Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် အခွန်အခမဲ့‌နေရပ်ပြန်နိုင်ခွင့် ဧပြီလ ၅ ရက်တွင် စတင်မည်

မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် အခွန်အခမဲ့‌နေရပ်ပြန်နိုင်ခွင့် ဧပြီလ ၅ ရက်တွင် စတင်မည်

2619

ဧပြီလ ၁ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းသ‌ဘောတူညီချက်များအရ ‌နေရပ်ပြန် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများအတွက် သကြင်္န်ကာလ အတွင်း(Re-entry visa) ဗီဇာဆိုင်ရာ‌ထွေ‌ထွေ ကုန်ကျစရိတ် ကင်းလွတ်ခွင့်ကို ဧပြီလ ၅ရက်မှ စ၍ ၃ဝ ရက်‌နေ့အထိ ထပ် မံရရှိမည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦး‌အောင်မင်းက ‌ပြောသည်။

၎င်းက “ထိုင်းနိုင်ငံရဲ့ လဝက ဥပ‌ဒေအရ ကိုယ့်‌ဒေသကို ပြန်မယ်ဆိုရင်‌တော့ ပြန်လည်ဝင်‌ရောက်ပါမယ်ဆိုတဲ့ တုံး ထု‌ပေး ရတယ်။ အဲ့မှာတုံးထုခက အနည်းဆုံး ဘတ် ၁,၀၀ဝ ‌ပေးရတယ်။ အဲ့အတိုင်းအတာမျိုးမှာ အဲ့လို အကုန်‌ပေးရ မယ်ဆိုရင် တချို့လူ‌တွေဆိုရင် မတတ်နိုင်ဘူး။ မပြန်ရတဲ့ အ‌နေအထားမျိုးမဖြစ်‌အောင် ကျ‌နော်တို့ က ထိုင်းနိုင်ငံအစိုးရကို သကြင်္န် ကာလ ဧပြီ ၅ ရက်က‌နေ ၃ဝရက်‌နေ့အထိ Re-entry ကင်းလွတ်ခွင့်ကို ‌ဖြေ‌လျှော့ ‌ပေးဖို့ ‌တောင်းဆိုထားတာကို ‌ဖြေ‌လျော့ မှု‌တွေ‌ပေးတယ်။ မနှစ်ကလည်း‌ပေးတယ်။ အခုနှစ်လည်း‌ပေးထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ မိမိ‌နေရပ်ပြန်လည်ဝင်‌ရောက်မည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအ‌နေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ မှ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ်တံတား ဝင်‌ပေါက်၊ ထွက်‌ပေါက်ဂိတ်များမှ ပြန်လည်ဝင်‌ရောက်ရန်နှင့် တ ရားမဝင်သည့် နယ်စပ်လမ်း‌ကြောင်းများမှ ပြန်လည်ဝင်‌ရောက်ခြင်းမပြုရန်အပြင် ထိုသို့ပြန်လည်ဝင်‌ရောက်ပါက ထိုင်းနိုင်ငံ၏ တည်ဆဲဥပ‌ဒေအရ အ‌ရေးယူခံရနိုင်‌ကြောင်းလည်း ဦး‌အောင်မင်းက ဆက်‌ပြောသည်။

၎င်းအခမဲ့အိမ်ပြန်တုံး(Re-entry)စနစ် စတင်မည့် သတ်မှတ်ရက်ထက်‌စော၍ပြန်လိုသူများနှင့် သတ်မှတ် ရက် ထက် ‌နောက်ကျပြီးမှ ထိုင်းနိုင်ငံသို့ပြန်ဝင်‌ရောက်လာမည့် သူများအ‌နေဖြင့်လည်း ပုံမှန်အိမ်ပြန်တုံး(Re-entry) ကို ထုရန်လိုအပ်သလို လာမည့် ဧပြီလ (၈)ရက်နှင့် ဧပြီလ(၁၂)ရက်မှ (၁၆)ရက်‌နေ့အထိကို ထိုင်းနိုင်ငံ၏ တရားဝင် ရုံးပိတ် ရက်များအဖြစ်သတ်မှတ်ထား၍ ထိုင်းလူဝင်မှုကြီးကြပ်‌ရေးဌာနများတွင် ဧည့်စာရင်းတိုင်ကြား လိုသူများ၊ ရက်(၉၀)သက်တမ်းတိုးလိုသူများ၊ ဗီဇာသက်တမ်းတိုးလိုသူများအ‌နေဖြင့် ကြိုတင်ပြုလုပ်သွားရန် လည်း အလုပ်သမားသံအရာရှိရုံးမှ မတ်လ ၃ဝရက်‌နေ့က သတိ‌ပေး‌ပြောဆိုထားသည်။

၎င်းအပြင် ‌နေရပ်ပြန်မည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို အကူအညီ‌ပေးရန် အလုပ်သမား သံအရာ ရှိရုံး မှ (ဘန်‌ကောက်-မဲ‌ဆောက် ) လမ်းခရီးအလယ်ဖြစ်သည့် အယုဒ္ဓယမြို့တွင် အလုပ်သမားသံအရာရှိတစ်ဦးကို ထပ်မံတာဝန်ချထား‌ပေးသွားမည်ဖြစ်‌ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ယ‌နေ့ (ဧပြီ ၁ရက်) သတင်းထုတ်ပြန်‌ဖော်ပြထားသည်။

သကြင်္န်ကာလအတွင်း ‌နေရပ် ပြန်မည့်မြန်မာနိုင်ငံသားများအ‌နေဖြင့် စာရွက်စာတမ်းများကို ကိုယ်နှင့် တပါ တည်းပါ‌အောင် ယူ‌ဆောင်သွားကြရန်၊ စာရွက်တမ်းများ တစ်စုံတရာ ‌ပျောက်ဆုံး၊ ပျက်စီးပါက ပြန်လည် ‌လျှောက်ထား‌ဆောင်ရွက်နိုင်ရန်အတွက် အ‌ထောက်အထား စာရွက်စာတမ်းများကို မိတ္တူကူးယူထားခြင်း၊ လက်ကိုင်ဖုန်းများဖြင့် စနစ်တကျ ဓာတ်ပုံရိုက်သိမ်းထားခြင်းအပြင် (လဝက) ထွက်‌ပေါက်၊ ဝင်‌ပေါက် များမှ အထွက်တုံးများအား ဓာတ်ပုံရိုက်သိမ်းထားခြင်းများ‌ဆောင်ရွက်ထားရန်လိုအပ်‌ကြောင်း အလုပ်သမား အ‌ရေး ‌ဆောင်ရွက်သူများက သတိ‌ပေးထားသည်။

လက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို အကူအညီ‌ပေးရန် ‌ဒေဆိုင်ရာ ‌ဒေသအလိုက် အလုပ်သမား သံအရာရှိ (၅)ဦး ခန့်အပ်တာဝန်‌ပေးထားပြီး အလုပ်သမားများအ‌နေဖြင့် ၎င်းတို့၏ ‌နေရပ်ပြန်ခရီးတွင် အခက် အခဲတစ်စုံတရာ‌တွေ့ရှိပါက အဆိုပါ အလုပ် သမားသံအရာရှိများထံ ဆက်သွယ် အကူအညီ ‌တောင်းခံရန်နှင့် တရားဝင် Facebook စာမျက်နှာဖြစ်သည့် LA-Thailand Page မှ တဆင့်လည်း ဆက်သွယ်အကူ အညီ‌တောင်းခံနိုင်‌ကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အခွန်အခမဲ့နှင့်လွတ်လပ်စွာ ‌နေရပ်ပြန်ခွင့်ကို နှစ်နိုင်ငံအစိုးရ၏ ညှိနှိုင်းသ‌ဘောတူညီချက်အရ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က စတင် အခွင့်အ‌ရေး‌ပေးခဲ့ခြင်းဖြစ်သည်။