌မော်‌တော်ယာဉ်ကြီး၊ ယာဉ်ငယ်များမှာ ‌နေ့စဉ် ၁,ဝဝဝ ‌ကျော်ခန့်ရှိပြီး လမ်းပိုင်းအဆင့်မြှင့်တင်ပြုပြင်‌ဆောင်ရွက်ရာ၌ ယာဉ်များသွားလာမှုရပ်ဆိုင်းမသွား‌အောင် စီစဉ်‌ဆောင်ရွက်‌နေရခြင်း‌ကြောင့် ပိုမိုကြန့်ကြာ‌နေရ‌ကြောင်းလည်း တာဝန်ရှိသူများက ‌ပြောသည်။

လမ်းအရှည် ၆၆ ဒသမ ၄၅ (၆၆.၄၅) ကီလိုမီတာ အရှည်ရှိ ‌ကော့ကရိတ်-အိန္ဒုလမ်းသည် အာရှဓန ဘဏ်(ADB) ‌ချေး‌ငွေဖြင့် China Road and Bridge Corporation (CRBC) ကုမ္ပဏီမှ တာဝန်ယူ‌ဖော်‌ဆောင်‌နေခြင်းဖြစ် သည်။