Home တွေ့ဆုံမေးမြန်းခန်း မွန်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးနှင့် ‌တွေ့ဆုံခြင်း

မွန်တိုင်းရင်းသား‌ရေးရာ ဝန်ကြီးနှင့် ‌တွေ့ဆုံခြင်း

3196

“တို့ တိုင်းရင်းသား‌တွေဟာ ဗမာကလွဲရင် ဒုတိယလူတန်းစားလိုလိုဖြစ်‌နေတာဆိုတဲ့ စိတ်ကို ‌ဖျောက်ရမယ်။”

ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားအ‌ရေးအရာကိစ္စများကို လုပ်‌ဆောင်နိုင်ရန်အတွက် မွန်၊ ပအိုဝ်း၊ ဗမာ စ သည့် တိုင်းရင်းသား‌ရေးရာဝန်ကြီး ၃ ဦးခန့်အပ်တာဝန်‌ပေးထားလျက်ရှိသည်။ ထိုအနက်မှ မွန်တိုင်းရင်းသား ‌ရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းအား ၎င်းတာဝန် ယူ‌နေစဉ်ကာလအတွင်း လုပ်‌ဆောင်ခဲ့၊ လုပ်‌ဆောင်‌နေဆဲ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ‌ကေအိုင်စီမှ သီးသန့် ‌တွေ့ဆုံ‌မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
————————————–

‌ကေအိုင်စီ။ ။ ကရင်ပြည်နယ်ထဲက မွန်တိုင်းရင်းသား အ‌ရေးအရာ‌တွေအတွက် လုပ်‌ဆောင်‌ပေးမှု အ‌ခြေအ‌နေများကို သိပါရ‌စေ။

ဝန်ကြီး။ ။ မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီးအ‌နေနဲ့ မွန်စာ‌ပေ၊ ယဉ်‌ကျေးမှုကို လုပ်ပါတယ်။ ဟိုးအရင်က ဖားအံမြို့နယ်၊ မွန်စာ‌ပေနဲ့ ယဉ်‌ကျေးမှုအသင်းဆိုပြီး‌တော့ ရှိရာက‌နေ ဒီအစိုးရတာဝန်ယူပြီး ၃ နှစ်တာ ကာလအ တွင်း ကရင်ပြည်နယ်၊ မွန်စာ‌ပေနဲ့ ယဉ်‌ကျေးမှုအသင်းဆိုပြီး‌တော့ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့တယ်။ ဖားအံ၊ ကြာအင်းဆိပ် ကြီး၊ ‌ကော့ကရိတ်မြို့နယ်တို့ပါတယ်။ အဲမှာ ပြည်နယ် အလုပ်အမှုအ‌ဆောင်အဖွဲ့နဲ့ မြို့နယ်အလုပ်အမှု‌ဆောင်အဖွဲ့ ‌တွေပါ ဆက်ပြီးဖွဲ့ထားတယ်။ အသင်းက‌နေပြီး ‌နွေရာသီ အ‌ခြေခံနဲ့ အဆင့်မြင့်စာ‌ပေသင်တန်း‌တွေ ဖွင့်‌ပေး တယ်။ အဆင့်မြင့် စာ‌ပေသင်တန်းမှာဆိုရင် မွန်သံဃာ‌တော်‌တွေ ကိုယ်တိုင် စာလည်းသင်‌ပေး၊ ထမင်းလည်း ‌ကျွေးပြီး ကူညီ‌နေတဲ့အတွက် အဘတို့က သံဃာ‌တော်‌တွေကို ၁ဝ သိန်းကန်‌တော့တာလည်း ရှိပါတယ်။
‌နောက်တစ်ခုက ‌ကျောင်းချိန်အတွင်း မွန်စာသင်‌ပေး‌နေတဲ့ ဆရာမ‌တွေအတွက် မွမ်းမံသင်တန်း‌တွေ နှစ်တိုင်း ပြန်လုပ်‌ပေးတယ်။ ဒီလာမယ့် ၂၀၁၉-၂၀၂ဝ ပညာသင်နှစ်မှာ မွန် KG, Grade 1,2,3 အစရှိတဲ့ ပုံနှိပ်စာအုပ်‌တွေကို က‌လေး‌တွေလက်ထဲအ‌ရောက် အခမဲ့ဖြန့်‌ပေးဖို့ စီစဉ်‌နေတယ်။
‌နောက် ‌ဒေသဖွံ့ဖြိုး‌ရေး၊ ကရင်ပြည်နယ်ထဲက မွန်လူထု‌တွေရှိတဲ့‌နေရာ‌တွေကို ကိုယ်တိုင်သွား‌ရောက် ကွင်းဆင်းတယ်။ ဥပမာအားဖြင့် လမ်းပျက်‌နေတယ်။ ဖုန်းတာဝါတိုင်လိုတယ် စသဖြင့် မွန်လူထုက‌ပြောတဲ့ ဟာကို ‌သေချာမှတ်သား၊ ပြန်‌ရောက်လာရင် သက်ဆိုင်ရာဝန်ကြီး‌တွေကို ပြန်တင်ပြတယ်။ ဘယ်‌ဒေသမှာလို အပ်ချက် ရှိ‌နေလဲဆိုတာ ပြန်တင်ပြ‌တော့ ဝန်ကြီး‌တွေ အစိုးရအဖွဲ့‌တွေကလည်း ဝမ်းသာအားရ လက်ခံတယ်။ မွန်ကလည်း မွန်‌ဒေသအ‌ကြောင်း‌ပြော၊ ကရင်ကလည်း ကရင်‌ဒေသအ‌ကြောင်း‌ပြော နိုင်သ‌လောက် လုပ်သွားရင် ကရင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်သွားမယ်။
‌နောက် ပြည်နယ်အဆင့် မွန်အမျိုးသား‌နေ့‌တွေလုပ်‌ပေးတယ်။ မွန်‌နေ့ထူး‌နေ့မြတ်‌တွေမှာ ကျန်တဲ့ တိုင်းရင်းသား‌တွေသွား၊ အခြားတိုင်းရင်းသား‌နေ့‌တွေမှာလည်း ဒီက မွန်‌တွေသွား၊ အဲလိုဆို တိုင်းရင်းသားအချင်း ချင်းဟာ ‌ပေါင်း‌ပေါင်းသင်းသင်း ဆက်ဆက်ဆံဆံရှိလာ‌တော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပိုရလာ‌တော့ ‌ပေါ့။ ‌နောက်တစ်ခုက လူမျိုးတဖက်စွန်း‌ရောက်မှုကို ထိန်း‌ပေးတယ်။

‌ကေအိုင်စီ ။ ။ ဒီလိုအ‌ရေးအရာကိစ္စရပ်‌တွေကို လုပ်‌ဆောင်တဲ့အခါမှာ အခက်အခဲ စိန်‌ခေါ်မှု‌တွေက ဘယ်လိုရှိ‌နေလဲ။

ဝန်ကြီး။ ။ ဒါ‌တွေအ‌ပေါ် စိန်‌ခေါ်မှုကဘာလဲဆို‌တော့ ကိုယ်လုပ်ချင်တဲ့အတိုင်းအတာအားလုံးကို လုပ်ဖို့ ဘတ်ဂျက်က မလုံ‌လောက်ဘူးလို့ ‌ပြောလို့ရတယ်။ နိုင်ငံ‌တော်ကလည်း ဘတ်ဂျက်ထဲကမှ အားလုံးကို မျှပြီး‌ပေး ‌နေရတဲ့အတွက် မလုံ‌လောက်ဘူး ဆိုတာက မ‌ပြောသင့်တဲ့စကားပါပဲ။ နိုင်ငံ‌တော်ကလည်း ချမ်းသာတာမဟုတ် ဘူး။ ဒါ‌ကြောင့် တင်ပြတတ်ရင် တင်ပြတတ်သလို ရသွားတယ်ဆိုတဲ့ အတွက်‌ကြောင့် ‌ကျေနပ်ဖို့‌တော့‌ကောင်းပါ တယ်။ ကိုယ့်လူမျိုးအ‌ရေး ကိုယ်အဲဒီ‌လောက်လုပ်‌ပေးတာ နိုင်ငံ‌တော်က အသိအမှတ်ပြုတယ်။ ပံ့ပိုးတယ်ဆို‌တော့ ‌ကျေနပ်ပါတယ်။ အား‌တော့ မရ‌သေးဘူး‌ပေါ့။
‌နောက်တစ်ခုက မွန်စာကလည်း နှစ်‌ပေါင်းများစွာ ဗမာစာရဲ့လွှမ်းမိုးမှုကို ခံရတဲ့အခါကျ‌တော့ ‌ဝေါဟာရတစ်ချို့ က မွန်အထဲမှာ မရှိ‌တော့ဘူး။ အဲ‌တော့ ‌ဝေါဟာရကို ‌မွေးစားမလား။ ဒါမှမဟုတ် ကိုယ့်ဘာသာနဲ့ ကိုယ်ဆွဲပြီး ယူမလား ဆိုတဲ့ အခက်အခဲရှိ‌နေတယ်။ ဒါ‌ကြောင့် ရည်မှန်းထားတာက မွန်‌ဝေါဟာရ အဘိဓာန်လုပ်ချင်တယ်။ ခု မွန်ပညာရှင်‌တွေနဲ့ ကြိုးစား‌နေတယ်။
အဘ မွန် စာယဉ်ဥက္ကဌတို့၊ အတွင်း‌ရေးမှူးတို့ နှစ်‌ပေါင်းများစွာ တာဝန်ယူခဲ့တဲ့ အရင်တုန်းက‌တော့ ‌နှောင့်ယှက် ဟန့်တားမှု‌တွေရှိခဲ့တယ်။ မွန်စာယဉ်အသင်းဖွဲ့ဖို့၊ မှတ်ပုံတင်ဖို့သွားတာ‌တောင် သက်ဆိုင်ရာ ‌ထောက်လှမ်း‌ရေး အဖွဲ့‌တွေက တရားခံတစ်‌ယောက်‌မေးသလို ‌ခေါ်‌မေးတယ်။ အခုက‌တော့ ဒါ‌တွေမရှိ‌တော့ဘူး။ မွန်‌ရေး၊ မွန်ရာ ကိစ္စ‌တွေမှာ အဘဝန်ကြီးတာဝန်ယူစက‌နေ ဒီက‌နေ့အထိ အစိုးရဘက်က ဟန့်တား၊ ‌နှောင့်ယှက် တာ‌တွေ မရှိတဲ့အတွက် ဆံဆက်‌ရေး ‌ချော‌မွေ့တယ်လို့ ‌ပြောလို့ရတယ်။

‌ကေအိုင်စီ။ ။ မွန်လူထု‌တွေက မွန်တိုင်းသား‌ရေးရာ ဝန်ကြီးအ‌ပေါ် အားရ‌ကျေနပ်အားရမှုနဲ့ သူတို့ရဲ့ပူး ‌ပေါင်းပါဝင် မှုက ဘယ်‌လောက်ရှိပါသလဲ။

ဝန်ကြီး ။ ။ သူတို့ရဲ့ လိုအင်၊ လိုအပ်ချက်အားလုံးကို‌တော့ ဖြည့်မ‌ပေးနိုင်‌သေးဘူး။ အဓိကက‌တော့ ဘတ်ဂျက် ‌ကြောင့်‌ပေါ့။ ဥပမာ- ကျုံဖဲရွာက ငါးမိုင်‌လောက်ရှိတဲ့လမ်းကို ‌ဖောက်ချင်လို့ ဘတ်ဂျက်တင်‌တောင်း ‌ပေးတယ်။ အဲဒီထက် အ‌ရေးကြီးတဲ့လမ်းအတွက်ပဲ ဘတ်ဂျက် ကျလာ‌တော့ ကျုံဖဲ‌ဒေသက မွန်လူထု‌တွေက မကြိုက်ဘူး ‌ပေါ့။ တို့အတွက်‌တော့ မလုပ်‌ပေးဘူးလို့ သူတို့ထင်ကြတယ်။ အမှန်‌တော့ ကရင်အစိုးရအဖွဲ့ဟာ ကရင်လူမျိုးတစ် ခုတည်းအတွက် လုပ်‌ပေး‌နေရတာမဟုတ်ပါဘူး။ ပြည်နယ်ထဲမှာ ရှိတဲ့လူမျိုးအတွက် အားလုံးကို သူလုပ်‌ပေးတယ်။ မျက်နှာလိုက်တယ်ဆိုတာ ဒီအဖွဲ့မှာ မရှိပါဘူး။
‌ကေအိုင်စီ။ ။ လတ်တ‌လော ကရင်ပြည်နယ်မှာ ‌နေထိုင်ကြတဲ့ မွန်လူထု‌တွေရဲ့ အကြီးမားဆုံး ကြုံ‌တွေ့‌နေရတဲ့ အခက်အခဲပြဿနာက ဘာလဲ။
ဝန်ကြီး။ ။ မွန်သာမက ကရင်ပြည်နယ်မှာရှိတဲ့ လူမျိုးအားလုံးရဲ့ အဓိကအများဆုံး ပြဿနာက ‌မြေယာကိစ္စပဲ။ ဟိုးအရင်ကတည်းက ဖြစ်ခဲ့တဲ့ ‌မြေယာမှုခင်းကို‌တော့ လက်ရှိအချိန်မှာ ၄၅ ရာခုိုင်နှုန်း‌လောက်ပဲ ‌ဖြေရှင်း‌ပေးနိုင် ‌သေးတယ်။ ပြည်နယ်မှာလည်း လျှပ်စစ်က အ‌ရေးကြီး‌တော့ ‌ကျောက်မီး‌သွေးနဲ့ ကြိုးစားကြည့်‌ပေမယ့် မဖြစ်လာခဲ့ဘူး။ ဒါ‌ကြောင့် မဟာ ဓာတ်အားလိုင်းနဲ့ အခုကြိုးစား‌နေတာ မြဝတီကို‌တော့‌ရောက်‌နေပြီ။ လွှတ်မ‌ပေး‌သေးတာတစ်ခုပဲရှိတယ်။

‌ကေအိုင်စီ။ ။ ကရင်ပြည်နယ်ရဲ့ ဘယ်‌နေရာ‌တွေမှာ မွန်တိုင်းရင်းသား‌တွေ ‌နေထိုင်ကြပါသလဲ။

ဝန်ကြီး ။ ။ ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်မြို့နယ်မှာ ‌နေထိုင်တယ်။ မြဝတီနဲ့ လှိုင်းဘွဲမြို့နယ်မှာက မွန်တစ်ရွာ၊ နှစ်ရွာ‌လောက်ပဲရှိ‌တော့ အနည်းစု‌ပေါ့။ ကရင်ပြည်နယ် ၇ မြို့နယ်ရှိတဲ့အထဲ ၅ မြို့နယ်မှာ မွန်‌တွေ‌နေထိုင်ပါတယ်။
‌ကေအိုင်စီ။ ။ အခု မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီးအပြင် အခြားဘယ်လို တာဝန်‌တွေ ယူထားတာရှိပါသလဲ။
ဝန်ကြီး။ ။ အစိုးရ ဝန်ကြီးနည်းပြီး သူတို့‌တွေရဲ့တာဝန်များအတဲ့အတွက် အဘတို့ တိုင်းရင်းသား‌ရေးရာ ဝန်ကြီး‌တွေက လည်း တာဝန်ဝိုင်းယူ‌ပေးကြတာ‌တွေရှိပါတယ်။ အခြားဆိုရင် သာသနာ‌ရေး၊ ‌ရှေး‌ဟောင်း သု‌တေသနနဲ့ပြတိုက် တာဝန်ကို အဘယူထား‌ပေးပါတယ်။

‌ကေအိုင်စီ။ ။ ‌နောက်ဆုံးအ‌နေနဲ့ လူငယ်‌တွေအတွက် ဘယ်လို သတင်းစကား‌ပြောချင်လဲ။

ဝန်ကြီး။ ။ တိုင်းရင်းသား‌ရေးရာဝန်ကြီး‌တွေဖွဲ့ပြီး လုပ်‌ပေးခဲ့တာ အရင်တုန်းက များများစားစားမရှိဘူး။ တစ်ချို့မွန်က ကိုယ့်ကိုယ်ကို မွန်လို့ ခံယူမရဲတာ၊ ကရင်က ကရင်လို့ မ‌ပြောချင်တာ‌တွေ ရှိတယ်။ “ကိုယ့်အမျိုး သည် ဒုတိယတန်းစားအမျိုး↔အဲဒီလိုထင်‌အောင် ဖြန့်ဖြူးထားမှု တစုံတရာရှိတယ်။ ဥပမာ-ပွဲထဲမှာ၊ ရုပ်ရှင်ထဲမှာ ပြက်လုံး‌တွေလုပ်ရင် ဗမာစကား‌ပြောလို့ မှားသွားတာကို ပြက်လုံးမလုပ်ဘူး။ ကရင်လို‌ပြော လို့မှားတာကို ဝိုင်းရယ်၊ မွန်လို‌ပြောလို့ မှားတာကို ဝိုင်းရယ်၊ မွန်သံဝဲရင်ဝိုင်းရယ်၊ တို့က ရယ်စရာ လူမျိုး‌တွေ လား။ မွန်ဖြစ်ရင် မွန်သံဝဲမှာ‌ပေါ့။ ကရင်ဖြစ်ရင် ကရင်သံဝဲမှာ‌ပေါ့။ အဲ‌တော့ တို့သည် အရယ်ခံရတဲ့ လူတန်းစား လား။ ဒုတိယအ ဆင့် နိုင်ငံသားလား။ ကရင်ဖြစ်လို့ နှိမ့်ကျသွားတာမဟုတ်ဘူး။ ဗမာဖြစ်မှ မြင့်မြတ်တာ မဟုတ်ဘူး။ အဘတို့ တိုင်းရင်းသား‌ရေးရာရှိ‌နေတဲ့အခါ တို့တိုင်းရင်းသားအားလုံးဟာ တန်းတူပဲ။ ဒီလို‌ပြော‌နေတဲ့ အချိန်မှာ ဗမာစာက တစ်တိုင်းပြည်လုံးကို လွှမ်းခြုံမိ‌နေပြီ။ အဲ‌တော့ တို့စာကိုတို့ရှာ၊ တတ်‌အောင်သင်ထား၊ တို့လူမျိုးကို တို့ချစ်သလို အခြားတစ်ဖက်မှာ တခြားလူမျိုးလည်း မမုန်းနဲ့။ က‌လေး‌တွေကို အဲဒီ စိတ်‌လေးသွင်း‌ပေးရမယ်။
တို့ တိုင်းရင်းသား‌တွေဟာ ဗမာကလွဲရင် ဒုတိယလူတန်းစားလိုလိုဖြစ်‌နေတာဆိုတဲ့ စိတ်ကို ‌ဖျောက်ရမယ်။ အဘတို့လည်း တတ်နိုင်သ‌လောက် သတင်းစကား‌တွေ ဖြန့်‌ပေး‌နေပါတယ်။ မြန်မာနိုင်ငံမှာ‌နေ‌နေတဲ့ လူမျိုးအားလုံးဟာ ဗမာချည်းပဲ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဂိုဏ်းဂဏဆိုတဲ့ လူမျိုးစွဲ၊ ဘာသာစွဲ၊ အုပ်စုစွဲပြီး‌တော့ ပဋိပက္ခဖြစ်တဲ့နွံထဲမှာ နစ်‌နေတာကြာပြီ။ ဒီက‌နေ့အထိကို မ‌ကောင်း‌သေး‌တော့ လူငယ်‌တွေဟာ ကိုယ့်လူမျိုးရဲ့ ထူးခြားတဲ့ ဝိ‌သေသလက္ခဏာကိုလည်း ထိန်းသိမ်း၊ တစ်တိုင်းတစ်ပြည်လုံး ‌ကောင်းမယ့် အ‌ခြေအ‌နေကို ပူး‌ပေါင်းလုပ်ကိုင်၊ အခြားတိုင်းရင်းသား‌တွေနဲ့လည်း လက်ချင်းတွဲပြီး‌တော့ မြန်မာပြည်တိုးတက်‌အောင် လုပ်‌ပေးပါလို့ ‌ပြောချင်ပါတယ်။