Home သတင်း “‌သွေးချင်းတို့ရဲ့ပွဲ‌တော်”တွင် ကရင်ကိုယ်စားပြု ‌ဘောလုံးအသင်း ဝင်‌ရောက်ယှဉ်ပြိုင်

“‌သွေးချင်းတို့ရဲ့ပွဲ‌တော်”တွင် ကရင်ကိုယ်စားပြု ‌ဘောလုံးအသင်း ဝင်‌ရောက်ယှဉ်ပြိုင်

2724

ဇန်နဝါရီ ၃ဝ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌စောရှား

ရန်ကုန်မြို့တွင် ပြုလုပ်သည့် “‌သွေးချင်းတို့ရဲ့ပွဲ‌တော်-Ethnic Myanmar Culture Fest” အထိမ်းအမှတ် ‌ဘော လုံးပြိုင်ပွဲတွင် ကရင်တိုင်းရင်းသားကိုယ်စားပြု ‌ဘောလုံးအသင်း ဝင်‌ရောက်ယှဉ်ပြိုင်‌နေလျက်ရှိသည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲတွင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုအလိုက်အသင်း ၁၂ သင်းပါဝင်ပြီး ကရင်အသင်းအ‌နေဖြင့် ဇန်နဝါရီ ၃၁ ရက်တွင် တအာင်း(ပ‌လောင်)အသင်း၊ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်တွင် ကယားအသင်းတို့နှင့် အုပ်စုပွဲ စဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်‌ကြောင်း ကရင်အသင်း အုပ်ချုပ်သူ နည်းပြ မန်း‌သောလျှမ်က ယခုလို‌ပြောသည်။

“ကြီးကြီးမားမား‌အောင်မြင်မှုရဖို့ ကျ‌နော်တို့ အ‌ကောင်းဆုံးကြိုးစား ယှဉ်ပြိုင်မယ်။ ညီညီညွတ်ညွတ်နဲ့ လိုချင်တဲ့ ရလဒ်‌တွေကို ရ‌အောင်ယူမယ်‌ပေါ့။ ကရင်ပြည်နယ်၊ ရန်ကုန်နဲ့ဧရာဝတီတိုင်း‌ဒေသကြီး‌တွေက ကရင် ‌ကျောင်းသား ကစားသမားအများစုနဲ့ အသင်းကိုပါဝင်စုဖွဲ့ထားပါတယ်။” ဟု ‌ကေအိုင်စီသို့ ဇန်နဝါရီ ၃ဝ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

‌သွေးချင်းတို့ရဲ့ပွဲ‌တော်တွင် ပထမဦးဆုံးအကြိမ် ထည့်သွင်းပြုလုပ်လာ‌သော ယခု‌ဘောလုံးပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ‌ဖေ‌ဖော်ဝါရီ ၆ ရက်‌နေ့တွင် ဗိုလ်လုပွဲအဖြစ် ကစားရမည်ဖြစ်ကာ ပွဲစဉ် အစအဆုံးကုို ‌အောင်ဆန်းအားကစားကွင်း၌ ပြုလုပ်သွားမည်ဟု သိရသည်။

၂၀၂ဝ ခုနှစ်တွင် ဒုတိယအကြိမ်‌မြောက် ကျင်းပမည့် အဆိုပါပွဲ‌တော်ကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင် များအသင်း-MEEA မှ အဓိကပါဝင်၍ ပြည်‌ထောင်စု တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဟိုတယ် နှင့် ခရီးသွားလာ‌ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား လူမျိုးများ၏ စာ ‌ပေ ယဉ်‌ကျေးမှု ‌ကော်မတီအဖွဲ့များ ပူး‌ပေါင်းပြီး ကယားတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ အလှည့်ကျ အ ဓိကဦး‌ဆောင်ကျင်းပခြင်းဖြစ်‌ကြောင်းသိရသည်။

ယခုပွဲ‌တော်အတွက် ကရင်တိုင်းရင်းသားလုပ်ငန်းရှင်အသင်းအ‌နေဖြင့် ‌ဘောလုံးအသင်းသာမက ကရင်တိုင်း ရင်းသားရိုးရာယဉ် ‌ကျေးမှုပြခန်းများ၊ ကရင်အစားအစာများနှင့် Miss ပြိုင်ပွဲအတွက် ကရင် မိန်းမပျို‌လေး ၃ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဟုလည်း သိရသည်။

ပွဲ‌တော်ကို ၂၀၂ဝခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ဒုတိယ အကြိမ် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပြခန်း၊ ရိုးရာယဉ်‌ကျေးမှု အစားအစာများ၊ ‌ဒေသထွက် ကုန်များကို ပြသ‌ပေးသွားမည်ဖြစ်သည်။ ထို့အပြင် တိုင်းရင်းသား အလှမယ်‌ရွေးချယ်ပွဲကြီး-Miss Ethnic Myanmar 2020၊ တိုင်းရင်းသားတစ်ခုချင်းစီ၏ ရိုးရာအကအလှများ၊ နိုင်ငံ‌ကျော်‌တေးသံရှင်များ၏ ‌ဖျော်‌ဖြေမှုများ ပါဝင်သွားမည် ဟု သိရသည်။

ပထမ အကြိမ် “‌သွေးချင်းတို့ရဲ့ပွဲ‌တော်”ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်မှ ၃ဝရက်အထိ ကျင်းပခဲ့ပြီး တိုင်းရင်းသား လူမျိုးများ၏ ယဉ်‌ကျေးမှုများ၊ ရိုးရာဓ‌လေ့များ၊ စည်းလုံးညီညွတ်မှုနှင့်‌နေထိုင်မှုပုံစံများကို မြန်မာနိုင်ငံသားများ သာမက နိုင်ငံခြားသားများကပါ စိတ်ဝင်တစား‌လေ့လာနိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်း‌ရေးကို ‌ကောင်းမွန်စွာ အ‌ထောက်အကူပြုနိုင်‌စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ဦး‌ဆောင်သူများက ‌ပြောသည်။