Home ဆောင်းပါး လွတ်၊ လပ်၊ ရိုင်း ဥပ‌ဒေ ‌အောက်က မိကရင်ရဲ့ ကံကြမ္မာ

လွတ်၊ လပ်၊ ရိုင်း ဥပ‌ဒေ ‌အောက်က မိကရင်ရဲ့ ကံကြမ္မာ

3078

စအိုင်ဆူး (ဩဂုတ် ၂၂ရက်၊ ၂ဝ၁၉ခုနှစ်)

လက်နက်ကြီး ကျ‌ရောက်‌ပေါက်ကွဲသံအလား အားပြင်းပြင်း ‌ပေါက်ကွဲသံ‌တွေကို ဖားအံမြို့စွန်အနီးက ‌ထောင်ဝိ ရပ်ကွက် ‌နေ ပြည်သူ‌တွေ အခုရက်ပိုင်းအတွင်း ‌နေ့စဉ်နဲ့အမျှ ကြား‌နေကြရပါတယ်။ ‌ပေါက်ကွဲမှု ပြင်းအား ‌ကြောင့် အ‌ဆောက် အအုံ တုန်ခါသွားသည်အထိရှိခဲ့ပြီး ကနဦးမှာ လက်နက်ကြီး ပစ်ခတ်သံလို့ ထင်မှတ်ကြ‌ပေမဲ့ တစ်ရက်ကို ၅ ကြိမ်‌လောက် ကြား‌နေရတဲ့အတွက် ‌ကျောက်မိုင်းခွဲသံဆိုတာကို ‌နောက်ပိုင်းမှာ နားလည်သွား ကြပါတယ်။

ပြီးခဲ့တဲ့နှစ်‌တွေကစပြီး ကရင်ပြည်နယ်မှာ လမ်းခင်းဖို့အပြင် ဘိလပ်‌မြေထုတ်လုပ်ဖို့အတွက် ဖားအံမြို့ အနီးဝန်း ကျင်မှာရှိတဲ့ ထုံး‌ကျောက်‌တောင်‌တွေမှာ အ‌သေးစား ‌ကျောက်မိုင်းခွဲထုတ်လုပ်မှု‌တွေ ပိုတိုးလုပ်‌ဆောင်လာတာ ကို ‌တွေ့မြင်လာရပါတယ်။

အလားတူ ကရင်ပြည်နယ်မှာ အကြီးစား ထုံး‌ကျောက်ထုတ်လုပ်ခွင့်အတွက်လည်း အစိုးရက‌နေ ၄ ‌နေရာခွင့်ပြုထားတဲ့ အနက် လက်ရှိမှာ သံလွင်မြစ် တစ်ဖက်ကမ်းက သံတိုင်‌တောင်နှင့် အာဂလိ‌တောင်‌တွေက‌နေ MEC- Myanmar Economic Corporation (မြန်မာ့စီပွား‌ရေး ‌ကော်ပို‌ရေးရှင်း)ကုမ္ပဏီရဲ့ တန် (၄,၀၀၀)နဲ့ တန် (၉၀၀) ဘိလပ်‌မြေစက်ရုံနှစ်ခုက‌တော့ လှည့်ပတ်‌နေဆဲဖြစ်ပါတယ်။

ကျန်ရှိတဲ့ အကြီးစားထုတ်လုပ်ခွင့် နှစ်အခုအတွက်က‌တော့ ဖားအံမြို့တစ်ဖက်ကမ်း မိကရင်‌ကျေးရွာအနီးမှာရှိ တဲ့ မိကရင်‌တောင်နဲ့ ‌ကျောပြင်‌တောင် (‌ဒေသအ‌ခေါ် ‌ကျောက်ဖျံ‌တောင်)‌တွေဖြစ်ပြီး ၂၀၁၁ ခုနှစ်ကတည်းက စ လို့ ညီညွတ်‌သော ဘိလပ်‌မြေကုမ္ပဏီက ထုတ်လုပ်ခွင့် (၁၀)နှစ် ရရှိထား‌ပေမဲ့ က‌နေ့အချိန်ထိ အ‌ကောင်အ ထည်‌ဖော်လုပ်‌ဆောင်နိုင်ခြင်းမရှိဘဲ လာမဲ့ ၂၀၂၁ခုနှစ်မှာ သက်တမ်းကုန်ဆုံး‌တော့မှာဖြစ်ပါတယ်။

ဒီလို သက်တမ်းကုန်ဆုံး‌တော့မဲ့ လုပ်ကိုင်ခွင့်အတွက် ညီညွတ်‌သော ဘိလပ်‌မြေကုမ္ပဏီက လုပ်ငန်းရှင်တစ်ဦး ဖြစ်သူ ဦး‌ဇော်လင်းစိုးဆိုသူက လုပ်ပိုင်ခွင့်ကို ထပ်မံရရှိဖို့ ‌မြေလွတ်၊ ‌မြေလပ်နဲ့ ‌မြေရိုင်း အသုံးပြုခွင့် ဥပ‌ဒေနဲ့ ပြန် လည် ကြိုးပမ်းလာခဲ့ပါတယ်။

အရင်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ‌ဒေသခံပြည်သူ‌တွေ အလုပ်အကိုင်ရဖို့ဆိုတဲ့ ‌ခေါင်းစဉ်ဖြင့် ဒီ‌တောင်‌တွေ က‌နေ တန် (၅,၀၀၀) ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ပြီး ‌ကျောက်ထုတ်ခွင့်ရဖို့အတွက် ၂၀၁၃ ခုနှစ်ကစလို့ ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်(BGF) အပြင် Myanmar Cement and Mineral Production နဲ့ Myan mar Ji Dong Cement တို့လို တရုတ်နိုင်ငံက ဘိလပ်‌မြေကုမ္ပဏီတို့က ကြိုးပမ်းမှု‌တွေအကြိမ်ကြိမ်ပြုလုပ်ခဲ့ ပါတယ်။

ဒီလိုကြိုးပမ်းတဲ့‌နေရာမှာ သူတို့က ထုံး‌ကျောက်‌တောင်အနီးဝန်းကျင်မှာရှိ‌နေတဲ့ ‌ဒေသခံ‌တွေကို လမ်း၊ တံတား၊ အ‌ခြေခံအ‌ဆောက်အဦးစတဲ့ ဖွံ့ဖြိုး‌ရေး မက်လုံး‌တွေအပြင် ထုတ်လုပ်မှုရဲ့ ရာခိုင်နှုန်း အကျိုးခံစားခွင့်ကိုပါ ခံစား ခွင့်‌ပေးမယ်ဆိုတဲ့ စည်းရုံးကြိုးပမ်းမှု‌တွေနဲ့ လုပ်‌ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မိကရင်‌ဒေသဟာ KNU- ကရင်အမျိုးသားအစည်းအရုံးလို လက်နက်ကိုင်အင်အားစုရဲ့ ထိန်းချုပ်နယ် ‌မြေ အထူးသဖြင့် တပ်မဟာ (၁)နယ်‌မြေအဖြစ် သတ်မှတ်ထားတာ‌ကြောင့် KNU တပ်မဟာ (၁)ရဲ့ တာဝန်ရှိသူ‌တွေအ‌နေနဲ့ကလည်း ‌ဒေသခံ‌တွေနဲ့ ‌တွေ့ဆုံစည်းရုံးမှု‌တွေကိုပါ လိုက်ပါလုပ်‌ဆောင်ခဲ့ကြသလို ကရင်အနုပညာရှင်တစ်ချို့ကပင် ပါဝင်စည်းရုံးခဲ့ပါ‌သေးတယ်။

ကြိမ်ဖန်များစွာ ‌တွေ့ဆုံမှု‌တွေ စည်းရုံးမှု‌တွေ လုပ်‌ဆောင်ခဲ့‌ပေမဲ့လည်း ‌ဒေသခံ‌တွေရဲ့ သ‌ဘောဆန္ဒမရရှိတာ ‌ကြောင့် ဒီအ‌ကောင်အထည်‌ဖော်မဲ့ စီမံကိန်း‌တွေကို ရုတ်သိမ်းလိုက်ပြီးလို့ ၂၀၁၆ ခုနှစ်က KNU ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စော‌ဂျော်နီရဲ့ ‌ပြောဆိုမှုအပြီး စီမံကိန်း အ‌ကောင်အထည်‌ဖော်မှုအတွက် ကြိုးပမ်းမှု‌တွေ လုံးဝရပ် တန့်သွားခဲ့ပါတယ်။

ဒါ‌ပေမဲ့ ရပ်တန့်မှု‌တွေက‌နေ အခုလို ပြန်လည်ကြိုးပမ်းလာမှု ရှိလာခြင်းအ‌ပေါ်‌ဒေသခံ‌တွေက စိုးရိမ် မှု‌တွေရှိ ‌နေသလို ဒီ‌တော‌တောင်‌တွေဟာ သူတို့ အသက်အ‌မွေးဝမ်း‌ကျောင်းအတွက် ရှင်သန်မှီခို‌နေရမှု‌တွေ ရှိ‌နေပြီး ‌ဒေသခံ‌တွေအတွက် အကျိုးပြု‌နေတဲ့ ‌တောင်‌တွေဖြစ်တယ်လို့ မိကရင် ‌ဒေသခံ နန်းမြဝင်းက အခုလို ‌ပြောပြပါတယ်။

“အစ်မတို့ ငယ်ငယ်ကတည်းက ဒီ‌တောင်‌တွေကိုပဲ မှီခိုပြီး‌တော့ စား‌သောက်‌နေတာ‌ပေါ့။ မျှစ်ချိုးမယ်၊ ‌တောထဲ မှာ ကဒတ်တူးမယ်၊ မှိုတက်ရင်လည်း မှိုတက်တဲ့ အချိန်မှိုရှာမယ်။ အရင်‌ခေတ်ကဆိုရင် ဖက်‌တွေ ဘာ‌တွေ ‌ကောက်တယ်။ အခုထက်ထိ ဖက်‌တွေဘာ‌တွေ ‌ကောက်တာ‌ပေါ့။ အစ်မတို့အတွက် ဒီ‌တော‌တောင်‌တွေက မရှိမဖြစ် အကျိုးပြု‌နေတယ်။ ဒီ‌တောင်‌တွေ မရှိလို့ရှိရင် အစ်မတို့အတွက် ‌တော်‌တော်ဒုက္ခ‌ရောက်မယ်။”လို့ သူမက ဆိုပါတယ်။

လက်ရှိအ‌နေအထားမှာ မိကရင်‌ဒေသမှာ လမ်း၊ တံတား၊ လျှပ်စစ်မီးစတဲ့ ‌ဒေသဖွံ့ဖြိုးမှုကို ကိုယ်ထူကိုယ်ထ လုပ် ‌ဆောင်နိုင်ခဲ့တာ‌ကြောင့် ‌ကျောက်ထုတ်လုပ်မှု လုပ်ပိုင်ခွင့်အတွက် ပြန်လည်ကြိုးပမ်းမှုမှာ အရင်လို ‌ဒေသခံ ‌တွေ ကို ‌ဒေသဖွံ့ဖြိုး‌ရေးမက်လုံး‌ပေးစည်းရုံးခြင်းမျိုး မလုပ်‌တော့ပဲ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အတည်ပြု ပြဌာန်း လိုက်တဲ့ ‌မြေလွတ်၊‌မြေလပ်နဲ့ ‌မြေရိုင်းအသုံးပြုခွင့် ဥပ‌ဒေနဲ့ တဖန်ကြိုးစားလာတာဖြစ်ပါတယ်။

ဦး‌ဇော်လင်းစိုးဆိုသူ လုပ်ငန်းရှင်က မိကရင်‌ကျေးရွာအုပ်စုမှာရှိတဲ့ ဧရိယာ (၁, ၄၁၀)ဧကနဲ့ (၁၈၉)ဧက ကျယ် ဝန်းသည့် ‌မြေလွတ်၊ ‌မြေရိုင်းဧရိယာ‌ပေါ်မှာ ထုံး‌ကျောက်စက်မှုတွင်းထွက် ကုန်ကြမ်းအကြီးစား ထုတ်လုပ်ခွင့် ကို ‌လျှောက်ထားခဲ့တာဖြစ်ပြီး ဒီအတွက် ကရင်ပြည်နယ် စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့်ဆည်‌မြောင်း ဝန်ကြီးဌာန၊ လယ်ယာ‌မြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာနက ဇူလိုင်(၅)ရက်‌နေ့က ကန့်ကွက်နိုင်‌ကြောင်းစာကို ပြန်လည်ထုတ်ပြန်ထားပါတယ်။

ဒီလိုထုတ်ပြန်မှုနဲ့ပတ်သက်ပြီး အကြီးစား စီမံကိန်းကို မလိုလားတဲ့ မိကရင်‌တောင်အနီးမှာရှိတဲ့ ‌ကျေးရွာ‌ပေါင်း (၅)ရွာနဲ့ ‌ကျောပြင်‌တောင် အနီးမှာရှိတဲ့ ‌ကျေးရွာ‌ပေါင်း (၁၁)ရွာတို့ ပူး‌ပေါင်းပြီး ‌ဒေသခံ (၄,ဝဝဝ)‌ထောင်‌ကျော် က‌တော့ စု‌ပေါင်းလက်မှတ်‌ကောက်ခံကာ ဩဂုတ်လ ၁ရက်‌နေ့မှာ ကန့်ကွက်စာတင်ခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်နယ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး၊ သစ်‌တောသတ္တုနဲ့ လမ်းပန်းဆက်သွယ် ‌ရေးဝန်ကြီး ဦး‌စောပြည်သာက‌တော့ “ဒီထုံး‌ကျောက်ရဲ့ အကြီးစားထုတ်လုပ်မှုကို ပြည်‌ထောင်စုက ကိုင်တာ။ ဒီ နှစ်မှာမှ အ‌သေးစားနဲ့ လက်လုပ်လက်စားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ကို လုပ်ကိုင်ခွင့်‌ပေးတယ်။ အကြီးစား က‌တော့ ပြည်‌ထောင်စု အစိုးရက‌တော့ သူ့သတ်မှတ်စည်းမျဉ်းစည်းကမ်းနဲ့ လိုအပ်တဲ့ အ‌ထောက်အထား‌တွေ ယူပြီးမှ သူတို့ ခွင့်ပြုထားတာပဲ။ ‌ဒေသခံက ကန့်ကွက်လို့ရှိရင်‌တော့ ‌ဒေသခံနဲ့ သူ(ဦး‌ဇော်လင်းစိုး) ‌ပြေလည် ‌အောင် ‌ဖြေရှင်းရမှာ‌ပေါ့။ ‌ပြေလည်‌အောင် မ‌ဖြေရှင်းဘူးဆိုရင် သူလုပ်လို့မရဘူး” လို့ အခုလိုရှင်းပြခဲ့ပါတယ်။

‌ဒေသခံ‌တွေ ကန့်ကွက်ရတဲ့ အဓိက အ‌ကြောင်းအရင်းကလည်း အကြီးစားထုတ်လုပ်မဲ့ ‌တောင်‌နေရာ‌တွေက သံလွင်မြစ်ကမ်းပါးနံ‌ဘေးမှာ တည်ရှိ‌နေတာ‌ကြောင့် စီမံကိန်း တကယ်ဖြစ်လာခဲ့ရင် သဘာဝ‌ဘေးအန္တရာယ် ထိခိုက်ပျက်စီးမှု‌တွေ ရှိလာနိုင်တာဖြစ်တဲ့အတွက် အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
“ ဒီ‌တောင်ကြီးကို ‌ကျောက်မိုင်း‌တွေ ဘာ‌တွေ ခွဲ‌တော့မယ် ဖြိုမယ်ဆိုရင် တုန်ခါမှုနဲ့ မြစ်ကမ်းပါး‌တွေ ပြိုမယ်။ ကျ ‌နော်တို့ ရွာ‌တွေ ‌ရေတိုက်စားမယ်။ ‌နောက်ပြီး‌တော့ အဲ့‌တောင်‌တွေမှာရှိတဲ့ သဘာဝအရင်းအမြစ်‌တွေဖြစ်တဲ့ ရှား ပါး ‌တောရိုင်းတိရိစာ္ဆန်‌တွေလည်း ရှိတယ်။ ‌ရေဝင်‌ရေလဲ ငါး‌တွေ ခို‌အောင်း‌ပေါက်ဖွားတဲ့ ငါးဂူ‌တွေလည်း ရှိတယ် ဒီ‌တောင်မှာ။ ဒါ‌ကြောင့်မို့ သဘာဝအရင်းအမြစ်‌တွေ ထိခိုက်မဲ့ အ‌ခြေအ‌နေရှိတဲ့အတွက် ကန့်ကွက်ခြင်း ဖြစ် တယ်။” လို့ မိကရင် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောဉာဏ်ဝင်းက ‌ပြောပြပါတယ်။

ဒါ့အပြင် ဒီ‌တော‌တောင်‌တွေအ‌နေနဲ့ သဘာဝ‌ဘေးအန္တရာယ်‌တွေကို ကာကွယ်‌ပေး‌နေသလို မိကရင်‌တောင်ရဲ့ အ‌နောက်ဘက်မှာရှိ ‌ဒေသခံ‌တွေက အစိုးရဆီက‌နေ တရားဝင်ထိန်းသိမ်းခွင့်ကို ရရှိထားတဲ့ ဧရိယာအကျယ် ဧက‌ပေါင်း ၆,၅ဝဝကျယ်ဝန်းတဲ့ ‌တော်လှအင်း(‌ဒေါ်လာအင်း)နဲ့လည်း ‌ဂေဟစနစ်အရ ဆက်စပ်မှုများစွာ ရှိ‌နေ သလို ဒီအင်းကို အမှီပြု၍လည်း ‌နေ့စဉ်စားဝတ်‌နေ‌ရေးကို ‌ဖြေရှင်း‌နေရသူ‌တွေလည်း ရှိ‌နေပါတယ်။
အရင် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်မဲ့ အစီအစဉ်‌တွေအရ စက်ရုံကို ‌ကျောက်မီး‌သွေးနဲ့ လည်ပတ်သွားမယ်လို့ ‌ပြောဆိုမှု‌တွေ ရှိခဲ့တာ‌ကြောင့် ‌ကျောက်မီး‌သွေးကို သံလွင်မြစ်က တစ်ဆင့်သယ်ယူမှု‌တွေ ပြုလုပ်ခဲ့ပါက သံ လွင်မြစ်‌ရေ ညစ်ညမ်းမှုနဲ့ တိမ်‌ကောမှုအပြင် ကမ်းနဖူး‌ရေတိုက်စားမှု‌တွေ ပိုမိုဖြစ်ထွန်းသွားမှာကိုလည်း ‌ဒေသခံ ‌တွေက စိုးရိမ်‌နေခဲ့ကြတာပါ။

ဒါ‌ပေမဲ့ အရင်ပုံစံနဲ့မတူတဲ့ လက်ရှိ လုပ်ငန်းရှင်ရဲ့ အစိုးရက ပြဌာန်းလိုက်တဲ့ လွတ်လပ်ရိုင်း ‌မြေယာဥပ‌ဒေကို အသုံးပြုပြီး ဥပ‌ဒေ‌ကြောင်းအရ တရားဝင်လမ်း‌ကြောင်းက‌နေ လုပ်ပိုင်ခွင့်ရရှိ‌အောင် ကြိုးပမ်းခြင်းဖြစ်‌သော် လည်း ‌ဒေသခံ‌တွေဘက်က‌တော့ သူတို့‌ဒေသမှာ ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းဆိုတာမရှိပဲ သူတို့ ဘိုးဘွား ‌ဘေဘီ လက်ထက်ကတည်းက ဓါးမဦးချလုပ်ကိုင်စား‌သောက်လာခဲ့တဲ့ ‌မြေ‌တွေနဲ့ ဓ‌လေ့ထုံးတမ်းအရ ထိန်း သိမ်းလာခဲ့တဲ့ အများပိုင်‌မြေ‌တွေသာရှိတယ်လို့ ဆိုကြပါတယ်။

ဒီအ‌ပေါ်မှာ သဘာဝ ပတ်ဝန်းကျင်အ‌ရေး တက်ကြွလှုပ်ရှား‌ဆောင်ရွက်‌နေသူ‌တွေက ‌ထောက်ခံသလို ဒီစီမံ ကိန်း‌တွေ တကယ်ဖြစ်လာခဲ့ရင် တကယ့်‌မြေပြင်အ‌နေအထားအရ လက်‌တွေ့မှာ ‌ဒေသခံ‌တွေအတွက် ဆိုးကျိုး‌တွေသာ ဖြစ်ထွန်းသွားနို်င်တယ်လို့ သုံးသပ်‌ဝေဖန်မှု‌တွေ ရှိပါတယ်။

ကရင်မြစ် ‌ချောင်းများ ‌စောင့်ကြည့်‌ရေးကွန်ယက်ရဲ့ တာဝန်ခံ ‌စောသာဘိုးက “ အဓိက ကျ‌နော်မြင်တာက ဒါ ဟာ ‌မြေလွတ်၊ ‌မြေလပ်၊ ‌မြေရိုင်းဥပ‌ဒေရဲ့ ‌နောက်ဆက်တွဲ ဆိုးကျိုးစတာလို့ မြင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ အဲ့မှာ‌လျှောက်တဲ့သူ‌တွေက ဧက ၁,၄၀ဝ ‌ကျော်တယ်။ လူတစ်‌ယောက် နာမည်နဲ့ ‌လျှောက်တယ်။ ဒါ‌ပေမဲ့ တ ကယ့်တကယ် ‌မြေပြင်အ‌နေအထားမှာ ကြည့်မယ်ဆိုရင် ရွာလည်းရှိတယ်။ အိမ်‌တွေလည်း ရှိတယ်။ ပြီး‌တော့ စိုက်ပျိုး‌မြေ‌တွေလည်းရှိတယ်။ အများဘုံ သုံးတဲ့‌မြေ‌တွေ ဒါ‌တွေအများကြီးရှိတယ်။ ဒါကို ဥပ‌ဒေ‌ကြောင်းအရ လူတစ်‌ယောက်က ဒီစီမံကိန်းတစ်ခုအတွက် ထုံး‌ကျောက် ထုတ်ယူနိုင်ဖို့အတွက်‌လျှောက်တယ်ဆိုတဲ့ အခါကျ ‌တော့ ဒါဥပ‌ဒေအရ‌တော့ တစ်ဖက်မှာသူက ဥပ‌ဒေအတိုင်း လိုက်နာတယ်လို့ မြင်ရ‌ပေမဲ့ ဒီဥပ‌ဒေ‌ကြောင့် တကယ့်လက်‌တွေ ‌မြေပြင်မှာရှိတဲ့သူ‌တွေ အများကြီး ဒုက္ခ‌ရောက် နိုင်တယ်။” လို့ သုံးသပ်‌ပြောဆိုပါတယ်။

စီမံကိန်း‌တွေကို မလိုလားတဲ့ ‌ဒေသခံ‌တွေအ‌နေနဲ့ သူတို့ မှီခိုအားထား‌နေရတဲ့ ဒီသဘာဝထုံး ‌ကျောက်‌တောင် ‌တွေနဲ့ပတ်သက်ပြီး အကြီးစားစီမံကိန်း‌တွေ ဖြစ်မလာ‌အောင် ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲ‌တွေပြုလုပ်ပြီး ဆန္ဒ ထုတ်‌ဖော်ကြသလို ပြည်နယ်အစိုးရကို တရားဝင်စာတင်ပြီး ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတာလည်း အခုတစ်ကြိမ် အပါအဝင် ‌လေးကြိမ်‌မြောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

ဒီအ‌ပေါ်မှာ ဝန်ကြီး ဦး‌စောပြည်သာက “ထုံး‌ကျောက်‌တောင် တူးတာ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးရဲ့အတည်ပြု ချက်ရယူရတယ်။ တူး‌ဖော်တဲ့‌နေရာမှာ စနစ်တကျလုပ်ရမှာ။ မလိုက်နာရင် အကုန်ပိတ်ခံထိမှာပဲ။ ပူစရာ‌တော့ မရှိဘူး။ ပစ်စလက်ခတ် လုပ်လို့မရဘူး။ အားလုံးပြီးရင် ပိတ်သိမ်းတဲ့ Plan (အစီအစဉ်) ရှိတယ်။ ဥပမာ‌ကြေးစင် ‌တောင်ဆို Mine closer plan ရှိတယ်။ အဲဒီ ‌ကြေးစင်‌တောင်ဆို Mine closer Plan ‌လေးငါး‌ခြောက်နှစ်လုပ်ရ မယ်။ တစ်ချို့က အင်းအိုင်ဖြစ်ရင် ငါးကန်လုပ်ရတယ်။ ဒါက ပြည်‌ထောင်စုနဲ့ညှိရတယ်။ ပတ်ဝန်းကျင် ထိန်း သိမ်း‌ရေး Expert (ကျွမ်းကျင်သူ)‌တွေက သူ့ Plan ကို လက်ခံမှ ဆက်လုပ်လို့ရတယ်”လို့ ဖြည့်စွက် ‌ပြောဆိုပါတယ်။

ဒါ့အပြင် ဒီလို တရားဝင်တင်ထားထားတဲ့အ‌ပေါ် ကန့်ကွက်မှု‌တွေ ပြုလုပ်‌ပေမဲ့လည်း အချို့‌သော တရားဝင် မတင်ဘဲ ခိုးလုပ်‌နေတာ‌တွေ ရှိတဲ့အတွက် ဖမ်းဆီးမှု‌တွေ ပြုလုပ်‌နေရသလို ဒီလိုလုပ်‌ဆောင်မှုမျိုး‌တွေက ပြည်နယ်အတွက် အများကြီးထိခိုက်နစ်နာ‌စေတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဆိုပါ တယ်။

“သဘာဝပျက်စီး‌အောင် မဖြစ်‌စေချင်ဘူး။ သဘာဝအတိုင်း ဘယ်‌လောက်လှတယ်ဆိုတာ နားလည်‌နေပါပြီ။ ဒါ ‌ပေမယ့် အန်တီတို့မဖွံ့ဖြိုးတဲ့အချိန်မှာ မဖွံ့ဖြိုးတဲ့‌နေရာ‌လေးမှာ‌တော့ သုံးသင့်သ‌လောက်‌တော့သုံးရမှာ‌ပေါ့။ အန် တီတို့ စာသင်‌ကျောင်း‌တွေ လုပ်ချင်တယ်။ ‌ဆေးရုံ‌တွေလုပ်ချင်တယ်။ အဲဒီအတွက်ဗြုန်းကနဲဆို ဘာမှမရှိ‌သေး ဘူး။ ‌ပေးသင့်သ‌လောက်‌တော့‌ပေးရမယ်။ ကရင်ပြည်နယ်မှာ ဖားကန့်တို့လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်‌အောင်‌တော့ ဘယ်‌တော့မှမလုပ်ဘူး။”လို့ ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က‌တော့ အာမခံ‌ပြောဆိုထားပါတယ်။

ဒါ‌ပေမဲ့ တစ်ဖက်မှာက မြန်မာနိုင်ငံရဲ့ တင်းကြပ်တဲ့ ‌မြေယာဥပ‌ဒေ၊သစ်‌တော ဥပ‌ဒေ‌တွေကလည်း ရှိ‌နေသလို နိုင်ငံ‌တော်ရဲ့ အမြင့်ဆုံးဥပ‌ဒေဖြစ်တဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေရဲ့ အခန်း(၁)ပါ နိုင်ငံ‌တော် အ‌ခြေခံမှုများဆိုသည့် အပိုဒ် (၃၇)အရ နိုင်ငံ‌တော်သည် နိုင်ငံ‌တော်ရှိ ‌မြေအားလုံး၊ ‌မြေ‌ပေါ်‌မြေ‌အောက်၊ ‌ရေ‌ပေါ်‌ရေ‌အောက်နှင့် ‌လေထု အတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်‌ကြောင်း ပြဌာန်းထားတာ‌ကြောင့် ဘယ်‌မြေယာသစ် ‌တော‌တွေကိုမဆို နိုင်ငံ‌တော်အကျိုးစီးပွား‌ခေါင်းစဉ်တပ်ပြီး သိမ်းယူနိုင်တဲ့ သ‌ဘောလို့ ယူဆထားကြပါတယ်။

ဒါ့အပြင် ပြည်‌ထောင်စု အစိုးရက ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်‌နေ့မှာ အတည်ပြုပြဌာန်းလိုက်တဲ့ ‌မြေလွတ်၊ ‌မြေလပ်နဲ့ ‌မြေရိုင်းစီမံခန့်ခွဲ‌ရေး ဥပ‌ဒေဆိုတာဟာလည်း ‌ဒေသခံ‌တွေရဲ့‌မြေယာအကျိုးစီးပွားကို အကာအကွယ်‌ပေးခြင်းမျိုး မဟုတ်ဘဲ တိုင်းရင်းသား‌ဒေသမှာရှိတဲ့ ‌မြေယာ‌တွေကို အတင်းအဓမ္မသိမ်းယူနိုင်တဲ့ ဥပ‌ဒေလို့‌တောင် ဥပ‌ဒေ ပညာရှင်‌တွေနဲ့ တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေအကြားမှာ ‌ဝေဖန်သမုတ်ခဲ့ကြပါ‌သေးတယ်။
အခုအချိန်ထိ မြန်မာနိုင်ငံမှာ ‌မြေယာပြဿနာဟာ နိုင်ငံရဲ့အကြီးမားဆုံး စိန်‌ခေါ်မှု ပြဿနာတရပ်ဖြစ်‌နေသလို လက်ရှိ NLD လို အရပ်သားအစိုးရလက်ထက်မှာ‌တောင် သိသာထင်ရှားတဲ့ ‌ဖြေရှင်း‌ပေးမှုမျိုးကို မမြင်‌တွေ့ရ ‌သေးဘဲ နိုင်ငံအဝှမ်း ‌မြေယာပြဿနာက ‌နေ့စဉ်နဲ့အမျှ ‌ပေါ်ထွက်လာလျက်ရှိ‌နေပါတယ်။

ဒါ‌ကြောင့် စီမံကိန်းကြီး‌တွေ မဖြစ်‌ပေါ်လာဖို့အတွက် ဆန္ဒ‌ဖော်ထုတ်မှု‌တွေ ဝိုင်းဝန်းကန့်ကွက်မှု‌တွေကြားက မိက ရင်‌ဒေသမှာ အားပြင်းပြင်း ‌ကျောက်မိုင်းခွဲသံ‌တွေ‌ပေါ်ထွက်လာမလားဆိုတာ အစိုးရရဲ့ သ‌ဘောထားအပြင် ပြဌာန်း သတ်မှတ်ထားတဲ့ ‌မြေလွတ်၊ ‌မြေလပ်နဲ့‌မြေရိုင်း စီမံခန့်ခွဲမှု ဥပ‌ဒေရဲ့ အကျိုးသက်‌ရောက်မှုအ‌ပေါ်မှာ မူ တည်‌နေလျက်ရှိပါတယ်။

ဒါ‌ပေမဲ့ မိကရင်သူ နန်းမြဝင်းက‌တော့ “‌တောင်ဖြိုရမှာတို့ ‌မြေတူးရမဲ့ ဖွံ့ဖြိုး‌ရေးကို‌တော့ အစ်မတို့ အမြင်နဲ့က ‌တော့ မလိုချင်ဘူး။ တခြားနည်းလမ်း ဖွံ့ဖြိုး‌ရေးလာရင်‌တော့ မ‌ပြောတတ်ဘူး‌လေ။ ဒီ‌တောင်တို့ ‌မြေတို့ ဖြိုမဲ့ ‌နေရာက‌တော့ အစ်မတို့ လိုကို မလိုလားတာ။ လုံးလုံးကို မလိုလားဘူး။” လို့ ပြတ်ပြတ်သားသား ငြင်းဆန်‌ပြောထားပါ‌တော့တယ်။