Home သတင်း ငြိမ်းချမ်း‌ရေး ‌ရှေ့ဆက်နိုင်ရန် တပ်မ‌တော်၏ သ‌ဘောထားများ ‌ပြောင်းလဲရန် လိုအပ်‌ကြောင်း IKO ‌ပြောဆို

ငြိမ်းချမ်း‌ရေး ‌ရှေ့ဆက်နိုင်ရန် တပ်မ‌တော်၏ သ‌ဘောထားများ ‌ပြောင်းလဲရန် လိုအပ်‌ကြောင်း IKO ‌ပြောဆို

3229

ဇူလိုင် ၂၂ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

လက်ရှိ‌ဖော်‌ဆောင်‌နေသည့် မြန်မာ့ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ရှေ့ဆက်နိုင်ရန် တပ်မ‌တော်၏ သ‌ဘောထားများ ‌ပြောင်းလဲရန် လိုအပ်‌ကြောင်း ဆွီဒင်နိုင်ငံ၊ Orebro မြို့တွင် ဇူလိုင်လ ၁၇ရက်မှ ၁၉ရက်‌နေ့အထိ ပြုလုပ်သည့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO၏ တတိယ အကြိမ်‌မြောက် ညီလာခံအပြီးတွင် ‌ကြေညာချက် ထုတ်ပြန်၍ ‌ပြောဆိုလိုက်သည်။

တပ်မ‌တော်အ‌နေဖြင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ‌ဆောင်ရွက်ရာတွင် ၎င်းတို့၏ တပ်မ‌တော်မူ ၆ ချက်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေတို့ဖြင့် ထိန်းချုပ်ထားသဖြင့် တိုင်းရင်းသားများလိုလားသည့် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အ‌ခြေခံ‌သော ဖက်ဒရယ်ပြည်‌ထောင်စုုကို ဦးတည်‌ရောက်ရှိနိုင်မည် မဟုတ်‌ကြောင်း IKO ၏ ‌ပြောခွင့်ရ မန်းစန်းလွင်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ မြင်ချင်တာက တစ်ဖက်နဲ့တစ်ဖက်က ငြိမ်းချမ်း‌ရေး လိုချင်တဲ့ စိတ်ရင်း‌စေတနာရှိဖို့ လိုတာ ‌ပေါ့။ အဲ့ဒီအ‌ခြေခံက‌နေသွားမယ်ဆိုရင် ကျ‌နော်တို့ ‌ပြော‌နေတဲ့ တပ်မ‌တော် မူ (၆)ချက်နဲ့ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ ‌ဒေ တို့ကို ပြုပြင်‌ပြောင်းလဲဖို့လိုတာ‌ပေါ့။ အဲ့ဒီက‌နေပြီး အ‌လျှော့အတင်းမလုပ်ပဲနဲ့ တစ်ဖက်သတ်ဒရွတ်တိုက် ဆွဲ သွားမယ်ဆိုရင်‌တော့ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်က ဘယ်မှ ခရီးမ‌ပေါက်ဘဲ ‌နောက်ဆုံး ဒီလိုပဲ အဆုံးသတ်သွားနိုင် တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစ၍ လက်ရှိ ‌ဖော်‌ဆောင်‌နေဆဲ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်၌ နှစ်ဦး နှစ်ဖက်အကြား NCA ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုများ ကွဲလွဲခြင်း‌ကြောင့် တစ်ဆို့မှုများဖြစ်‌ပေါ်ကာ တရားဝင် ‌ဆွေး‌နွေးပွဲရပ်တန့်‌နေခဲ့သည်မှာ ယခုတိုင်ဖြစ်ပြီး အလွတ်သ‌ဘော‌တွေ့ဆုံမှုများဖြင့် ငြိမ်းချမ်း‌ရေးကို ဆက် လက်‌ဖော်‌ဆောင်နိုင်မည့် နည်းလမ်းများကို ရှာ‌ဖွေ‌နေသည့်အ‌ခြေအ‌နေတွင် ရှိ‌နေသည်။

တပ်မ‌တော်မှ ‌မြောက်ပိုင်း‌ဒေသရှိ စစ်တိုင်း (၅)တိုင်းကို ထိုးစစ်ဆင်မှုများ လအကန့်အသတ်ဖြင့် တိုး၍ရပ်စဲ ထား‌သော်လည်း ရက္ခိုင့်တပ်မ‌တော် (AA) အား အပြင်းအထန် ‌ချေမှုန်းစစ် ပြုလုပ်‌နေခြင်းသည် ယခင်တပ် မ ‌တော်၏ ကျင့်သုံးလုပ်‌ဆောင်‌နေကျ တစ်ဖက်စစ်ရှိန်‌လျှော့ကာ ကျန်တစ်ဖက်ကို စစ်ရှိန်တိုးမြှင့်သည့်ပုံစံသာ ဖြစ်ပြီး တပ်မ‌တော်အ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် နိုင်ငံ‌ရေးနည်းလမ်းအရ ‌ဖြေရှင်းလိုသည့် ဆန္ဒမရှိ‌ကြောင်း ညီလာခံအပြီး ထုတ်ပြန်သည့် IKO၏ သ‌ဘောထားထုတ်ပြန်ချက်၌ ဆိုသည်။

အလားတူ ယခုလ ၁၆ရက်‌နေ့က အ‌မေရိကန်အစိုးရ၏ နိုင်ငံခြား‌ရေးဌာနမှ ဗိုလ်ချုပ်မှူးကြီး မင်း‌အောင်လှိုင်အပါ အဝင် မြန်မာတပ်မ‌တော်၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင် (၄)ဦးအ‌ပေါ် ဒဏ်ခတ်ပိတ်ဆို့ အ‌ရေးယူလိုက်သည့်အ‌ပေါ် ကြိုဆို ‌ထောက်ခံ‌ကြောင်းနှင့် အခြား‌သော နိုင်ငံများအ‌နေဖြင့်လည်း အ‌မေရိကန် အစိုးရနည်းတူ တပ်မ‌တော် ‌ခေါင်း‌ဆောင်များအ‌ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ရန်လည်း IKOက တိုက်တွန်း‌ပြောဆိုထားသည်။

သုံးရက်တာ ပြုလုပ်သည့် IKO၏ တတိယအကြိမ်‌မြောက် ညီလာခံသို့ နိုင်ငံ‌ပေါင်း (၁၃)နိုင်ငံမှ ကိုယ်စားလှယ် (၇၀) ဦးပါဝင်တက်‌ရောက်ခဲ့ပြီး လက်ရှိငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များ၊ အစိုးရနှင့် ‌ကေအဲန်ယူ၏ ‌မြေယာ မူဝါဒ များကို နှိုင်းယှဉ်သုံးသပ်ခြင်း၊ ကရင်ပြည်နယ်အတွင်းဖြစ်ပွားသည့် ‌မြေယာပြဿနာများကို သုံးသပ်ခြင်း၊ ပြည် တွင်း၊ ပြည်ပကရင်အဖွဲ့အစည်းများ ပိုမိုပူး‌ပေါင်း‌ဆောင်ရွက်နိုင်‌ရေးနှင့် ကရင့်အ‌ရေးကို နိုင်ငံတကာမှ ပိုမို သိရှိနားလည် စာနာမှုရရှိနိုင်‌ရေး လုပ်‌ဆောင်သွားရန် ‌ဆွေး‌နွေးဆုံးဖြတ်မှုများပြုလုပ်ခဲ့သည်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်း -IKOကို အာရှ-ပစိဖိတ်၊ ဥ‌ရောပ၊ ‌မြောက်အ‌မေရိက စသည့်နိုင်ငံ‌ပေါင်း ၃ဝ ‌ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။