Home သတင်း ၂ဝရာစု ‌ရှေ့‌ဆောင်ကရင်အမျိုးသား‌ရေတပ်‌ခေါင်း‌ဆောင်များစာအုပ်ထုတ်‌ဝေ

၂ဝရာစု ‌ရှေ့‌ဆောင်ကရင်အမျိုးသား‌ရေတပ်‌ခေါင်း‌ဆောင်များစာအုပ်ထုတ်‌ဝေ

2992

ဒီဇင်ဘာ ၂၃ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း

၂ဝရာစု ဒုတိယကမ္ဘာစစ်အတွင်းတာဝန်ထမ်း‌ဆောင်ခဲ့သည့် ကရင်အမျိုးသား‌ရေတပ်‌ခေါင်း‌ဆောင်များအ‌ကြောင်း‌ရေးသားထားသည့် “‌ရှေ့‌ဆောင် ကရင်အမျိုးသား‌ရေတပ် စစ်မှုထမ်းများ” မှတ်တမ်းစာစုစာအုပ်ကိုသိုးသူငယ်စာ‌ပေတိုက်ကဒီဇင်ဘာ ၂၃ရက်(ယ‌နေ့)တွင် မိတ်ဆက်ပွဲပြုလုပ်ကာထုတ်‌ဝေလိုက်သည်။

၎င်းစာအုပ်မိတ်ဆက်ပွဲကိုအင်းစိန်မြို့နယ်၊ ဘူတာရုံလမ်း၊ အမှတ် ၇/C ၌ ကျင်းပခဲ့ပြီးစစ်မှုထမ်းကရင်‌ရေတပ်‌ခေါင်း‌ဆောင်များကိုမှတ်တမ်းတင်ရန် ရည်ရွယ်ထုတ်‌ဝေခြင်းဖြစ်သည်ဟုမှတ်တမ်းပြုစု‌ရေးသားသူလက်ရှိ‌တော်ဝင်က‌နေဒီယန် ‌ရေတပ်မ‌တော်၏ ဗိုလ်ကြီး‌စောက‌ပေါ်ထူးက‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ရည်ရွယ်ချက်ကကျ‌နော်တို့သမိုင်းကို ပြန်ကြည့်လိုက်ရင် တပ်မ‌တော် ကြည်း၊ တပ်မ‌တော်‌လေမှာကရင်အရာရှိ‌တွေရှိတယ်။ကရင်‌ရေတပ် အရာရှိ‌တွေအ‌ကြောင်းဘာမှ‌ဖော်ပြထားတာမရှိဘူး။ ကရင်‌ရေတပ်အရာရှိ‌တွေ မရှိဘူးလို့ ထင်သွားမှာစိုးရိမ်တယ်။ ကျ‌နော်လိုက်လံရှာ‌ဖွေတဲ့အခါမှာတကယ်ပဲ‌ရေတပ်အရာရှိ‌တွေ ရှိတယ်။ သူတို့ဟာထူးထူးချွန်ချွန် တာဝန်ထမ်း‌ဆောင်ခဲ့တယ်ဆိုတာ‌တွေ့ရှိလာတယ်။ အဲ့အချက်အလက်‌တွေ အားလုံးစုစည်းပြီး‌တော့ အခုလိုစာအုပ်ထုတ်ခြင်း ဖြစ်ပါတယ်။”ဟုဗိုလ်ကြီး‌စောက‌ပေါ်ထူးက‌ပြောသည်။

‘‌ရှေ့‌ဆောင် ကရင်အမျိုးသား‌ရေတပ် စစ်မှုထမ်းများ’စာအုပ်ကိုအဂင်္လိပ်၊ ဗမာ နှစ်ဘာသာဖြင့် ပုံနှိပ်ထုတ်‌ဝေခြင်းဖြစ်ပြီးဒုတိယကမ္ဘာစစ်အတွင်းတာဝန်ထမ်း‌ဆောင်ခဲ့သည့် ပထမဦးဆုံးကရင်အမျိုးသား‌ရေတပ်အရာရှိဗိုလ်ကြီး Maxie ဖိုးသိမ်း၏ ဗြိတိသျှ‌ရေတပ်တွင် တာဝန်ထမ်း‌ဆောင်ခဲ့သည့် ဘဝဖြတ်သန်းမှု အဆင့်ဆင့်ကိုမှတ်တမ်းပြုစု‌ရေးသား‌ဖော်ပြထားသည်။

ထို့‌နောက် ဗိုလ်မှူး‌စော‌ရေမွန်(Raymond)ထွန်းမြိုင် (‌ရေ ၁၀၁၃) ၏ ဒုတိယကမ္ဘာစစ် မတိုင်မှီနှင့် စစ်အတွင်းဖက်ဆစ်တို့ကို ပြန်လည်တိုက်ထုတ်ရာတွင် ‌ရေတပ် တာဝန်အသီးသီးထမ်း‌ဆောင်ခဲ့ပုံ၊ စစ်ပြီး‌နောက် ဘဝ ဖြတ်သန်းမှု ဗြိတိသျှအစိုးရ၏ သူရဲ‌ကောင်းမှတ်တမ်းဝင် စာရင်းတွင်‌ဖော်ပြခံရမှုစသည့်အချက်အလက်များကိုရှာ‌ဖွေပြုစု‌ဖော်ပြထားသည်။

၎င်းအပြင် ဗိုလ်ကြီး‌စောMathias ‌ရွှေသီး (‌ရေ ၁၀၁၆)၏ ဒုတိယကမ္ဘာစစ်အတွင်း‌ရေတပ်တာဝန်များကိုထမ်း‌ဆောင်ခဲ့မှု၊ အိနိ္ဒယ-ဗြိတိသျှဗမာ့‌ရေတပ်မ‌တော်တို့တွင် တာဝန်ထမ်း‌ဆောင်ခဲ့မှုများကိုမှတ်တမ်းပြုစု‌ဖော်ပြထားသလိုစစ်ပြီး‌ခေတ် ပြည်တွင်းစစ်ကာလတွင် ကရင်‌ရေတပ်အဖွဲ့ဝင်များ ပြည်တွင်း၌ လက်နက်ရုပ်သိမ်းပြီးတာဝန်မှ ရပ်စဲခံရကာစုစည်းထိန်းသိမ်းခံခဲ့ရသည့် အ‌ခြေအ‌နေများကို‌ဖော်ပြထားသည်။

စာအုပ်ပြုစုသူမှာလက်ရှိ‌တော်ဝင်က‌နေဒီယန် ‌ရေတပ်တွင် ဗိုလ်ကြီးတာဝန် ထမ်း‌ဆောင်‌နေသူ မြန်မာပြည်ဖွား၊ က‌နေဒါနိုင်ငံသားကရင်လူမျိုး‌စောက‌ပေါ်ထူးဖြစ်ကာ၎င်း၏ဇနီးသည်ကဗမာဘာသာပြန်ဆိုခဲ့သည့်အတွက်တစ်အုပ်တည်းတွင် အဂင်္လိပ်-ဗမာ နှစ်မျိုးဖြင့် ‌ဖော်ပြထားသည်။

အဆိုပါစာအုပ်ကိုရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အာလိန်ငါးဆင့်‌ကျောင်းတိုက်၌ ဒီဇင်ဘာ ၂၆ရက်‌နေ့တွင် ကျင်းပမည့် နှစ်သစ်ကူးပွဲ‌တော်၊ အလုံ နှစ်သစ်ကူးပွဲ‌တော်နှင့် တိုင်းရင်းသား‌ကျေးရွာ၌ ကျင်းပမည့် ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်တို့၌ ‌ရောင်းချသွားမည်ဖြစ်သည်။