Home ဆောင်းပါး ကြယ်‌တွေကြားက ကြယ်တစ်ပွင့်

ကြယ်‌တွေကြားက ကြယ်တစ်ပွင့်

2981

ကြယ်‌တွေကြားက ကြယ်တစ်ပွင့်

နန်း‌ဖော့‌ဂေ

ဇူလိုင် မိုး‌ရေ‌ကြောင့် သစ်ပင်ပန်းပင်‌တွေနဲ့ စိမ်းလန်းစို‌ပြေ‌နေတဲ့ စာသင်‌ကျောင်းဝင်းရဲ့ မနက်ခင်း‌လေးတစ်ခု …။
အဖြူ၊ နက်ပြာ တူညီဝတ်စုံ‌တွေ ဝတ်ဆင်ထားတဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေ‌ရှေ့မှာ တည်ငြိမ်စွာ ဆုံးမဩဝါဒ ‌ပြောဆို‌နေတဲ့ သွယ်လျလျ ခန္ဓာကိုယ်နဲ့ အရွယ်ခပ်ငယ်ငယ် ဆရာမ‌လေးတစ်ဦးရဲ့ အသွင်သဏ္ဍာန်ကို ‌ကျောင်းထဲဝင်ဝင်ချင်း သတိထားမိပါ တယ်။

သူမရဲ့ဟန်က ယုံကြည်မှုအပြည့်နဲ့ ‌ကျောင်းသူ‌ကျောင်းသား‌တွေကို ‌မောင်ငယ်ညီမငယ်ပမာ ‌ပြောဆိုရှင်းပြ‌နေတာဖြစ်ပါတယ်။ သူမက‌တော့ အသက် ၂၇နှစ်အရွယ် ကရင်အမျိုးသမီး ‌နော်‌ဟေသီဂျူးဖြစ်ပြီး ကရင်ပြည်နယ်၊ သံ‌တောင်မြို့နယ်ထဲက ထိုလွီဝါး အထက်တန်း‌ကျောင်းရဲ့ ‌ကျောင်းအုပ်ဆရာမ ဖြစ်ပါတယ်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်ထားတဲ့ နယ်နိမိတ်အရ‌တော့ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်။ အစိုးရ သတ်မှတ်ချက်အရ ပဲခူးတိုင်း‌ဒေသကြီးထဲ တည်ရှိ‌နေတဲ့ တရာလူ(ဇီးဖြူကုန်း)ရွာ ဇာတိဖြစ်ပြီး အမိုး ‌နော်အားမူထူးနဲ့ အပါး ‌စောအယ်ဝါးတို့က ‌မွေးဖွားလာတဲ့ သားသမီး ၈‌ယောက်မှာ အကြီးဆုံးသမီး ဖြစ်ပါတယ်။

သူငယ်တန်းက‌နေ ဆယ်တန်းအထိက ‌တောင်ငူမှာပဲ ‌ကျောင်းတက်ခဲ့ပါတယ်။ ပြီး‌တော့ ထိုင်းနယ်စပ်က ကရင်ဒုက္ခသည်စခန်း တစ်ခုဖြစ်တဲ့ မယ်လစခန်းကို‌ရောက်သွားပြီး အဲ့ဒီမှာပဲ အထက်တန်းလွန်‌ကောလိပ်‌ကျောင်းကို တက်‌ရောက်‌အောင်မြင်ခဲ့ပါ တယ်။ ‌လေးနှစ်တာ ‌ကျောင်းတက်ခဲ့ပြီးတဲ့‌နောက်မှာ‌တော့ မဲ‌ဆောက်မြို့က ACU (Australia Catholic University)‌ကျောင်းမှာ တနှစ် ထပ်မံပြီး ပညာသင်ယူခဲ့ပါတယ်။ အခုချိန်မှာ‌တော့ ထိုလွီဝါး‌ကျောင်းရဲ့ ‌ကျောင်းအုပ်ဆရာမအဖြစ် တာဝန်ယူထားပြီး တစ်ဖက်ကလည်း စာသင်ခန်းမှာ စာသင်ကြားပို့ချ‌ပေး‌နေရတဲ့ သူမရဲ့တာဝန်ယူမှုအပိုင်းကို အခုလို ‌ပြောပါတယ်။

“၂၀၁၅ခုနှစ်ကတည်းက ထိုလွီဝါး‌ကျောင်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အရင်တုန်းက‌တော့ ကျမက စာကူသင်‌ပေးတယ်။ ၂၀၁၇က‌နေစပြီး အခုထိ ‌ကျောင်းအုပ်တာဝန်ကို ကျမက တာဝန်ပြန်ယူရတာ ၃နှစ် ရှိပြီ‌ပေါ့‌နော်။ နှစ်တိုင်းလို ‌ကျောင်းသားဦး‌ရေ က များလာတယ်။ ‌ကျောင်းစဖွင့်တုန်းက ‌ကျောင်းသားဦး‌ရေ အားလုံး‌ပေါင်းမှ အ‌ယောက် ၆၀‌ကျော်ပဲရှိတယ်။”လို့ ‌ပြောပါတယ်။

‌နောက်ပိုင်းနှစ်မှာ ‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ ၁၀၀‌ကျော်၊ ၂၀၀‌ကျော် ရှိလာရာက‌နေ ၂၀၁၉-၂၀၂ဝ စာသင်နှစ်မှာဆိုရင် စာသင်သား အ‌ရေအတွက်က ၃၄၀‌ကျော် ရှိသွားပါပြီ။ ‌ဒေသစုံကလာပြီး ‌ကျောင်းတက်ကြတယ်ဆို‌ပေမယ့် များ‌သောအားဖြင့် ‌တောင်ငူခရိုင်ရဲ့ ‌မြေပြန့်‌ဒေသက လူ‌တွေ၊ ထန်းတပင်နဲ့ ‌ဒေါ်ဖခို့(သံ‌တောင်ကြီး)။ ဒါ့အပြင် လိပ်သိုနဲ့ ကရင်ဖြူ‌ဒေသဘက်က ‌ကျောင်းသူ‌ကျောင်းသား‌တွေလည်း ထိုလွီဝါး‌ကျောင်းမှာ လာတက်‌ရောက်ကြပါတယ်။

၂၀၁၆ခုနှစ်က Norwegian Refugee Council (NRC)ရဲ့ ‌ကျောင်း‌ဆောင်တချို့ကို ပံ့ပိုးမှုနဲ့အတူ ‌ဒေသန္တရ ကိုယ်ထူကိုယ်ထ‌ကျောင်းအဖြစ် စတင် လည်ပတ်ခဲ့ တဲ့ ထိုလွီဝါး‌ကျောင်းဟာ အဓိက သင်ကြားမှုအဖြစ် သမိုင်း၊ သချင်္ာ၊ ပထဝီ၊ သိပ္ပံ၊ အဂင်္လိပ်စာ၊ ဗမာစာ၊ ကရင်စာ စတဲ့ဘာသာရပ် ၇ခုနဲ့ ကွန်ပြူတာသင်ကြား‌ပေးမှု၊ စာကြည့်တိုက်အချိန် စတာ‌တွေကို ‌နေ့စဉ် သင်ကြားချိန် ၇ချိန်၊ ၈ချိန်ရှိပါတယ်။ ဒီနှစ်ပညာသင် နှစ်မှာ ‌ကျောင်းသူ‌ကျောင်းသား အားလုံး‌ပေါင်း ၃၄၆‌ယောက်ရှိပြီး အချိန်ပြည့် စာသင်ကြား‌ပေးသူ ၁၃‌ယောက်နဲ့ တစ်လ၊ နှစ်လ အချိန်ပိုင်း လာ‌ရောက်ကူညီသင်ကြား‌ပေးသူ ၉‌ယောက်ရှိတယ်လို့ ‌ကျောင်းအုပ်ဆရာမ ‌နော်‌ဟေသီဂျူးက ‌ပြောပါတယ်။

“ဒီနှစ်အတွက်‌တော့ ‌ကျောင်းဆရာအားလုံး‌ပေါင်း ၂၂‌ယောက်ရှိတာ‌ပေါ့‌နော်။ အချိန်ပြည့်သင်‌ပေးတဲ့ ‌ကျောင်းဆရာ ၁၃‌ယောက် ထဲနဲ့ ‌ကျောင်းသားဦး‌ရေ ၃၀၀‌ကျော်ကို စီမံထိန်း‌ကျောင်းရာမှာ‌တော့ ဆရာ‌တွေအားလုံးက အရည်အချင်းပြည့်မှီပါတယ်။ ဒါ‌ပေ မယ့် ‌ကျောင်းသား‌တွေကို သင်ကြား‌ပေးတဲ့‌နေရာမှာ ‌ကျောင်းသားနဲ့ အတန်းပညာမှာ‌တော့ အခက်အခဲနည်းနည်းရှိတယ်။ တချို့ ဆရာ‌တွေကို အခြားဘာသာရပ်‌တွေ ကိုင်ခိုင်းတဲ့‌နေရာမှာ သူတို့အတွက် အခက်အခဲရှိတာကို ‌တွေ့ရတယ်။ တချို့ဆရာ‌တွေကျ ပြန်‌တော့လည်း သူတို့ယူရတဲ့အချိန်က အခြားဆရာ‌တွေထက် ပိုများ‌နေတာလည်း ရှိတယ်‌လေ။ အဲ့ဒီလို အဆင်မ‌ပြေမှု‌လေး‌တွေ က‌တော့ နည်းနည်း ရှိတာ‌ပေါ့‌နော်။”

သူမဟာ စာသင်ခန်းထဲမှာ စာသင်‌ပေးရတာ‌တွေ၊ ‌ကျောင်းအုပ်အဖြစ် ‌ခေါင်း‌ဆောင်မှုပိုင်းတာဝန်အရ ‌ကျောင်းရဲ့နှစ်စဉ်လည်ပတ် မှုအတွက် စီစဉ်‌ပေးရတာ‌တွေအပြင် ‌ကျောင်းသားမိဘ‌တွေနဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေး တိုင်ပင်တာ‌တွေ၊ သက်ဆိုင်ရာ ‌ဒေသ‌ခေါင်း ‌ဆောင်‌တွေနဲ့ ညှိနှိုင်းလုပ်‌ဆောင်ရတာ‌တွေပါ ‌ဆောင်ရွက်‌နေရသူ ဖြစ်ပါတယ်။

အထူးသဖြင့် ‌ကျောင်းသူ‌ကျောင်းသား‌တွေ လိုက်နာဖို့ စည်းကမ်းချက်‌တွေကိုလည်း လမ်းညွန်‌ပေးရ‌တော့ တခါတ‌လေဆိုရင် ‌ကျောင်းသား‌တွေဟာ ကြပ်မတ်ထားတဲ့အတိုင်း အားလုံး ဖြစ်မလာတဲ့အခါ ဘယ်လိုနည်းလမ်း‌တွေ အသုံးပြုပြီးပို‌ကောင်း‌အောင် လုပ်သွားရမလဲဆိုတာကို စဉ်းစားယူရတဲ့ အခက်အခဲမျိုး ရှိတယ်လို့လည်း သူမက ဆိုပါတယ်။

“ကျမတို့က လူငယ်‌တွေဆို‌တော့ ‌ကျောင်းသားမိဘ‌တွေနဲ့ ‌တွေ့ဆုံတဲ့အခါမှာ အရမ်းသတိထားရတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ သူတို့အားလုံးကို ကျမတို့ရဲ့မိဘ‌တွေလိုပဲ သ‌ဘောထားတယ်‌လေ။ အဲဒါ‌ကြောင့် ‌ပြောမှားဆိုမှားဖြစ်မှာလည်း စိုးရိမ်တယ်။ သူတို့ နဲ့‌တွေ့ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ‌အောင် အရင်ဦးဆုံး ကျင့်ထားပြီး သူတို့နဲ့ဘယ်လို‌တွေ ‌ပြောဆိုဆက်ဆံရမလဲဆိုတာကိုပါ ကြိုတင်စဉ်စားထားရတယ်။”

‌ကျောင်းသားမိဘ‌တွေနဲ့ဖြစ်‌စေ၊ ‌ကျောင်းသား‌တွေနဲ့ဖြစ်‌စေ ‌တွေ့ဆုံတဲ့အခါမှာ ‌ကျောင်းရဲ့ဂုဏ်သိက္ခာပိုင်းကို မထိခိုက်‌စေမယ့် အ‌ကြောင်းအရာ‌တွေ ‌ဆွေး‌နွေး‌ပြောဆိုကြပြီး ‌ကျောင်းသား‌တွေကို ‌သေချာကြပ်မတ်ထားနိုင်တာ‌ကြောင့် ပြဿနာကြီးကြီးမား မားမရှိဘဲ ‌ကျောင်းစည်းကမ်း‌တွေအတိုင်း ‌ဖြေရှင်း‌ပေးနိုင်‌ကြောင်းလည်း ဆရာမ‌နော်‌ဟေသီဂျူးက ရှင်းပြပါတယ်။

ဒါ့အပြင် ‌ကျေးရွာ‌တော်‌တော်များများက ‌ကျောင်းသားမိဘ‌တွေ၊ ဘာသာ‌ရေးအသင်း‌တော်၊ ရပ်ရွာလူကြီးအချို့နဲ့ အတူတကွ လက်တွဲလုပ်‌ဆောင်ရင်း အ‌တွေ့အကြုံ‌တွေ သင်ယူရသလို တစ်ဖက်မှာ သူမကို အ‌ကောင်းမြင်‌ပေးကြတဲ့ ‌ကျောင်းသားမိဘ‌တွေ ‌ကြောင့်လည်း မိမိကိုယ်ကို ပိုပြီး ယုံကြည်မှုရှိလာကာ ‌နောက်ပိုင်းမှာ အများနဲ့ ပူး‌ပေါင်းပါဝင်မှု၊ လက်တွဲလုပ်‌ဆောင်မှု‌တွေ၊ ဦး‌ဆောင်မှု‌တွေ လုပ်လာနိုင်တယ်လို့ သူမက ‌ပြောပါတယ်။

‌နော်‌ဟေသီဂျူးက “ဒီ‌ကျောင်းမှာ ကျမ စာသင်ရတာရယ်၊ ဒီမှာရှိတဲ့ရပ်ရွာက ‌ကျောင်းသားမိဘ၊ ‌ခေါင်း‌ဆောင်၊ သက်ကြီးရွယ်အို ‌တွေအားလုံးနဲ့ အတူတကွ ပူး‌ပေါင်းပြီး လုပ်‌ဆောင်ရတာ‌တော့ အရမ်း‌ပျော်ရွှင်မိပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ဖွံ့ဖြိုးတိုးတက် မှု‌တွေ အများကြီး ‌တွေ့ရလို့ပါပဲ။ ‌ကျောင်းလာတက်တဲ့ ‌ကျောင်းသား‌တွေ များလာတာကိုကြည့်ရင် တိုးတက်မှုတစ်ခုပဲလို့ ‌ပြောလို့ ရတယ်‌လေ။”လို့ ဆိုပါတယ်။

သူမရဲ့ ထိုလွီဝါး‌ကျောင်း‌လေးဟာ စတင် ဖွင့်လှစ်လာခဲ့ကတည်းကဆို (၆)နှစ်တာထဲ ဝင်‌ရောက်လာပြီးဖြစ်သလို အခုဆိုရင် အထက်တန်းလွန်အဆင့် (ဂျူနီယာ‌ကောလိပ်) အ‌နေအထားကို‌တောင် ‌ရောက်ရှိလာသလို အနီးဝန်းကျင်‌ကျေးရွာ ၆ရွာ‌ကျော် က ‌ကျောင်းသားမိဘ‌တွေကလည်း ဒီ‌ကျောင်းကို အားကိုး‌မျှော်လင့်ထားတဲ့အ‌ပေါ် သူမအတွက် ခွန်အားဖြစ်‌စေခဲ့‌တော့ ဒီလိုလုပ် ရတဲ့အ‌ပေါ်မှာလည်း ဂုဏ်ယူတယ်လို့ သူမက ‌ပြောပါတယ်။

သို့‌ပေမယ့် ‌ကျောင်းသားဦး‌ရေများလာတဲ့အ‌လျောက် အတန်းပညာကိုလည်း တိုးမြှင့်လာရသလို ဒီလိုလုပ်မှလည်း ‌ကျောင်းသူ ‌ကျောင်းသား‌တွေရဲ့ အရည်အချင်း‌တွေက ပိုမို မြင့်မားလာမယ်လို့လည်း ‌မျှော်လင့်တဲ့အတွက် သူမရဲ့ဘဝကို ‌ပေးဆပ်ထား တယ်လို့ ဆိုပါတယ်။

အဲ့လို‌ကောင်းမွန်တဲ့အရာ‌တွေကို ‌ပေးဆပ်နိုင်ဖို့အတွက် အ‌ရေးကြီးဆုံးတစ်ချက်က‌တော့ ‌ကျောင်းက ဆရာ၊ဆရာမ‌တွေရဲ့အခန်း ကဏ္ဍပဲလို့ ဆိုပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကိုယ့်‌ကျောင်းက ‌ကျောင်းသူ‌ကျောင်းသား‌တွေဟာ အခြားဘယ်‌ကျောင်းနဲ့ပဲဖြစ် ဖြစ် ပုခုံးချင်းယှဉ်နိုင်ဖို့အတွက် ထိုလွီဝါး‌ကျောင်းမှာစာသင်တဲ့ ဆရာ၊ဆရာမ‌တွေအားလုံးရဲ့ အရည်အချင်းရှိမှုအ‌ပေါ် မူတည် တယ်လို့လည်း သူမက သုံးသပ်‌ပြောဆိုပါတယ်။

“ကျမကိုယ်တိုင်လည်း ဒီ‌ခေါင်း‌ဆောင်မှုအပိုင်းမှာ တာဝန်ယူထားရတဲ့အတွက်‌ကြောင့် ဒီလို အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်တဲ့ ‌နေရာမှာ သူများ‌တွေထက် ပိုပြီးအရည်အချင်းများရမယ်လို့ ထင်ပါတယ်။ ကျမက ကိုယ့်ကိုယ်ကို ဒီအရည်အချင်း၊ အတတ်ပညာ ‌လောက်နဲ့‌တော့ မ‌ကျေနပ်‌သေးပါဘူး။ ဒီထက် ပိုမို‌ကောင်း‌အောင် ထပ်လုပ်ချင်တယ်။ ဒီ‌ကျောင်းကြီးဟာ ကျမတို့ရဲ့အမျိုးသား ပညာ‌ရေး မြှင့်တင်‌ပေးတာကို မြင်ချင်တယ်။ ပြီး‌တော့ ဒီ‌ကျောင်းကို လူ‌တွေပိုမိုသိရှိလာပြီး လူတိုင်းက ပညာကို ပိုမို တန်ဖိုးထား တတ်ဖို့၊ ဒီမှာလာသင်တဲ့ ‌ကျောင်းသား‌တွေ တတ်‌မြောက်ထားတဲ့ ပညာကလည်း သူတို့ရဲ့အသိုင်းအဝိုင်းနဲ့ သူတို့ဘဝတစ် ‌လျှောက်လုံးအတွက် အကျိုးရှိရမယ်‌လေ။”လို့ သူမက ‌ပြောပါတယ်။

“ကျမအ‌နေနဲ့က‌တော့ အရည်အချင်းနဲ့ အတတ်ပညာ‌တွေ ပိုမိုရှိလာ‌အောင် ထပ်သင်ယူချင်‌သေးတယ်။ အလုပ်က‌နေပဲ အားလုံး သင်ယူသွားတာမဟုတ်ဘဲ ကျမဆီမှာ မရှိ‌သေးတဲ့ပညာ‌တွေ၊ မသိ‌သေးတဲ့အရာ‌တွေနဲ့ ဆက်လက်သင်ယူချင်‌သေးတယ်။ ဒီပညာ ‌တွေ ဆက်သင်ယူပြီးရင် ဒီမှာပဲ ပြန်လာပြီး ‌ဝေမျှသွားဖို့‌ပေါ့‌နော်။ အခွင့်အ‌ရေး ရ‌သေးရင်‌တော့ ဒီမှာရှိတဲ့ ကျမတို့ရဲ့အနာဂတ်မျိုး ဆက်သစ်‌တွေကို ကိုယ်တတ်ထားတဲ့ ပညာ‌တွေနဲ့ ဒီ‌ကျောင်းကြီး တိုးတက်ဖွံ့ဖြိုးလာဖို့ကို ဆက်လုပ်သွားမယ်။”

ဌာ‌နေတိုင်းရင်းသူတစ်ဦးအဖြစ် ကြီးပြင်းလာရတဲ့အတွက်‌ကြောင့် အရင်တုန်းကဆို သူမတို့‌ဒေသဟာ ပညာ‌ရေးဖက်မှာ အရမ်း အားနည်းကြတယ်။ ‌ပြောရမယ်ဆိုရင် ‌ကျောင်းတက်တဲ့သူ အနည်းအကျဉ်းပဲရှိပြီး က‌လေး‌တွေဟာ များ‌သောအားဖြင့် မူလတန်း ‌လောက်ပဲ ပြီး‌မြောက်ကြတယ်။ လမ်းခရီးကလည်း‌ဝေးပြီး သွားလာ‌ရေး ခက်ခဲ‌တော့ ပညာ‌ရေးအတွက် ‌ရှေ့ဆက်သွားဖို့ မလွယ် ကူကြဘဲ ဖြစ်‌နေပါတယ်။

“ဒုက္ခသည်စခန်းမှာ ‌ကျောင်းသွား‌နေပြီးတဲ့‌နောက်ပိုင်းမှာ ပိုသိလာတာက‌တော့ ပညာ‌ရေးဟာ အရမ်းကျယ်ပြန့်တယ်။ ဘယ် ‌တော့မှ အဆုံးသတ်မသွားနိုင်ဘူး။ ‌ပြောချင်တာက ပညာ‌တွေဟာ ဘယ်‌လောက်ပဲသင်ယူသင်ယူ မကုန်နိုင်ဘူး‌လေ။ ကျမတို့ အခြား‌နေရာ‌တွေသွားပြီး အဆင့်နည်းနည်းမြင့်တဲ့ ပညာ‌တွေ သင်ယူခဲ့တယ်။ အဲ့ဒီ‌နောက်ပိုင်း သိလာတာက‌တော့ ကျမတို့ ဒီ‌လောက်‌လေး သင်ယူထားတာနဲ့ မပြီးပြည့်စုံ‌သေးဘူး။ အဲ့ဒါထက်အဆင့်မြင့်တဲ့ ပညာရပ်‌တွေက ထပ်ရှိ‌နေ‌သေးတယ်‌ပေါ့‌နော်။”

သူမကိုယ်တိုင် ဒီ‌လောက်သင်ကြားခဲ့ရတာ မပြည့်စုံ‌သေးဘူးဆိုရင် လုံးဝ ပညာသင်ကြားခွင့်မရှိတဲ့သူ‌တွေ အများကြီးအတွက်ဆို ပိုလိုအပ်ပြီး အထူးသဖြင့် ရွာ‌တွေမှာ များ‌သောအားဖြင့် ‌ကျောင်းပြီးသွားရင် မိဘအလုပ်အကိုင်‌တွေကိုပဲ ပြန်လုပ်ကူရင်း အချိန် ကုန်ဆုံးသွားတာမျိုး လူငယ်‌တွေကို သူမ မဖြစ်‌စေချင်ပါဘူး။ သူမက လူငယ်‌တွေကို ပညာပြည့်စုံပြီး ကိုယ်ပိုင် တီထွင်ကြံဆမှုနဲ့ မိမိရပ်ရွာအတွက် လုပ်‌ဆောင်‌နေသူမျိုးဖြစ်‌စေချင်တယ်လို့ ဆိုပါတယ်။

“တချို့လူငယ်‌တွေဟာ အတန်း‌ကျောင်းပြီးဆုံး‌ပေမယ့် မပြည့်စုံမှု‌ကြောင့် ကိုယ့်ဝင်‌ငွေရရှိဖို့အတွက် သူများနိုင်ငံသွားပြီး အလုပ် လုပ်ကြတယ်။ ‌ငွေ‌ကြေး‌တွေ ရလာကြတာကိုပဲ ‌တွေ့ရတယ်။ ကျမ လိုချင်တာက‌တော့ ပညာ‌ရေးဖက်က‌နေပြီး မိမိ‌ခြေ‌ထောက် ‌ပေါ်ရပ်တည်နိုင်တဲ့ ကိုယ်ပိုင် စီးပွား‌ရေးလုပ်ငန်းတစ်ခုကို တီထွင်ကြံဆတတ်ဖို့‌ပေါ့။ သူများနိုင်ငံသွားပြီး အလုပ်သမားဖြစ်ဖို့ထက် ထူးချွန်တဲ့လူငယ်‌တွေ ကျမတို့ရွာမှာ ရှိလာ‌စေချင်တယ်‌လေ။”

“ထိုလွီဝါး‌ကျောင်းမှာ ပညာလာသင်တဲ့ ‌ကျောင်းသားလူငယ်‌တွေဖြစ်‌စေ၊ အနာဂတ်က‌လေး‌တွေဖြစ်‌စေ သူတို့‌တွေဟာ တစ်‌နေ့ ကျရင် ဒီ‌ကျေးရွာထဲမှာ ကိုယ်ပိုင်အလုပ် အခွင့်အလမ်းတစ်ခုခု သို့မဟုတ် အတတ်ပညာတစ်ခုခု တီထွင်လုပ်‌ဆောင်တတ်ရမယ်။ ပညာဆိုတာက သူများတွက် အလုပ်လုပ်‌ပေးဖို့ မဟုတ်ဘူး။ တချို့‌နေရာမှာဆိုရင် မိမိကိုယ်တိုင် စွန့်ဦးတီထွင်တတ်တဲ့ အ‌တွေး အ‌ခေါ်၊ အ‌မြော်အမြင်ရှိရမယ်‌လေ။ အဲ့ဒါက‌တော့ ကျမတို့ ရွာအတွက်‌ပေါ့‌နော်။”

‌နော်‌ဟေသီဂျူးနဲ့ တစ်နယ်တည်းသား ‌စောအိုးရိန်းက “သူ့ကို ‌လေးစားတဲ့အရာ‌တွေက‌တော့ ‌ဘော်ဒါ‌တွေအားလုံးအ‌ပေါ်မှာ သီးခံ‌ပေါင်းသင်းတတ်တာရယ်၊ ရိုးရိုး‌အေး‌အေး‌လေးပဲ ‌နေတတ်ပြီး အားတဲ့အချိန် ‌တော်‌တော်များများမှာ စာဖတ်တာတို့၊ အထူး သဖြင့် ကျ‌နော်နဲ့ဆို တိုင်ပင်‌ပြောဆိုတာက ကရင်လူငယ်‌လေး‌တွေရဲ့ အနာဂတ် ပညာ‌ရေးကို ဘယ်လို‌ကောင်း‌အောင် လုပ်ကြမ လဲ။ ဘယ်လိုပညာတတ်လူငယ်‌တွေက ပံ့ပိုးကူညီ‌ပေးနိုင်ကြသလဲ။ သူ့အိုင်ဒီယာက‌တော့ ပညာ‌ရေးပိုင်းပဲ။”လို့ ဆိုပါတယ်။

လူတိုင်းကို ပညာသင်ကြားခွင့်နဲ့ စာ‌ရေးတတ်ဖတ်တတ်ဖို့အတွက် လိုလားတဲ့ သူမဟာ ထိုလွီဝါးလို ‌ကျောင်းကို‌တောင် မတက် ‌ရောက်နိုင်တဲ့ လူငယ်‌တွေအတွက် ရပ်ရွာလူကြီး‌တွေနဲ့ ‌ကျောင်းသားမိဘ‌တွေကိုလည်း ပညာ‌ရေးဟာ အ‌ရေးကြီးတဲ့အ‌ပေါ် အသိအမြင်ကျယ်ဖို့ အား‌ပေးချင်တယ်။ လူငယ်‌တွေဟာ မိသားစုအတွက်နဲ့ မိမိကိုယ်ပိုင် ရပ်တည်နိုင်ဖို့အတွက် နှစ်ခုကြား ဖိအား‌တွေ အများကြီးရှိတာ၊ ရွာက ‌ယောက်ျား‌လေးတချို့က ‌ကျောင်းတက်တယ်။ တချို့ကျပြန်‌တော့လည်း မူးယစ်‌ဆေးဝါး ‌ကြောင့် အများကြီး ပျက်စီး‌နေတာ‌တွေကို ‌တွေ့ရှိ‌နေရတယ်လို့လည်း သူမက ‌ပြောပါတယ်။ ဖြစ်နိုင်ရင် ကရင်လူမျိုး‌တွေဖြစ်‌စေ၊ အခြားရွာသူရွာသား‌တွေပဲဖြစ်‌စေ သူတစ်ပါး အထင်‌သေးမှုမရှိတဲ့ အဆင့်အတန်း၊ အတတ်ပညာမျိုး‌တွေ ရှိ‌နေတာကိုပဲ သူမ လိုချင်ပါတယ်။

မိသားစုအခက်အခဲ‌ကြောင့် ‌ကျောင်းမတက်နိုင်တဲ့ က‌လေးသူငယ်‌တွေ၊ တချို့ကျ‌တော့ ‌ကျောင်းကို အဆုံးထိ မတက်ခဲ့ကြဘဲ မိဘပြန်ကူ‌ပေး‌နေရတာ‌တွေဟာ သူမအတွက် ဝမ်းနည်းစရာတစ်ခုဖြစ်ပြီး ဒီအတွက် ပညာမသင်ကြားရတဲ့ က‌လေးသူငယ်‌တွေ ပညာသင်ကြားခွင့်ရ‌အောင်နဲ့ သူတို့ရဲ့ အသက်‌မွေးဝမ်း‌ကျောင်းသင်တန်း‌တွေရှိလာဖို့လည်း သူမ ‌မျှော်လင့်တယ်လို့ ဆိုပါတယ်။

ထိုလွီဝါး‌ကျောင်းမှာ မိမိကိုယ်ကို ‌ပေးဆပ်တဲ့ ‌ကျောင်းဆရာ၊ဆရာမ‌တွေ အများစုဟာ လူငယ်‌တွေဖြစ်ပြီး သူတို့‌တွေဟာ ကိုယ် ကျိုးမကြည့်ဘဲ တကယ်လိုအပ်တဲ့‌နေရာမှာ ‌ပေးဆပ်‌နေကြတဲ့အတွက် ‌ခေတ်လူငယ်‌တွေဟာ အကျိုးရှိတဲ့အလုပ်‌တွေကို လုပ်ချင် ကြတယ်လို့ သူမ ယုံကြည်ထားပါတယ်။ ကိုယ်‌ရေးကိုယ်တာ အခက်အခဲ‌ကြောင့် လူငယ်တချို့ စီးပွား‌ရေးလုပ်‌နေကြ‌ပေမယ့် လူငယ်အချင်းချင်း‌တော့ ဘယ်‌နေရာမှာပဲ‌ရောက်‌ရောက် အကြံဉာဏ်အားဖြင့်ဖြစ်‌စေ၊ ‌ငွေ‌ကြေးအားဖြင့်ဖြစ်‌စေ၊ ပညာရပ်အားဖြင့် ဖြစ်‌စေ နည်းလမ်းအမျိုးမျိုးနဲ့ ချိတ်ဆက်လုပ်‌ဆောင်နိုင်တယ်လို့လည်း သူမ ‌ပြောပါတယ်။

‌နော်‌ဟေသီဂျူးနဲ့အတူ ငါးနှစ်တာ အတူတကွ စာသင်ကြားလာခဲ့သူ ဆရာမ‌နော်ကဲကယ်က “သူက ရိုးသားတဲ့ အမျိုးသမီး‌ခေါင်း ‌ဆောင်တစ်ဦးဖြစ်တယ်။ အထူးသဖြင့် ကျမ သတိထားမိတာက သူဟာ အမြဲတမ်းပဲ ဒီဆယ်တန်း‌အောင်တဲ့ ‌ကျောင်းသား‌တွေ အတွက်ပဲဖြစ်ဖြစ်၊ JC-Junior College ‌ကောလိပ်‌ကျောင်း‌အောင်တဲ့သူ‌တွေအတွက်ပဲဖြစ်ဖြစ် ကိုယ်တိုင်လိုက်ပြီး ‌မေးမြန်းစုံစမ်း ‌ပေးတယ်။ အဲဒီ‌ကျောင်းသား‌တွေ ‌နောက်တစ်ဆင့် ‌ကျောင်းဆက်တက်ရဖို့အတွက်‌လေ။ သူဟာ တကယ့်ကို‌တော်တဲ့ လူငယ် ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သလို ‌ကျောင်းသူ‌ကျောင်းသား‌တွေ ပညာဆက်သင်နိုင်ဖို့အတွက် နည်းလမ်းအသစ်‌တွေနဲ့ ဘက်‌ပေါင်းစုံ က လူငယ်‌တွေရဲ့ အကြံ‌ပေးတာကိုလည်း အမြဲတမ်း လက်ခံနား‌ထောင်တာကို ‌တွေ့ရပါတယ်။”လို့ ‌ပြောပါတယ်။

မြန်မာပြည်မှာက မိမိကိုယ်ကို ရပ်တည်နိုင်ဖို့ဟာ အကြီးမားဆုံး ပြဿနာဖြစ်ပြီး ပုံစံအမျိုးမျိုးနဲ့ ကြီးပြင်းလာကြတဲ့ လူငယ်‌တွေ ဟာ အချင်းချင်း ပြစ်တင်ကဲ့ရဲ့မှုမလုပ်ဘဲ ယိုင်းပင်းကူညီ အား‌ပေးကြဖို့ သူမ လိုလားပါတယ်။ ပြီး‌တော့ ‌ခေါင်း‌ဆောင် လူကြီး‌တွေ ကလည်း လူငယ်‌တွေကို တာဝန်သိဖို့၊ လူကြီး‌တွေနဲ့ အတူတကွ ပူး‌ပေါင်းပါဝင်ပြီး အမျိုးသား‌ရေးဖက်မှာလည်း ပိုမို လုပ်‌ဆောင် လာနိုင်ဖို့ များများ အား‌ပေး‌စေချင်‌ကြောင်းလည်း သူမက ‌ပြောပါတယ်။

‌လော‌လောဆယ် နိုင်ငံခြားနဲ့ နယ်စပ်က လူငယ်‌တွေ သူတို့အားလပ်ချိန်‌လေးမှာ သူမတို့‌ကျောင်းအတွက် လာကူညီ‌ပေးကြတာ ရှိတဲ့အတွက် သင်ကြား‌ရေးပိုင်းဖြစ်‌စေ၊ နည်းပညာပိုင်းဖြစ်‌စေ လာ‌ရောက်‌ဝေမျှနိုင်တယ်လို့လည်း သူမက တိုက်တွန်းလိုက်သလို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ ကရင်လူငယ်‌တွေရဲ့ အချိန်နဲ့ခွန်အား‌တွေကို တတ်စွမ်းနိုင်သ‌လောက် လာ‌ပေးဆပ်ကြဖို့ကိုလည်း ‌ကျောင်းသားလူငယ်ကြားက လူငယ်တစ်ဦးသာဖြစ်တဲ့ ထိုလွီဝါး‌ကျောင်းအုပ်ဆရာမ ‌နော်‌ဟေသီဂျူးက ဖိတ်‌ခေါ်လိုက်ပါတယ်။

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း‌တွေကြား ၂၀၁၅၊ ‌အောက်တိုဘာလ ၁၅ရက် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ် ချုပ်ဆိုခဲ့ကြပြီး ဒီအပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်းမှာ ဖွင့်လှစ်လာခဲ့တဲ့ ‌နော်‌ဟေ သီဂျူးတို့ရဲ့ ထိုလွီဝါး‌ကျောင်း‌လေးဟာ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲဖြစ်စဉ် ပြီးဆုံးသွားသည့်တိုင် ‌ဒေသအကျိုးပြု စာသင်‌ကျောင်းတစ် ‌ကျောင်းအဖြစ် ‌ဒေသအတွက် ပညာတတ်‌တွေ‌မွေးထုတ်‌ပေးသွားဖို့ ဆက်လက် ရှင်သန်လည်ပတ်သွား‌နေရအုံးမှာပဲဖြစ်ပါတယ်။