Home သတင်း တပ်မ‌တော်၏ လမ်း‌ဖောက်လုပ်‌ရေး စီမံကိန်းအ‌ပေါ် ဖာပွန်‌ဒေသခံများ ကန့်ကွက်ဆန္ဒထုတ်‌ဖော်

တပ်မ‌တော်၏ လမ်း‌ဖောက်လုပ်‌ရေး စီမံကိန်းအ‌ပေါ် ဖာပွန်‌ဒေသခံများ ကန့်ကွက်ဆန္ဒထုတ်‌ဖော်

2553
Photo: KNU-Mutraw DOI

ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂ဝ ခုနှစ်။ စအိုင်ဆူး

ဖာပွန်‌ဒေသတွင် တပ်မ‌တော်၏ လမ်း‌ဖောက်လုပ်‌ရေး စီမံကိန်းအ‌ပေါ် ယ‌နေ့ (ဇန်နဝါရီလ ၁၅ရက်)တွင် မူတ ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သော၊ ဘူးသိုနှင့် ဒွယ်လိုး စသည့် မြို့နယ်ရှိ ‌ကျေးရွာများမှ ‌ဒေသခံများ တစ်ပြိုင်နက် ကန့်ကွက်ဆန္ဒ‌ဖော်ထုတ်မှု ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

အဆိုပါ တပ်မ‌တော်၏ ‌ဒေသတွင်း လမ်း‌ဖောက်လုပ်‌ရေး အစီအမံများ‌ကြောင့် ‌ဒေသခံရွာသားများ၏ စားဝတ် ‌နေ‌ရေးနှင့် လုံခြုံ‌ရေးအတွက် စိုးရိမ်မှုများရှိခြင်း‌ကြောင့် ယခုလို ဆန္ဒထုတ်‌ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒ‌ဖော်ထုတ်မှုတွင် ဦး‌ဆောင်ပါဝင်သူ ‌စောအယ်‌စေးက ယခုလို‌ပြောသည်။

၎င်းက “နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အာမခံချက် ဘာမှမရှိ‌သေးတဲ့အ‌ပေါ်မှာ အစိုးရပဲဖြစ်ဖြစ် စစ်တပ်ပဲဖြစ်ဖြစ် လမ်း ‌ဖောက်လုပ်တာကို ကျ‌နော်တို့ မလိုလားဘူး။ နိုင်ငံ‌ရေး အာမခံချက်နဲ့ ဒီမိုက‌ရေစီ ပြည်‌ထောင်စုကို ရမယ်ဆိုရင် ကျ‌နော်တို့ ကိုယ်တိုင် ဒီလမ်းမကြီးကို ‌ဖောက်လုပ်လို့ရပါတယ်။ ကျ‌နော်တို့ တကယ်လိုအပ်‌နေတာက လမ်းမ ဟုတ်ပါဘူး။ နိုင်ငံ‌ရေး အာမခံချက်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပဲဖြစ်တယ်” ဟု ‌ပြောသည်။

အဆိုပါ ဆန့်ကျင် ဆန္ဒ‌ဖော်ထုတ်မှုကို မြို့နယ် (၃)ခုမှ ‌ကျေးရွာလူထု‌ခေါင်း‌ဆောင်များ ဦး‌ဆောင်၍ လူ‌သော မြို့နယ်၌ ဝါသူးဒဲ၊ ‌ပေး‌ကေး၊ ‌ကော်လူဒဲ၊ ဖွ‌ဝေါ် ပ‌လော၊ နာယိုထာစသည့် ‌ကျေးရွာများတွင် လည်း‌ကောင်း၊ ဘူးသိုမြို့နယ်၌ ဘူအားဒဲ၊ မယ်ညု၊ ‌ကျောပါးထီးနီ၊ အီတူးထာ့ စစ်‌ရှောင်စခန်းနှင့် ဒွယ်လိုးမြို့ နယ်၌ ဖိုးခဲထာ၊ ထီး‌လော်သိထာ စသည့်‌ကျေးရွာအသီးသီးမှ ‌ဒေသခံရွာသားစုစု‌ပေါင်း (၁၁,၀၀၀)‌ကျော် ပါဝင်ဆန္ဒထုတ် ‌ဖော်ခဲ့သည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မူ‌တြော်ခရိုင် သတင်းထုတ်ပြန်ချက်အရ သိရ သည်။

‌ကေအဲန်ယူ မူတ‌ရော်ခရိုင် ဥက္ကဋ္ဌ ပဒို ‌စောထဲဒယ်က “ သူတို့ (‌ဒေသခံရွာသားများ) ဆန္ဒ‌ဖော်ထုတ်ရတာက ဒီလမ်းတစ်‌ကြောင်းသာ ‌ဖောက်လိုက်ရင် သူတို့ရဲ့ လုပ်ကိုင်စား‌သောက်မယ့်‌နေရာ‌တွေ ‌နေထိုင်တဲ့‌နေရာ‌တွေ ပျက်စီးမှာနဲ့ ထွက်‌ပြေး တိမ်း‌ရှောင်ရမှာကို စိုးရိမ်တာ‌ကြောင့် မလိုလားကြဘူး။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းအပြင် လတ်တ‌လောတွင် တပ်မ‌တော်မှ ပဲခူး၊ ‌တောင်ငူနှင့် မူတ‌ရော်(ဖာပွန်)ခရိုင် အစရှိသည့် ‌ဒေသသုံးခုမှ ဖွံ့ဖြိုး‌ရေး အမည်ခံ၍ လမ်း‌ကြောင်း သုံး‌ကြောင်း ‌ဖောက်လုပ်သွားရန် စီစဉ်‌နေ‌ကြောင်းလည်း ပဒို ‌စောထဲဒယ်က ဆက်‌ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာသ‌ဘောတူစာချုပ်-NCA လက်မှတ်‌ရေးထိုးပြီး‌နောက် ‌ကေအဲန် ယူ၏ ‌ညောင်‌လေးပင်ခရိုင်၊ မူတ‌ရော်ခရိုင်များအတွင်း တပ်မ‌တော်ဘက်မှ လမ်း‌ဖောက်လုပ်မှု‌ကြောင့် နှစ်ဖက် တပ်များအကြား မကြာခဏ ထိ‌တွေ့ပစ် ခတ်မှုများဖြစ်‌ပေါ်ခဲ့သလို ယင်းဖြစ်စဉ်များ‌ကြောင့် ‌ဒေသခံများ‌နေရပ်စွန့်ခွာထွက်‌ပြေးတိမ်း‌ရှောင်ရသည့်အ‌ခြေအ‌နေများလည်း ဖြစ်‌ပေါ်ခဲ့သည်။

ယ‌နေ့ပြုလုပ်သည့် ကန့်ကွက် ဆန္ဒထုတ်‌ဖော်မှုတွင် ‌ဒေသခံ ရွာသားများမှ “ဗမာ့တပ်မ‌တော်မှ လမ်း‌ဖောက်လုပ် ‌သော ကားလမ်း လုံးဝအလိုမရှိ”၊ မိမိနယ်‌မြေတွင်းရှိ ဗမာ့တပ်စခန်းများ အားလုံး ပြန်ရုပ်သိမ်း‌ပေး”စသည့် စာတမ်းပါ ဆိုင်းဘုတ်များ ကိုင်‌ဆောင်ကာ ‌ကြွေး‌ကြော် ဆန္ဒထုတ်‌ဖော်ခဲ့ကြ‌ကြောင်း သိရသည်။

Photo: KNU-Mutraw DOI

တပ်မ‌တော်၏ မူတ‌ရော်‌ဒေသတွင်း ကားလမ်း‌ဖောက်လုပ်မှုကို၂၀၀၆ ခုနှစ် ‌အောက်တိုဘာလ ကတည်းကစ၍ ယ‌နေ့အချိန်အထိဖြစ်ပြီး ယင်းကားလမ်း‌ဖောက်လုပ်မှု‌ကြောင့် ‌ဒေသခံရွားသားများမှာ မိမိတို့၏ ‌ကျေးရွာ၊ အိုး အိမ်များကိုစွန့်ခွာပြီး ကားလမ်းနှင့် အလှမ်း‌ဝေးသည့်‌နေရာများသို့ သွား‌ရောက်‌ပြေး‌ရှောင်ခဲ့ရမှုမှာ ယခုအချိန်ထိဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

‌ကေအဲန်ယူနှင့် အစိုးရတို့ကြား NCA အပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုး ပြီး‌နောက်ပိုင်း ‌ကေအဲန်ယူ မူတ ‌ရော်ခရိုင် (တပ်မဟာ ၅)နယ်‌မြေထဲတွင် တပ်မ‌တော် စစ်စခန်း (၈၀)ခုထဲတွင် (၇)ခုအား ပြန်လည် ရုပ်သိမ်းရန် ‌ကေအဲန်ယူဘက်မှ ‌တောင်းဆိုထားမှုအ‌ပေါ် ပြန်လည်ရုပ်သိမ်းခြင်းမရှိ‌သေးသည့်အပြင် တပ်စခန်း (၁၆)ခု အား ထပ်မံတိုးချဲ့လာပြီး တပ်စခန်းအားလုံးကို အခိုင်အမာပြုပြင်မွမ်းမံများ လုပ်‌ဆောင်ထား‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။

အလားတူ တပ်မ‌တော်လုပ်‌ဆောင်သည့် လမ်းတိုးချဲ့‌ဖောက်လုပ်မှုကိစ္စနှင့်ပတ်သက်၍ ‌ကျောက်ကြီးမြို့ နယ် အတွင်းရှိ ဌာ‌နေကရင်တိုင်းရင်းသားများအ‌နေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ‌အောက်တိုဘာလနှင့် ယခုနှစ် ဇန်န ဝါရီလ ၉ရက်‌နေ့တို့တွင် ကန့်ကွက်ဆန္ဒထုတ်‌ဖော်မှုပြုလုပ်ခဲ့ပြီးဖြစ်သလို KNU မူတ‌ရော် (ဖာပွန်) ခရိုင်တွင် လည်း ပြီးခဲ့သည့်နှစ်က အလားတူ ဆန္ဒထုတ်‌ဖော်မှုများရှိခဲ့သည်။

လမ်း‌ဖောက်လုပ်မှုများ‌ကြောင့် မြန်မာ့တပ်မ‌တော်နှင့် KNU တို့တင်းမာမှုအရှိန်မြင့်တက်လာခဲ့ရာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်‌နေ့နှင့် ယခုနှစ် ဇန်နဝါရီလ ၁ဝရက်‌နေ့တွင် KNU၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA ဗဟို‌ခေါင်း‌ဆောင်ကိုယ်စားလှယ်များနှင့် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း ဦး‌ဆောင်‌သောအဖွဲ့တို့ ‌ကျောက်ကြီးမြို့ရှိ ‌ကေအဲန်ယူဆက်ဆံ‌ရေးရုံး၌ နှစ်ကြိမ်တိုင် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်သည်။