Home သတင်း နိုင်ငံခြားသားစီးနင်းလာ‌သော ‌မော်‌တော်ယာဉ်မှ စက်ဘီးနှင့် ဆိုင်ကယ်အား ဝင်တိုက်၍ ၁ ဦး‌သေ၊ ၄ ဦးဒဏ်ရာရ

နိုင်ငံခြားသားစီးနင်းလာ‌သော ‌မော်‌တော်ယာဉ်မှ စက်ဘီးနှင့် ဆိုင်ကယ်အား ဝင်တိုက်၍ ၁ ဦး‌သေ၊ ၄ ဦးဒဏ်ရာရ

2555
Photo: Nay Naw

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့ နံနက်ပိုင်းက နိုင်ငံခြားသားအမျိုးသမီးတစ်ဦး စီးနင်းလာ‌သော ‌မော် ‌တော်ယာဉ်သည် ယာဉ်‌ကြောတဖက်မှ လာ‌သော စက်ဘီး(၁)စီးနှင့် ‌မော်‌တော်ဆိုင် ကယ်(၂)စီးအား ဝင်တိုက်မိရာ ဆိုင်ကယ်‌မောင်းသူ အမျိုးသား (၁)ဦး ‌သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရ သည်။

ယ‌နေ့ ဇန်နဝါရီ ၂၄ ရက် နံနက်(၇)နာရီအချိန်ခန့်က မြဝတီမြို့ အမှတ်(၅) ရပ်ကွက် ချစ်ကြည်‌ရေး လမ်းမကြီး တရုတ်ဘုံ‌ကျောင်း‌ရှေ့တွင် မြို့ပြင်မှ မြို့တွင်း ဘုရင့်‌နောင်‌ဈေးမီးပွိုင့်ဘက်သို့ ယာဉ်‌မောင်း မိုးမင်းထွန်း(၃၁)နှစ် ‌မောင်းနှင်ပြီး တရုတ်နိုင်ငံသူ Taung Lihua (၅ဝနှစ်) စီးနင်းလိုက်ပါလာ‌သော Alphard အမျိုးအစား အဖြူ‌ရောင်ယာဉ်မှာ လားရာတူမှ စက်ဘီးစီးနင်းလာသူတစ်ဦးအား ဝင်တိုက်မိပြီး ထိုမှတဆင့် မျက်နှာချင်းဆိုင်ဘက်မှ ဆိုင်ကယ် (၂)စီးအား ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှု‌ကြောင့် ဆိုင်ကယ်စီးနင်းသူများ ဖြစ်ကြ‌သော မြဝတီမြို့‌နေသူ ဓိဌာန်‌အောင်ဘုရားလမ်း အမှတ်(၄)ရပ်ကွက် ထွန်းထွန်း‌ဇော်(၁၈)နှစ်မှာ မဲ‌ဆောက်‌ဆေးရုံအ‌ရောက်တွင် ‌သေဆုံးခဲ့ပြီး ၊ ‌အောင်စုပြည့်(၂၀)နှစ်မှာ ဒဏ်ရာတစ်ချို့ရရှိပြီး သတိလစ်‌မေ့‌မြောခဲ့သည်။ ထို့အပြင် အမှတ်(၃) ရပ်ကွက်၊ ငှက်‌ပျော‌တောရပ်တွင် ‌နေထိုင်သူ ‌ကျော်‌ဇေယျာ လင်း(၂၃)နှစ်၊ မ‌နွေ အင်ကြင်း(၂၁)နှစ် နှင့် စက်ဘီးစီးသူ မျိုးမင်းဦး(၄၃) နှစ်တို့မှာ ထိခိုက်ဒဏ်ရာအသီးသီး ရရှိပြီး ‌ဆေးဝါးကုသမှုခံယူ‌နေ ရ‌ကြောင်း သိရသည်။

“ကားက တဖက်ယာဉ်‌ကြောက‌နေလာပြီး လားရာတူမှ စက်ဘီးတစ်စီးကို အရင်ဆုံး ဝင်တိုက်တယ်။ ပြီး‌တော့ ဒီဘက်ကို‌ရောက်လာလို့ ကျ‌နော့်ဆိုင်ကယ်ကို လမ်း‌ဘေးချပြီး အရှိန်‌လျှော့လိုက်တဲ့အချိန်မှာ ကျ‌နော့် ဆိုင်ကယ်ကို ‌ကျော်တက်လာတဲ့ ဆိုင်ကယ်နဲ့ကားအရင်တိုက်တယ်။ ပြီး‌တော့ ကျ‌နော့်ဆိုင် ကယ်ကိုပါ ဝင်တိုက်တယ်”ဟု ယာဉ်တိုက်မှု‌ကြောင့် ထိခိုက်ဒဏ် ရာရရှိပြီး မြဝတီပြည် သူ့‌ဆေးရုံတွင် ‌ဆေးဝါးကုသမှုခံယူ‌နေသည့် ဆိုင်ကယ်‌မောင်းသူ ‌ကျော်‌ဇေယျာလင်းက ‌ပြောသည်။

ယာဉ်အားမဆင်မခြင်‌မောင်းနှင်ကာ စက်ဘီးနှင့် ဆိုင်ကယ်အား ဝင်တိုက်မီပြီး (၁)ဦး‌သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ‌စေသည့်အတွက် Alphard ယာဉ်‌မောင်း မိုးမင်းထွန်းအား မြဝတီမြို့မရဲစခန်းက ယာဉ်(ပ)၂/၂၀၂ဝ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/ ၃၀၄(က) တို့ဖြင့် အမှုဖွင့်စစ်‌ဆေး‌နေ‌ကြောင်း သိရသည်။