Home သတင်း အနာဂတ်ပြည်‌ထောင်စု တည်‌ဆောက်ခြင်းဆိုင်ရာ အသိပညာဖလှယ်‌ဆွေး‌နွေးမှုပြုလုပ်

အနာဂတ်ပြည်‌ထောင်စု တည်‌ဆောက်ခြင်းဆိုင်ရာ အသိပညာဖလှယ်‌ဆွေး‌နွေးမှုပြုလုပ်

1814

ဧပြီ ၉ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး

တ‌ကောင်းနိုင်ငံ‌ရေး‌လေ့လာမှုအဖွဲ့မှဦး‌ဆောင်၍ ကရင်အပါအဝင် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများနှင့် အရပ်ဖက်အဖွဲ့ အစည်း လူငယ်‌ခေါင်း‌ဆောင်များ ပါဝင်သည့် အနာဂတ်ပြည်‌ထောင်စု တည်‌ဆောက်ခြင်းဆိုင်ရာ အသိပညာ ဖလှယ်‌ဆွေး ‌နွေးမှုတစ်ခုကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဧပြီလ ၈ရက်နှင့် ၉ ရက်‌နေ့အထိ နှစ်ရက် တာပြုလုပ်ခဲ့သည်။

အနာဂတ်တွင် တည်‌ဆောက်လိုသည့် ပြည်‌ထောင်စုပုံစံအတွက် ဝိုင်းဝန်းစဉ်းစားချက်များရယူ၍ လာမည့် ၂၀၂ဝ ခုနှစ် ‌ရွေး‌ကောက်ပွဲအတွက် တိုင်းရင်းသားပါတီများအ‌နေဖြင့် ပြင်ဆင်မှုပြုနိုင်ရန်နှင့် လက်ရှိဖွဲ့စည်းပုံ ပြင်ဆင်မှု ဆိုင်ရာ နည်းလမ်း‌ကောင်းများ ရရှိနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲကိုဦး‌ဆောင် စီစဉ်သူ ‌စောထွန်းထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လက်ရှိငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲ‌တွေက တန့်‌နေတယ်။ ငြိမ်းချမ်း‌ရေး ပြင်ပက‌နေ တိုင်းပြည်ကို တည်‌ဆောက်ဖို့ လည်း ဘာ ‌တွေ စဉ်းစားဖို့လိုလဲ။ ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေး ကိစ္စရပ်‌တွေလည်း ပြန်ကျလာတယ်။ အဲ့ဒီဟာ‌တွေကို ဘယ်လို မျိုးစဉ်းစားဖို့ လိုသလဲဆိုတဲ့ဟာကို ပြီးရင်မတူကွဲပြားမှုများတဲ့ တိုင်းပြည်မှာ ဒီဟာ‌တွေကို စဉ်းစားပြီး‌တော့မှ ပြင်ပက‌နေ ဒီ တိုင်းပြည်ကို တည်‌ဆောက်တဲ့အခါမှာ တခြား‌သောနည်းလမ်း‌တွေလည်း အများကြီးရှိ‌သေးတယ်ဆိုတဲ့အရာကို ပိုပြီး‌တော့မှ အား‌ကောင်းလာ‌စေတာ‌ကြောင့် ဒီလို အစီအစဉ်‌တွေက ပိုပြီး‌တော့လုပ်သင့်တယ်” ဟု ‌ပြောသည်။

အဆိုပါ အသိပညာ‌ဆွေး‌နွေးဖလှယ်မှုကို ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP၊ ကရင်ပြည်သူ့ပါတီ-KPP၊ ကရင် အမျိုးသားပါတီ-KNPမှ လူငယ်ကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်အ‌ခြေစိုက် အရပ်ဖက်လူမှုအဖွဲ့အစည်း-CSOမှ လူငယ် ကိုယ်စားလှယ်များ၊ လူငယ်‌ကော်မတီမှ ကိုယ်စားလှယ်များ၊ ပအိုဝ်း၊ ရှမ်း၊ မွန်စသည့် ပါတီနှင့် အရပ်ဖက်လူငယ်‌ခေါင်း ‌ဆောင်များ ပါဝင်တက်‌ရောက်ခဲ့သည်။

နှစ်ရက်တာပြုလုပ်သည့် ၎င်းအစီအစဉ်၏ ပထမ‌နေ့တွင် နိုင်ငံ‌တော်နှင့်သက်ဆိုင်သည့် အမျိုးသားသွင်ပြင် လက္ခဏာတည် ‌ဆောက်ခြင်း၊ နိုင်ငံတည်‌ဆောက်ခြင်းဆိုင်ရာ အ‌ခြေခံစဉ်းစားရမည့်အချက်များနှင့် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ အသိ ပညာ ဖလှယ်ခြင်းများကို ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့သည်။

‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်‌ဆွေး‌နွေးသူ တ‌ကောင်းနိုင်ငံ‌ရေး‌လေ့လာမှုအဖွဲ့၏ ဘုတ်အဖွဲ့ဝင် ဝင်းညီညီ‌ဇော်က “ဖက်ဒရယ်ပြည် ‌ထောင်စုကို‌တော့ တည်‌ဆောက်တယ်။ ဒါ‌ပေမဲ့ တည်‌ဆောက်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုမှာ လူမျိုးတစ်မျိုးပဲ၊ ယဉ်‌ကျေးမှု တစ်ခုပဲ ဘာသာတရားတစ်ခုရဲ့ တန်ဖိုး‌တွေအ‌ပေါ်မှာ တည်‌ဆောက်တာမျိုး စရိုက်လက္ခဏာမျိုးမှာတည်‌ဆောက်တာမျိုး ထက်စာရင် ဒီပြည်‌ထောင်စု တစ်ခုလုံးမှာ‌နေထိုင်တဲ့ တိုင်းရင်းသား‌တွေ ဘာသာမတူတဲ့သူ‌တွေနဲ့ လူငယ်မျိုးစုအငယ် ‌တွေ‌ကော သူတို့ရဲ့ ယဉ်‌ကျေးမှု‌ရော စရိုက်လက္ခဏာ အားလုံးပါဝင်တဲ့ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ စရိုက်လက္ခဏာတစ်ခုက လိုအပ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖက်ဒရယ်စနစ်သည် တိုင်းပြည်အတွက် သမိုင်းဆိုင်ရာနှင့် လတ်တ‌လော လိုအပ်ချက်၊ အနာဂတ်နိုင်ငံ‌ရေး လိုအပ်ချက်အတွက်ပါ မရှိမဖြစ် စဉ်းစားရမည့် နိုင်ငံ‌ရေး မူ‌ဘောင် တစ်ခုဖြစ်ပြီး နိုင်ငံတွင်း ‌ရှောင်လွဲလို့မရသည့် နိုင်ငံ‌ရေးဖြစ်စဉ်တစ်ခုဖြစ်သလို ဖက်ဒရယ်စနစ်ကို သွားနိုင်ရန်အ‌ခြေခံအုတ်မြစ်ဖြစ်သည့် ဒီမိုက‌ရေစီစနစ်ထွန်း ကာရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေး ပြဿနာမှာ တိုင်းရင်းသားအ‌ရေးနှင့်ဒီမိုက‌ရေစီအ‌ရေးသည် ဒွန်တွဲ ‌ဖြေရှင်းရမည့် ပြဿနာဖြစ်သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

အလားတူ အသိပညာ‌ဆွေး‌နွေးဖလှယ်မှုကို ပြီးခဲ့သည့်လများက ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်‌ကော်မြို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကာ ‌ရှေ့ဆက်၍ ကချင်၊ ရခိုင်၊ မွန်၊ ရှမ်း ‌ဒေသတို့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ‌ဆွေး‌နွေးဖလှယ်မှုများပြီးစီးသွားပါက ‌နောက်ဆုံး‌တွေ့ဆုံမည့် ညီလာခံ အစီအစဉ်ကိုလည်း ပြုလုပ်သွားမည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။