ဒီဇင်ဘာလ ၆ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးတို့၏ ပင်ကိုယ်ဓလေ့စရိုက်များအား ထင်ဟပ်စေပြီး ထူးခြားသည့်အမှတ်သကေင်္တအရုပ်ကြီးများဖြင့် တန်ဆာဆင်ကျင်းပနေကျ တောင်ကလေးကရင်ရိုးရာနှစ်သစ်ကူးပွဲတော်တွင် ယခုနှစ်အတွက် “ ကရင်လယ် သမားကြီးတစ်ဦးကောက်လှိုင်းစည်းများ ထမ်းလာသည့် ဟန်ပန်” အရုပ်ပြုလုပ်ပြီး ဆင်ယင်ကျင်းပသွား မည်ဖြစ်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် (၂၈) ကြိမ်မြောက် တောင်ကလေး ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်တွင် အ များပြည်သူကြည့်ရှုနိုင်ရန် ဆင်ယင်ပြသထားမည့် အမြင့် ၄၅ ပေရှိသည့် အဆိုပါအရုပ်ကို တောင်ကလေးဆရာ တော်အရှင်ပညာသာမိ၏ လမ်းညွှန်မိန့်ကြားမှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်းသိရသည်။
အရုပ်ဖြစ်မြောက်ရေးတာဝန်ယူစီမံရသူများထဲမှ တစ်ဦးဖြစ်သည့် ပန်းချီဆရာစောထွန်းလင်းက “ အဓိက က တော့ ရိုးရာယဉ်ကျေးမှုကို ပြန်လည်ထိန်းသိမ်းတဲ့အနေနဲ့ ရှေးခေတ်က လူကြီးတစ်ဦးပုံစံဖြစ်ရမယ်။ အသက် အားဖြင့် ၅ဝ ကျော်အရွယ် ကရင်လယ်သမားကြီးတစ်ဦး ဟန်ပန်ပုံစံပေါ့။ အဝတ်အစားတွေ သျှောင်တုံး တွေက အစ ရှေးခေတ်ပုံစံလုပ်ဖို့ ဆရာတော်က အဲလိုမိန့်ကြားတဲ့အတွက် ဖြစ်ပါတယ်” ဟုပြောသည်။
ခန့်မှန်းကုန်ကျစရိတ် သိန်း ၅ဝ ခန့်တန်ဖိုးရှိသည့် အဆိုပါ ကရင်လယ်သမားကြီးအရုပ်ကို အဓိကအားဖြင့် ဝါး၊ ကောက်ရိုး၊ စက္ကူတို့ဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက် နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၆ ရက်နေ့ နှစ်သစ်ကူးမတိုင်မီ အပြီးပြုလုပ်ဖန်တီး သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ခေါင်းပေါင်းစ သျှောင်ဆံတုံးနှင့် ထိုးကွင်းမှင်ကြောင်များပေါ်သည်အထိ ခါးတောင်းကျိုက်ထားသည့်ဟန်၊ နှီးခမောက်ကို အနောက်ဘက်သို့သိုင်းလွယ်လျက် မာန်ပါပါကောက်လှိုင်းစည်းများကို ဦးပဲ့ထမ်းလာသည့် ကရင်လယ် သမားကြီးတစ်ဦး၏ ရုပ်သွင်ကို ပီပြင်အောင် ပြုလုပ်ဖန်တီးသွားမည်ဖြစ်သည်ဟု သိရသည်။
တောင်ကလေးတွင် ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးတွင် ကရင်လူမျိုးတို့၏ ရိုးရာ ယဉ်ကျေးမှု၊ ပင်ကိုယ်ဓလေ့စရိုက်များကို ပေါ်လွင်ထင်ဟပ်စေသည့် အရုပ်ကြီးများဖြင့်တန်ဆာဆင် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် ၅ ရုပ်မြောက်ရှိပြီဖြစ်သော်လည်း တောင်ကလေးဆရာတော်အနေဖြင့် မည့်သည့် ရည်ရွယ် ချက် များဖြင့် ထိုသိုလမ်းညွှန်မိန့်ကြားသည်ကို မသိရှိရကြောင်းအရုပ်ပြုလုပ်သူများ၏ ပြန်လည်ပြောပြချက်များ အရ သိရသည်။