Home ကဗျာ ရင်းလိုက်ရတဲ့‌နေ့

ရင်းလိုက်ရတဲ့‌နေ့

2441

-ရယူချင်ရင်

ထိုက်တန်တဲ့ ‌ပေးဆပ်မှု ရှိရမယ်……..တဲ့

သူတို့ ရင်းလိုက်ကြတယ်

သူတို့ ‌ပေးဆပ်ကြတယ်

‌သွေးစက်တချို့ ဓာတ်ခွဲခန်းထဲ ပါသွားတယ်။

-အ‌ဖြေဘယ်လို ထွက်လာမလဲ ……

အားလုံး‌မျှော်လင့် ‌စောင့်စား‌နေဆဲ …….

အသီးစားရင်း ခဲမှန်ခံရတာနဲ့ မျှရဲ့လား ……

အသီးစား‌နေတဲ့ ငှက်တစ်အုပ်

အားလုံးဖမ်းဆုပ် မခံရ‌အောင်

နှစ်‌ကောင် သုံး‌ကောင် အပစ်ခံလိုက်ရ

ဒါ….‌ခေါင်း‌ဆောင်‌တွေအတွက် သဘာဝကျပါတယ်။

သူရဲ‌ဘော‌ကြောင်တဲ့ ငှက်တချို့

လန့်ဖျပ်‌ကောင်း လန့်ဖျပ်သွားလိမ့်မယ်

မလွတ်စတမ်း အသီးကို မရရ‌အောင်

ပြန်‌ခြေကုပ်ယူမယ့် ငှက်လည်းရှိတယ်

ဓာတ်ခွဲခန်းထဲ ပါသွားတဲ့ ‌သွေးစက်ကို

လက်ပိုက်ကြည့် မ‌နေဘူး

‌ခေါင်းချင်းဆိုင်ကြတယ်

စုစုစည်းစည်းနဲ့ ဝိုင်းရံကြတယ်

မျှမျှတတ ပျံသန်းကြတယ်။

-မုဆိုးက မြားတစ်စင်းတည်းနဲ့

သား‌ကောင်နှစ်‌ကောင်ကို ရွယ်ပစ်‌တော့

မြားရဲ့မှန်ချက်က ထင်ထားတာထက်

တစ်‌တောလုံးကို ရုန်းရင်းဆန်ခတ် သွား‌စေတယ်

‌တောအနှံ့သား‌ကောင်များ အုံကြွသွားတယ်

သား‌ကောင်လည်းမုဆိုး ….

မုဆိုးလည်းသား‌ကောင် ဆိုတဲ့စကား

အားလုံးကြဖူး ကြလိမ့်မယ်။

-ဆက်ပျံသန်းမယ့် မိုင်တိုင်

ဘတစ်ပြန်ကျားတစ်ပြန် အပြိုင်ကြဲနိုင်မှ…..

ရလဒ်‌ကောင်းဖို့က

စစ်တုရင်လို အကွက်လှလှ ကစားနိုင်မှ…..

သူမုဆိုးလား….ငါသား‌ကောင်လား….

ငါမုဆိုးလား…. သူသား‌ကောင်လား…

တရားမျှတမှု ရှိတဲ့‌နေ့ကျရင်

ဓာတ်ခွဲခန်းထဲက ‌သွေးစက်

အပြင်ထွက်မှ သိလိမ့်မယ်

ရင်းလိုက်ရတဲ့‌နေ့…..

အဲဒီ‌နေ့…..

အဲဒီ‌နေ့…..

ဘာ‌နေ့လဲဆိုတာ အားလုံးသိဖို့လိုတယ်။ ။

အမျိုးသား သစ္စာဖြင့်….

‌စော‌ယောင့်သာအဲဆန်