Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပိုမိုပါဝင်နိုင်‌ရေး မိမိစွမ်းရည်မြှင့်တင်ရန် ကရင်အမျိုးသမီးထုအား KNU အမျိုးသမီး‌ခေါင်း‌ဆောင် တိုက်တွန်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပိုမိုပါဝင်နိုင်‌ရေး မိမိစွမ်းရည်မြှင့်တင်ရန် ကရင်အမျိုးသမီးထုအား KNU အမျိုးသမီး‌ခေါင်း‌ဆောင် တိုက်တွန်း

2964

ဧပြီ ၅ ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ငြိမ်းချမ်း‌ရေး ဖြစ်စဉ်၏ အ‌ရေးကြီးသည့် အခန်းကဏ္ဍများတွင် ကရင်အမျိုးသမီးထုများ ပိုမိုပါဝင်လာရန် မိမိစွမ်း ရည်ကို မြှင့်တင်ထားရန်လိုအပ်‌ကြောင်း ယ‌နေ့ (ဧပြီလ ၅ရက်) ကျ‌ရောက်သည့် ကရင်အမျိုး သမီးအစည်း အရုံး-KWO၏ ဖွဲ့စည်းတည်‌ထောင်ခြင်း ၃၄ နှစ်‌မြောက်‌နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ် အမှု‌ဆောင်‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌နော်ဒါးဒါးက တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသမီးထုများအ‌နေဖြင့် ငြိမ်းချမ်း‌ရေးနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးဖြစ်စဉ်များတွင် ပါဝင်ခွင့်အတိုင်းအတာ တစ်ခုအထိ ရရှိထား‌သော်လည်း အဓိကကျသည့် အခန်းကဏ္ဍများတွင် ယခုထက် ပိုမိုပါဝင်နိုင်ရန် လိုအပ် ‌ကြောင်း ပိုင်ကျုံမြို့နယ်၊ ‌နော်ဒဲ‌ကျေးရွာတွင် ပြုလုပ်ကျင်းပသည့် KWO ‌နေ့ အခမ်းအနားတွင် ပဒို‌နော်ဒါးဒါးက ယခုလို တိုက်တွန်းလိုက်သည်။

“ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ‌တွေ၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ အမျိုးသမီးထု‌တွေ ပါဝင်‌အောင် NCA (Nationwide Ceasefire Agreement )ထဲမှာ ပါတယ်။ အမျိုးသမီး ၃ဝ ရာခိုင်နှုန်းပါဝင်ရမယ်လို့ ပါတယ်။ ဒါ‌ပေမဲ့ ကျမတို့ အ မျိုးသမီးထု‌တွေ ပါချင်တယ်၊ ပါလည်းပါသင့်တယ်။ ဒါ‌ပေမဲ့ ကိုယ့်မှာ အရည်အချင်းမရှိရင် ပါဝင်လို့ ဖြစ်မလား။ မဖြစ်ဘူး‌နော်။ ဒီအချိန်အခါမှာ ကျမတို့ အမျိုးသမီး‌တွေမှ မပါဝင်ဘူးဆိုရင် ကျမတို့သမိုင်းလှမှာ မဟုတ်ဘူး။ ဒါ ‌ကြောင့်မို့ ကျမတို့ အရည်အချင်းရှိ‌အောင် လုပ်ရမယ်” ဟု KWO ဒုဥက္ကဌ‌ဟောင်းလည်းဖြစ်သူ ပဒို ‌နော်ဒါးဒါးက တိုက်တွန်း‌ပြောဆိုသည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ၏ အဓိကကျသည့် ‌ဆွေး‌နွေးပွဲအခန်းကဏ္ဍများတွင် ယခင် ‌ကေ အဲန်ယူ ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစီ၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP၏ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင် မှု‌ကော်မတီ၏ ဒုတိယ‌ခေါင်း‌ဆောင် ‌ဒေါ်‌စောမြရာဇာလင်းနှင့် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA-PC)မှ ‌ဒေါက်တာ‌နော်က‌ပေါ်ထူး စသည့် အမျိုးသမီးများသာပါဝင်ခဲ့ပြီး အမျိုးသမီးပါဝင်မှုမှာ အားနည်း‌နေ‌သေးသည်ဟု ‌ထောက်ပြမှုများရှိသည်။

လက်ရှိ သွား‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌နေဖြင့်လည်း၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တစ်ဆို့မှုများ ‌ကြောင့် တရားဝင်‌ဆွေး‌နွေး မှုများရပ်စဲထားခဲ့ပြီး အလွတ်သ‌ဘော‌ဆွေး‌နွေးမှုများဖြင့် ‌တွေ့ဆုံ ‌ဆွေး‌နွေးကြရာမှ ယခုနှစ်မတ်လ ၅ရက်နှင့် ၆ရက်မှ စ၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ ငြိမ်းချမ်း‌ရေး လုုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPST ‌ဆွေး‌နွေးပွဲကို ပြန်လည်စတင်လာခဲ့သည်။

အလားတူ ငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် အဓိက ဦး‌ဆောင်မှုတွင် ပါဝင်‌နေသည့် ‌ကေအဲန်ယူအ‌နေဖြင့်လည်း အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန -NRPC နှင့် တပ်မ‌တော်က ဖွဲ့စည်းထား‌သော ဗိုလ်ချုပ်ကြီး ရာပြည့် ဦး‌ဆောင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးအဖွဲ့တို့ကို ‌တွေ့ဆုုံနိုုင်ရန် အစိုးရ၏ ငြိမ်းချမ်း‌ရေး ‌ကော်မရှင် -PCနှင့် မတ်လ ၈ ရက်‌နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အလွတ်သ‌ဘော‌တွေ့ဆုံညှိနှိုင်း မှုများလည်း ပြုလုပ်ခဲ့သည်။

ယ‌နေ့ ကျင်းပသည့် အခမ်းအနားတွင် KNU ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင် ပဒို‌နော်ဒါးဒါး အပါအဝင် KWO ဥက္ကဌ ပဒို‌နော်‌ဖော‌ဒေးတိုး၊ ဒုဥက္ကဌ ‌နော်အဲလစ်နှင့် ဗဟို‌ကော်မတီဝင်များ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB ၊ ခရိုင်နှင့် မြို့နယ်အဆင့် KWO အဖွဲ့ဝင်များနှင့် ‌ဒေသခံများအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၇၀ဝ ‌ကျော် တက်‌ရောက်ခဲ့ကြရာ သက်ဆိုင်ရာ အမျိုးသမီးအစည်းအရုံး၏ ‌ခေါင်း‌ဆောင်များမှ အဖွင့်အမှာ စကား၊ တိုက်တွန်းအား‌ပေးစကား၊ အမျိုးသမီးအဖွဲ့အစည်းများမှ ‌ပေးပို့လားသည့် သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။

၎င်းအပြင် ကရင်အမျိုးသမီးအစည်းအရုံးတွင် နှစ်‌ပေါင်း ၁ဝနှစ်မှ ၂၅နှစ်တိုင် ပါဝင်လုပ်‌ဆောင်ခဲ့သူ (၇၀)ဦးကို ဂုဏ်ပြုဆုများနှင့် ယခုနှစ် ၂၀၁၉ခုနှစ်အတွက် ကရင်အမျိုးသမီးထူးချွန်ဆုအား နိုင်ငံ‌ရေး တက်ကြွလှုပ်ရှားသူ ‌နော်အုန်းလှနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲတို့ နှစ်ဦးကို အသီးသီး‌ပေးအပ်ခဲ့ကြသည်။

ကရင်အမျိုးသမီးအစည်းအရုံး-KWO‌နေ့ အခမ်းအနားကို KNU ခရိုင် ၇ ခုနှင့် မြို့နယ်များ၊ ဒုက္ခသည်စ ခန်းများတွင် အသီးသီး ကျင်းပခဲ့ပြီး လက်ရှိအချိန်အထိ အခိုင်အမာလှုပ်ရှားရပ်တည်‌နေသည့် ကရင်အမျိုး သမီးအစည်းအရုံးကို ၁၉၄၉ ခုနှစ်တွင် ‌ကော်သူး‌လေ ကရင်အမျိုးသမီးအစည်းအရုံးအ‌နေဖြင့် စတင်ဖွဲ့ စည်းခဲ့ပြီး‌နောက် ၁၉၈၅ ခုနှစ်တွင် ဖွဲ့စည်းပုံနှင့်တကွ စနစ်တကျ ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။