Home သတင်း မြဝတီနယ်စပ်ဂိတ်တွင် Automated Border Control. E.Gate ဖွင့်လှစ်နိုင်‌ရေးအတွက် လုပ်ငန်းများ စတင်‌ဆောင်ရွက်

မြဝတီနယ်စပ်ဂိတ်တွင် Automated Border Control. E.Gate ဖွင့်လှစ်နိုင်‌ရေးအတွက် လုပ်ငန်းများ စတင်‌ဆောင်ရွက်

2618

စက်တင်ဘာ ၂၄ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှတဆင့်ထိုင်းနိုင်ငံဘက်သို့ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွား လာရာတွင် Automated Border Control. E.Gate (ABC) Gate ဖွင့်လှစ်နိုင်‌ရေးအတွက် လုပ်ငန်းများ စတင် ‌ဆောင်ရွက်‌နေပြီးဖြစ်‌ကြောင်း သိရသည်။

Automated Border Control. E.Gate လုပ်‌ဆောင်ခြင်းဖြင့် နယ်စပ်ဖြတ်‌ကျော်သွားလာ‌သောအခါ လုံခြုံ‌ရေးအတွက်များစွာ အ‌ထောက်အကူဖြစ်‌စေ‌ကြောင်း ကရင်ပြည်နယ်၊ မြဝတီခရိုင် လူဝင်မှုကြီးကြပ်‌ရေးဌာနခွဲ ဒုတိယညွှန်ကြား‌ရေးမှူး ( မြန်မာ-ထိုင်းနယ်စပ် မြဝတီချစ်ကြည်‌ရေးတံတား) ဦးသန်း‌ရွှေက ယခုလို ‌ပြောသည်။

ဒုတိယ ညွှန်ကြား‌ရေးမှူး ဦးသန်း‌ရွှေက “နယ်စပ်ဂိတ်မှာ E gate ဖွင့် လှစ်ဖို့အတွက် E gate လုပ်ငန်းစဉ်‌တွေကို စတင်‌ဆောင်ရွက်‌နေပါပြီ။ ဓာတ်ပုံရိုက်တာ။ လက်‌ဗွေယူတာ။ မျက်လုံးစကရင်ဖတ်တာတို့ ‌ဆောင်ရွက်ရတဲ့ အတွက် အချိန်အနည်းငယ် ကြန့်ကြာမှုရှိပါတယ်။ E gate လုပ်ငန်း အ‌ခြေခံပြီး နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်‌တွေ ပြုလုပ်‌ပေး‌နေပါတယ်။”ဟု ယ‌နေ့ စက်တင်ဘာ ၂၄ရက်‌နေ့တွင် ‌ပြောသည်။

၎င်းက ဆက်လက်၍ “ E gate လုပ် ခြင်းဖြင့်နယ်စပ်မှ ဖြတ်သန်းသွားလာတဲ့ အခါမှာ လုံခြုံမှုအတွက်များစွာ အ‌ထောက်အကူ ဖြစ်‌စေပါတယ်။ ‌နောက်တစ်ခုက ဟိုဘက်ဒီဘက် သ‌ဘောတူညီထားတဲ့ Blacklist နဲ့ လို အပ်ချက်ရှိသူ‌တွေနဲ့ ပြစ်မှုဆိုင်ရာရှိသူ‌တွေကို ဖမ်းဆီးတဲ့အခါ အ‌ထောက်အကူ ဖြစ်‌စေပါတယ်။ E gate ဖွင့်ခြင်းဖြင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်‌ကျော်မှုခင်း ဖြစ်စဉ်များမှာ ဖမ်းဆီး‌ရေးအတွက် အ‌ထောက်အကူ ဖြစ်တာ‌ကြောင့်ပြည်သူ‌တွေလည်း နားလည်‌စေချင်ပါတယ်” ဟု ဆက်‌ပြောသည်။

အဆိုပါ Automated Border Control. E.Gate (ABC)Gate ဖွင့် လှစ်နိုင်‌ရေးအတွက် လုပ်ငန်းစဉ်များကို မြဝတီနယ်စပ်ဂိတ်အပြင် တာချီလိတ် နယ်စပ်ဂိတ်တွင်လည်း နယ်စပ်‌ကျော်လုံခြုံမှုအတွက် စတင် ‌ဆောင်ရွက်‌နေပြီဖြစ်‌ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ Automatic Border Control. E. Gate ကို စတင်‌ဆောင်ရွက်‌နေမှုနှင့် ပတ်သက်၍ မြဝတီ-မဲ‌ဆောက်ခရီးသည်ပို့‌ဆောင်‌ရေး ယာဉ်‌မောင်းတစ်ဦးကမူ နယ်စပ်ဖြတ်‌ကျော်လုံခြုံ‌ရေးအတွက် ‌ကောင်း မွန်‌သော်လည်း ‌နေရာထိုင်ခင်း ကျဉ်းကြပ်‌သော‌ကြောင့် ခရီးသွားပြည်သူများမှာ ‌နေပူထဲ၊ မိုး‌ရေထဲတွင် အခက် အခဲဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လုပ်‌ဆောင်‌နေရသည်ဟု မှတ်ချက်ပြု ‌ပြောဆိုသည်။

မြဝတီနယ်စပ်ဂိတ်မှတဆင့် ထိုင်းနိုင်ငံမဲ‌ဆောက် မြို့သို့ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားလာသူ ‌နေ့စဉ် ၂,၄၀ဝ ဦးခန့်ရှိပြီး ‌ရွှေ့‌ပြောင်းသွားလာလုပ်ကိုင်ရန် MoU လုပ်သားအဖြစ် ‌နေ့စဉ် ၁,၀၀ဝ ဦးခန့် သွား ထွက်ခွာလျက်ရှိ‌ကြောင်း သိရသည်။